backup og meta

အသည်းရောင် အသားဝါ စီပိုးနဲ့ပတ်သက်ပြီး ဘာတွေ မှားသိထားလဲ

အသည်းရောင် အသားဝါ ဗိုင်းရပ်စ်တွေမှာ A၊ B၊ C၊ D၊ E ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ ဗိုင်းရပ်စ် တစ်မျိုးချင်းစီအလိုက် ရောဂါပြင်းထန်မှုတော့ ကွာခြားနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အသည်းရောင် အသားဝါ စီပိုးနဲ့ပတ်သက်ပြီး ဘာတွေ မှားသိထားလဲ။ သိထားတဲ့အချက်တွေမှာ ဘယ်အချက်တွေက မှန်လို့ ဘယ်အချက်တွေက မှားနေလဲဆိုတာကို သိရှိနိုင်စေဖို့ တင်ပြပေးလိုက်ပါတယ်။

အသည်းရောင် အသားဝါ စီပိုး ဆိုတာ

အသည်းရောင် အသားဝါ စီပိုး ဆိုတာ အသည်းရောင် အသားဝါ ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ အသည်းကင်ဆာ ဖြစ်စေနိုင်တဲ့အထိ ပြင်းထန်တဲ့ အသည်းရောင် အသားဝါ ဗိုင်းရပ်စ် တစ်မျိုးပေါ့။

အသည်းရောင်အသားဝါ စီပိုး က ကူးစက်ပျံ့နှံ့လွယ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး  လူတစ်ယောက်ကနေ တစ်ယောက်ကို သွေးကတဆင့် အဓိက ကူးစက်ပါတယ်။ ဒါ့အပြင် အသည်းရောင်အသားဝါစီပိုးက ပတ်ဝန်းကျင် အခြေအနေကို လိုက်ပြီး ခန္ဓာကိုယ်အပြင်ဘက်မှာ ရှင်သန်နိုင်ချိန် ကွာခြားပါသေးတယ်။

လေ့လာမှုအရတော့ အသည်းရောင်အသားဝါစီပိုးက ပတ်ဝန်းကျင်အပူချိန် အပူချိန် ၃၉.၂ ဒီဂရီဖာရင်ဟိုက် (၄ ဒီဂရီစင်တီဂရိတ်) နဲ့ ၇၁.၆ ဒီဂရီဖာရင်ဟိုက် (၂၂ ဒီဂရီစင်တီဂရိတ်) အတွင်းမှာ ၆ နာရီအထိ ရှင်သန်နေနိုင်တယ်လို့ သိရပါတယ်။

ဗိုင်းရပ်စ်ပိုးရှိနေတဲ့ သွေးက စားပွဲ၊ ထိုင်ခုံတို့လိုမျိုး မျက်နှာပြင် တစ်ခုခု ပေါ်မှာ ပေကျံနေမယ်ဆိုရင်လည်း သွေးနဲ့ထိတွေ့မိသူကို ရောဂါကူးစက်နိုင်ပါတယ်။ သွေးပမာဏများလေ ကူးစက်နိုင်ခြေ များလေလေပါပဲ။

နောက်တစ်ချက်က အသည်းရောင်အသားဝါ စီပိုးက ဆေးထိုးအပ်တွေထဲမှာ အချိန်ကြာကြာ ရှင်သန်နေနိုင်တာပါ။ ဆေးထိုးအပ် အသေးစားတွေထဲမှာ ၆၃ ရက်အထိ အသက်ရှင်နေနိုင်စွမ်းရှိပြီး ပိုကြီးတဲ့ ဆေးထိုးအပ်တွေထဲမှာဆိုရင်တော့ ဒီထက်တောင် အချိန်ကြာကြာ ရှင်သန်နေနိုင်ပါတယ်။

အသည်းရောင် အသားဝါ စီပိုးနဲ့ပတ်သက်ပြီး ဘာတွေ မှားသိထားလဲ

အသည်းရောင် အသားဝါ စီပိုးနဲ့ပတ်သက်ပြီး ဘာတွေ မှားသိထားလဲ

အသည်းရောင် အသားဝါ စီပိုးနဲ့ပတ်သက်ပြီး ဘာတွေ မှားသိထားလဲ …… ဆိုတာကို အတူတူ ဆန်းစစ်ကြည့်လိုက်ရအောင်နော်။

