backup og meta

ကော်လာဂျင်က ဘေးထွက်ဆိုးကျိုး ရှိလား......

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကော်လာဂျင်က ဘေးထွက်ဆိုးကျိုး ရှိလား......

    အသားလှအောင်၊ အသားအရေ တင်းရင်းအောင်၊ အရေးအကြောင်း ကင်းအောင်၊ အသားအရေလေး glow အောင်ကြွက်သားတက်အောင်၊ အရိုးအဆစ်နဲ့ အရွတ်တွေ ကျန်းမာအောင်ဆိုပြီး အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့် သောက်နေကြတဲ့ ကော်လာဂျင် က ကောင်းကျိုးတွေပဲ ရှိတာလား။ ကော်လာဂျင်က ဘေးထွက်ဆိုးကျိုး ရှိလား လို့ သိချင်နေတဲ့သူတွေများ ရှိလား ……

    ဒါဆိုရင်တော့ သိချင်နေတဲ့ အဖြေလေးကို သိရဖို့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။

    ကော်လာဂျင်ဆိုတာ

    ကော်လာဂျင်ဆိုတာက အရွယ်တင်နုပျိုစေပြီး လှပနေစေတဲ့ ပရိုတင်းတစ်မျိုးပေါ့။ အလှအပအတွက် အားဖြည့်ပေးနေတဲ့ ဇာတ်ကောင်လေးဆိုလည်း မမှားပါဘူး။ ခန္ဓာကိုယ်မှာရှိနေတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး အရေပြား၊ အရိုး၊ ကြွက်သား၊ အရိုးနု၊အရွတ်၊သွေးကြောနဲ့ အူမကြီးတွေမှာရှိတဲ့ တွယ်ဆက်တစ်ရှူးတွေကို အားဖြည့်ပေးထားပါတယ်။

    ကော်လာဂျင်က ဘေးထွက်ဆိုးကျိုး ရှိလား……

    ကော်လာဂျင်က ကောင်းကျိုးတွေ များတယ်ဆိုပေမယ့် အခုလို ဘေးထွက်ဆိုးကျိုးတွေလည်း ခံစားရနိုင်ပါတယ်။

    လေပွစေနိုင်တယ်

    အချို့သောသူတွေမှာ ကော်လာဂျင် သောက်တာကြောင့် လေထိုးလေပွတာမျိုး ခံစားရနိုင်သလို ဗိုက်ပြည့်နေသလိုလည်း ခံစားရနိုင်ပါတယ်။ အကြောင်းကတော့ အစာအိမ် အက်ဆစ်က ကော်လာဂျင်ကို ချေဖျက်နေရတာကြောင့် လေပွတာမျိုး ခံစားရနိုင်ပါတယ်။ ဗိုက်တစ်ချိန်လုံး ပြည့်နေသလို ခံစားရနိုင်ပါတယ်။

    ဓာတ်မတည့်မှု ဖြစ်စေနိုင်တယ်

    အစားအစာ ဓာတ်မတည့်မှု ဖြစ်တတ်သူတွေအနေနဲ့ ကော်လာဂျင် သောက်တဲ့အခါ ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ်။ ကော်လာဂျင်တွေက ပင်လယ်ထွက်ကုန်တွေ၊ ဥအမျိုးမျိုး စတာတွေကနေ ထုတ်ထားတာ ဖြစ်တာကြောင့် ပင်လယ်စာတွေ၊ ဥအမျိုးမျိုးတွေနဲ့ ဓာတ်မတည့်သူတွေမှာ ကော်လာဂျင်ကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ်။

    သိပ်မပြင်းထန်တဲ့ အခြေအနေမျိုးကနေ အရမ်းပြင်းထန်တာမျိုးအထိ ခံစားရနိုင်ပါတယ်။

    ကော်လာဂျင်က ဘေးထွက်ဆိုးကျိုး ရှိလား......

    ဝမ်းပျက်ဝမ်းလျှောဖြစ်မယ်

    ကော်လာဂျင် သောက်ပြီးပြီးချင်း ရေအိမ်ပြေးရတာမျိုး ကြုံဖူးလား။ ဒါဆိုရင်တော့ ခံစားရတဲ့ ဝမ်းပျက်ဝမ်းလျှော ပြဿနာက ကော်လာဂျင်ကြောင့်ဆိုတာ သေချာပါတယ်။

    ဝမ်းပျက်တာက ကော်လာဂျင် သောက်တာကြောင့် ခံစားရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေထဲက တစ်ခုပါ။

    ဝမ်းချုပ်မယ်

    အရင်က တစ်နေ့တစ်ခေါက်လောက်တော့ ပုံမှန် ဝမ်းသွားပါရဲ့။ ကော်လာဂျင် သောက်ပြီးမှ ဝမ်းချုပ်သလို ခံစားနေရပြီဆိုရင်တော့ ကော်လာဂျင်ရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ ဝမ်းချုပ်တာကို ခံစားရတာပါ။

    ပရိုတင်းတွေကို အများကြီး စားမိပြီး အမျှင်ဓာတ် နဲ့ ရေဓာတ် မပြည့်ဝတဲ့အခါ ဝမ်းချုပ်တာကို ခံစားရတာပါ။ ဒါကြောင့် ကော်လာဂျင် သောက်ပြီးတဲ့အခါ ရေများများ သောက်ဖို့ လိုတယ်လို့ အကြံပြုကြတာပါ။

    ကယ်လ်ဆီယမ် ပမာဏ များမယ်

    ကော်လာဂျင် အမျိုးအစား အချို့က သတ္တဝါတွေရဲ့ အရိုးနုကနေ ထုတ်လုပ်ထားတာ ဖြစ်တာကြောင့် ကယ်လ်ဆီယမ် ပါဝင်မှု များပါတယ်။ ကယ်လ်ဆီယမ်က ခန္ဓာကိုယ်က အရိုးနဲ့ သွားတွေ ကြံ့ခိုင်စေဖို့ လိုအပ်တယ်ဆိုပေမယ့် ကယ်လ်ဆီယမ် အရမ်းများရင်တော့ ဘေးထွက် ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။

    ခန္ဓာကိုယ်ထဲမှာ ကယ်လ်ဆီယမ် များတာက ဝမ်းချုပ်တာ၊ အရိုးနာတာ၊ ခြေကုန်လက်ပမ်းကျတာ၊ နှလုံးခုန်နှုန်း မမှန်တာ အပါအဝင် အခြားသော ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

    ဒါကြောင့် ကော်လာဂျင် သောက်တဲ့အခါ ကယ်လ်ဆီယမ် အားဖြည့်ဆေးတွေ အလွန်အကျွံမသောက်ဖို့ လိုပါမယ်။

    ကော်လာဂျင်က များသောအားဖြင့်တော့ စိတ်ချရပါတယ်။ ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ခံစားရတာတော့ မဟုတ်ပါဘူး။ လူတချို့မှာတော့ ဖြစ်တတ်ပါတယ်။ Collagen supplementတွေကို ရေရှည်သောက်သင့်လား၊ ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင်လဲဆိုတာနဲ့ ပတ်သက်ပြီးတော့ လေ့လာနေဆဲဖြစ်ပါတယ်။ ဒါကြောင့် အစားအသောက်ကရတဲ့ ကော်လာဂျင်ကို ဦးစားပေးစားဖို့ အားဆေး‌အနေနဲ့ သောက်မယ်ဆိုရင် ဆေးညွှန်းအတိုင်း သောက်ဖို့ အရေးကြီးပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 12/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement