home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေ ကျန်းမာနေစေဖို့

အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေ ကျန်းမာနေစေဖို့

ပြောင်းလဲလာတဲ့နေထိုင်စားသောက်မှုပုံစံတွေကြောင့်မြန်မာနိုင်ငံမှာလည်း အသည်းရောဂါခံစားရသူဦးရေဟာ တစ်နှစ်ထက်တစ်နှစ်ပိုများလို့လာပါတယ်။ အသည်းရောဂါတွေထဲမှာမှ အဖြစ်များတဲ့ အသည်းရောင် အသားဝါ ဘီပိုးကူစက်ခံထားရသူတွေအနေနဲ့ ကျန်းမာနေစေဖို့ ဘာတွေကိုဂရုစိုက်ဖို့လိုမလဲဆိုတာကို ဒီဆောင်းပါးေးလကနေတဆင့်ပြောပြပေးပါရစေ။

အသည်းရောင် အသားဝါ ဘီပိုး ဆိုတာဘာလဲ…..

ရောဂါပိုးကူးစက်ခံထားရသူရဲ့သွေးနဲ့ထိတွေ့မိတာ၊ မျိုးပွားအင်္ဂါကထွက်တဲ့အရည် ၊ သုက်ပိုးနဲ့ထိတွေ့မိတာတွေကြောင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံရတဲ့အခါအသည်းမှာ အမာရွတ်ဖြစ်တာ၊ အသည်းလုပ်ဆောင်ရည်ကျဆင်းသွားတာ၊ အသည်းကင်ဆြာဖစ်တာတွေခံစားရနိုင်ပါတယ်။ သေချာမကုသဘဲထားမယ်ဆိုရင် အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့သွေးနဲ့ထိတွေ့မိတာ၊ အနာပေါက်ရှိနေပြီး အနာကနေတဆင့်ရောဂါပိုး ကူးစက်ဝင်ရောက်တာ၊ ခန္ဓါကိုယ်ကထွက်တဲ့အရည်တွေနဲ့ထိတွေ့မိတာကြောင့် ကူးစက်ခံရနိုင်ပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ…

အသည်းရောင် အသားဝါ ဘီပိုးကူးစက်ခံရတဲ့အခါ

  • အသားဝါမယ်၊ မျက်လုံးအဖြူသားတွေဝါလာမယ်။
  • ဝမ်းအရောင်ဖျော့ဖျော့တွေသွားမယ်
  • အဖျားတက်မယ်
  • ရက်ရှည်လများ ပင်းပန်းနုံးချိသလိုခံစားနေရမယ်
  • အစားစားချင်စိတ်မရှိဖြစ်မယ်၊ အော့အန်မယ်
  • ဗိုက်ထဲကအောင့်မယ်။ စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

ကျန်းမာနေစေဖို့ ဘယ်လိုနေထိုင်မလဲ………

အသည်းရောင် အသားဝါ ဘီပိုးရှိနေပေမယ့်လည်း ကျန်းမာနေစေဖို့ဆိုရင်

  • ဆရာဝန်နဲ့ ပုံမှန်ပြသပြီး လိုအပ်တဲ့ ကုသမှုခံယူပေးပါ။
  • အရက်လျှော့သောက်ပါ။
  • ဆေးလိပ်ဖြတ်ပါ။
  • သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်များများစားပေးပါ။
  • အသားစိမ်း၊ ငါးစိမ်းတွေရှောင်ပါ။
  • ကျက်အောင်ချက်ထားတဲ့ အစားအစာတွေကိုပဲစားပါ။
  • အချိုစာတွေလျှော့စားပါ။
  • အဆီစားတာကိုလျှော့ချပါ။
  • ပင်လယ်စာတွေလျှော့စားပါ။
  • မလိုအပ်ဘဲဆေးတွေမသောက်ပါနဲ့။
  • ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေကိုရှောင်ပါ။
  • စားသုံးမယ့်အစားအစာတွေမျာ မှိုတွေရှိမနေစေဖို့ ဂရုစိုက်ပေးပါ။
  • ပရိုတင်းပြည့်ဝအောင်စားပါ။
  • လက်ဖက်စိမ်းရေနွေးကြမ်း သောက်ပါ။
  • အစားအစာကို ချင့်ချိန်စားသုံးပါ။
  • အမျှင်ဓါတ်ကြွယ်ဝအောင်စားသုံးပေးပါ။
  • အနံ့ပြင်းတဲ့ အိမ်သန့်ရှင်းရေးသုံး ပစ္စည်းတွေကိုရှောင်ပါ။
  • တဆင့်ခံဆေးလိပ်ငွေ့ကိုရှောင်ပါ။
  • ငါးစားသုံးပေးပါ။
  • လေ့ကျင့်ခန်းလုပ်ပါ။
  • စိတ်ဖိစီးမှုလျှော့ပါ။
  • ပြည့်ပြည့်ဝဝအနားယူပါ။
  • ဆီကြော်စာ တွေမစားပါနဲ့။

ဘာတွေစားရမလဲ………

အသည်းရောင် အသားဝါ ဘီရောဂါပိုးရှိသူတွေအနေနဲ့ ခန္ဓါကိုယ်မှာ အာဟာရပြည့်ပြီး ကျန်းမာနေစေဖို့အတွက်

ဒါတွေအပြင် အမြဲမပြတ်သတိထားရမှာကနေ့စဉ်နဲ့အမျှ ကိုယ်ရှုသွင်းသမျှ၊သောက်သမျှ၊ စားသမျှအားလုံးကို အရေပြားကနေဆင့် အသည်း ကစုပ်ယူသန့်စင်ပေးနေတယ်ဆိုတာကိုပါ။ ဒါကြောင့် ကျန်းမာနေစေဖို့ ခန္ဓါကိုယ်အတွက်အရေးပါတဲ့ အသည်းကိုသေချာလေးဂရုစိုက်စေချင်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Healthy Liver Tipshttps://www.hepb.org/treatment-and-management/adults-with-hepatitis-b/healthy-liver-tips/ Accessed Date 30 August 2019

Nutrition and Exercise and Hepatitis Bhttps://www.hepmag.com/basics/hepatitis-b-basics/nutrition-exercise-hepatitis-bAccessed Date 30 August 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 10/12/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။