Myth -1 ….. အသည်းရောင် အသားဝါ စီပိုးက ကူးစက်ခံထားရပြီဆိုရင် လက္ခဏာပေါ်တယ်

အသည်းရောင် အသားဝါ စီပိုး ကူးစက်ခံထားရသူတိုင်းမှာ လက္ခဏာပေါ်တယ်တော့ မဟုတ်ပါဘူး။ စီပိုး ကူးစက်ခံရသူတွေရဲ့ ၂၀% ကနေ ၃၀%  လောက်မှာပဲ ကူးစက်ခံရပြီး သိပ်မကြာခင်မှာ လက္ခဏာ ပြတာပါ။ လက္ခဏာတွေအနေနဲ့ကတော့ ပင်ပန်းလွယ်တာ၊ ဗိုက်အောင့်တာလိုမျိုး လက္ခဏာတွေ ပြတတ်ပါတယ်။ အရမ်းပြင်းထန်တဲ့ လက္ခဏာမျိုးတော့ မဟုတ်ပါဘူး။

တချို့ကလည်း အလိုလိုပျောက်သွားတတ်ပါတယ်။ တချို့ကလည်း နာတာရှည် အသည်းရောင်ဖြစ်ပြီး  အသည်းခြောက်တာ၊ အသည်းကင်ဆာ နဲ့ ကျောက်ကပ်ထိခိုက်တာလိုမျိုး ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒီအခြေအနေရောက်လို့ ဆေးစစ်ရာကနေမှ စီပိုး ကူးစက်ခံထားရတယ်ဆိုတာကို သိရတာ ပိုများပါတယ်။

Myth -2 ….. အသည်းရောင် အသားဝါ စီပိုး အတွက် ထိရောက်တဲ့ ကုထုံး မရှိဘူး

ဒီအယူအဆက အရင်ကာလတွေတုန်းကတော့ မှန်ပါတယ်။ အခုတော့ ဆေးပညာတွေ တိုးတက်လာတာကြောင့် အသည်းရောင် အသားဝါ စီပိုးကို ထိထိရောက်ရောက် တိုက်ဖျက်ပေးနိုင်တဲ့ ဆေးဝါးတွေ ကုထုံးတွေ ရှိလာခဲ့ပါပြီ။ နောက်ထပ် သတင်းကောင်းတစ်ခုကတော့ အခုနောက်ပိုင်း ထွက်ရှိလာတဲ့ ဆေးဝါးတွေနဲ့ ကုထုံးတွေက ဘေးထွက်ဆိုးကျိုး နည်းလာတယ်ဆိုတာပါ။

Myth -3 ….. အသည်းရောင် အသားဝါ စီပိုးက လိင်ဆက်ဆံမှုကနေ အဓိက ကူးစက်တယ်

အကာအကွယ်မဲ့ လိင်ဆက်ဆံမှုက အသည်းရောင် အသားဝါ စီပိုးကို ကူးစက်စေနိုင်တယ်ဆိုပေမယ့် စီပိုးဟာ လိင်ဆက်ဆံမှုကနေပဲ ကူးစက်တယ်တော့ မဟုတ်ပါဘူး။ စီပိုးဟာ ရောဂါပိုးရှိနေတဲ့သွေး၊ ရောဂါပိုးရှိနေတဲ့သွေး ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေကနေ တဆင့် ကူးစက်တာပါ။

လိင်အင်္ဂါတဝိုက် ပေါက်ပြဲဒဏ်ရာရှိတာ၊ အတူနေစဉ် ထိခိုက်ပွန်းပဲ့တာကနေ သွေးထွက်တာ၊ စအိုနဲ့ ဆက်ဆံတာ၊ ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံတာတွေကြောင့် ကူးစက်နိုင်ခြေ ပိုများပါတယ်။

ကိုယ်ရဲ့ အိမ်ထောင်ဖက် တစ်ဦိးနဲ့သာ အတူနေမယ်။ အကာအကွယ်သုံးမယ်။ ရာသီလာနေစဉ် နဲ့ လိင်အင်္ဂါတဝိုက် ထိခိုက်ပွန်းပဲ့ထားတာမျိုးတွေ ရှိနေချိန်မှာ အတူမနေဘူးဆိုရင် လိင်ဆက်ဆံမှုကြောင့် စီပိုး ကူးစက်ခံရနိုင်ခြေကို လျှော့ချပေးနိုင်မှာပါ။

Myth -4 ….. အသည်းရောင် အသားဝါ စီပိုးက ထိတွေ့မှုတွေကနေတဆင့် ကူးစက်တယ်

အသည်းရောင် အသားဝါ စီပိုးက ပွေ့ဖက်တာ၊ နမ်းတာ၊ ကိုင်တွယ်ထိတွေ့တာတွေကနေတဆင့် မကူးစက်သလို ချောင်းဆိုးတာ၊ အစားအစာတွေ အတူတူ မျှစားတာ၊ မျက်မှန်တွေကနေတဆင့် ကူးစက်တာမျိုး မရှိပါဘူး။

သွေးကနေတဆင့်ပဲ အဓိကကူးစက်တာဖြစ်တာကြောင့် ဆေးထိုးအပ်တွေကိုလိုမျိုး အရေပြားကို ဖောက်ရတဲ့ အရာတွေကနေတော့ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် အသည်းရောင် စီပိုးရှိသူအတွက် မုတ်ဆိတ်ရိတ်ဓား၊ လက်သည်းညှပ်၊ သွားပွတ်တံ အပါအဝင် တစ်ကိုယ်ရေသုံးပစ္စည်းတွေကို သီးသန့်ထားပေးတာကတော့ အကောင်းဆုံး ဖြစ်မှာပါ။

Myth – 5 ….. အသည်းရောင် အသားဝါ စီပိုးက သူ့အလိုလို ပျောက်သွားတတ်တယ်

ကူးစက်တတ်တဲ့ ရောဂါပိုး တော်တော်များများကို ခန္ဓာကိုယ်က တိုက်ထုတ်ပေမယ့် နိုင်အောင်တိုက်ထုတ်နိုင်ဖို့ ခက်ပါတယ်။ အသည်းရောင်အသားဝါစီပိုး ကူးစက်ခံရတဲ့ လူတချို့က လပိုင်းအတွင်းမှာ ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ ၇၅ကနေ ၈၅ ရာခိုင်နှုန်းကတော့ နာတာရှည်အသားရောင်ရောဂါအဆင့်ကို ရောက်သွားတတ်ပါတယ်၊၊

ဒီကနေမှ မကုသဘူးဆိုရင် အသည်းခြောက်တာ၊ အသည်းကင်ဆာ၊ အသည်းပျက်စီးတာအထိ အဆင့်တက်သွားနိုင်ပါတယ်၊၊

Myth -6 ….. အသည်းရောင် အသားဝါ စီပိုးက အသည်းကိုပဲ ထိခိုက်စေတာပါ

အသည်းရောင် အသားဝါ စီပိုးက အသည်းကိုပဲ ထိခိုက်စေတာ မဟုတ်ပါဘူး။ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကြွက်သားတွေနဲ့ အဆစ်တွေကို ထိခိုက်စေတာကြောင့် အဆစ်ရောင်တာလိုမျိုး ကျန်းမာရေး ပြဿနာကို ခံစားရစေနိုင်သလို ဆီးချို၊ ခြေကုန်လက်ပမ်းကျတာ၊ lymphoma (သွေးကင်ဆာ တစ်မျိုး)၊ အရေပြားပြဿနာတွေ အပါအဝင် ကျန်းမာရေး ပြဿနာ တော်တော်များများကို ခံစားရနိုင်ပါတယ်။

Myth -7 …… အသည်းရောင် အသားဝါစီပိုးအတွက် ကာကွယ်ဆေးရှိတယ်၊၊

ခုချိန်ထိတော့ အသည်းရောင်အသားဝါစီပိုးအတွက် ကာကွယ်ဆေး မရှိသေးပါဘူး၊၊ အသည်းရောင် အသားဝါ အေနဲ့ ဘီအတွက်သာ ရှိပြီး ဒါတွေကလည်း ထိုးထားသင့်တဲ့ ကာကွယ်ဆေးတွေပဲ ဖြစ်ပါတယ်၊၊

ဒါကြောင့် အသည်းရောင်အသားဝါစီပိုးကို ကာကွယ်ဖို့အတွက် စိတ်မချရတဲ့နေရာက တက်တူးတွေ ထိုးတာ၊ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ ဖြစ်တဲ့ မုတ်ဆိတ်ရိတ်ဓားတွေ၊ သွားတိုက်တံတွေကို မျှဝေသုံးစွဲတာမျိုးကို ဆင်ခြင်သင့်ပါတယ်၊၊

ကဲ …… ကိုယ်တိုင်ရော သိထားတာတွေ မှန်ရဲ့လား ………..

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Common Hepatitis C Myths https://liverwell.org.au/liver-conditions/hepatitis-c/common-myths/ Accessed Date 5 May 2022

Medical Myths: All about hepatitis https://www.medicalnewstoday.com/articles/medical-myths-all-about-hepatitis Accessed Date 5 May 2022

7 Myths About Hepatitis C https://www.everydayhealth.com/hs/hepatitis-c-living-well/hepatitis-c-fact-fiction/ Accessed Date 5 May 2022

ယခုပုံစံ

15/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေတွေနဲ့ အသည်းရောင် အသားဝါရောဂါ

အသည်းရောင် အသားဝါ C ပိုးရှိနေတဲ့သူတစ်ယောက် ဘယ်လိုဆက်ပြီး ကျန်းမာအောင် နေထိုင်ရမလဲ ။ ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement