backup og meta

အသည်းကင်ဆာပြီးနောက် အစာစားချင်စိတ်ကို ဘယ်လို မြင့်တင်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းကင်ဆာပြီးနောက် အစာစားချင်စိတ်ကို ဘယ်လို မြင့်တင်မလဲ

    အသည်းကင်ဆာကုသမှု ပြီးနောက် သို့မဟုတ် ကုသနေ စဉ်အတွင်း အစာစားချင်စိတ် ဆုံးရှုံးခြင်းမှာ ပုံမှန်ဖြစ်သည်။ သို့သော် အရေးကြီးသော အချက်မှာ သင်သည် အာဟာရ စားသုံးမှုကို ထိန်းသိမ်းထားရန် ဖြစ်သည်။ ကျန်းမာရေးနှင့် ညီညွတ်စွာစားခြင်းသည် ခန္ဓါကိုယ်အား ပြန်လည်ကောင်း မွန်စေရန်နှင့် ဘေးထွက်ဆိုးကျိုးများ နည်းစေရန် ကူညီပေး သည်။

    ကယ်လိုရီ လုံလောက်စွာ စားခြင်းသည် ကိုယ်အလေး ချိန်ကျခြင်းကို ကာကွယ်ပေးရုံသာမက ကုသမှု ဒဏ်ခံနိုင်ရန် လည်း ကူညီပေးသည်။ အသည်းကင်ဆာ ကုသမှုပြီးနောက် အစာစားချင်စိတ် ဆုံးရှုံးမှုကို တွန်းလှန်နိုင်ရန် အောက်ပါ နည်းလမ်းများမှ အကူအညီရယူပါ။

    ၁။ ရေဓါတ်ခန်းခြောက်မှု မဖြစ်ပါစေနှင့်။

    ရေဓါတ်ခန်းခြောက်ခြင်းသည် ဓါတုကုထုံးဖြင့် ကုသမှု ခံယူနေသော ကင်ဆာလူနာများတွင် အလွန် အဖြစ်များ သည်။ ပါးစပ်ခြောက်ခြင်း၊ အစာ မျိုချရခက်ခြင်း၊ မောပန်း နွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ အားနည်းခြင်း၊ ဝမ်းချုပ်ခြင်းတို့ ဖြစ် နိုင်သည်။ ထိုလက္ခဏာများသည် အစာစားခြင်းကို ခက်ခဲစေ ပြီး အစာစားချင်စိတ်ကို ထိခိုက်စေသည်။

    ထို့ကြောင့် တစ်နေ့ တွင် အနည်းဆုံး အရည် ၂လီတာ သောက်သုံးရန် လိုအပ်သည်။ ရေ၊ သစ်သီးဖျော်ရည် သို့မဟုတ် ရေခဲခြစ် စသည်တို့ သောက်နိုင်သည်။ ၎င်းတို့သည် ကင်ဆာလူနာ များကို ရေဓါတ်ပြည့်ဝရန် ထိရောက်စွာ ကူညီနိုင်သည်။

    ၂။ ပရိုတိန်း လုံလောက်စွာစားပါ။

    လေ့လာမှုများအရ ကင်ဆာလူနာများသည် ခွန်အား ရှိရန်၊ ကင်ဆာကုသမှုကို ခံနိုင်ရန် ပရိုတိန်း လုံလောက်စွာ စားရန် လိုသည်။ အသား၊ ငါး၊ ဥ စသော ပရိုတိန်းပါသော အစားများ စားရန် အခက်အခဲရှိပါက သင်သည် ရေခဲမုန့်၊ နို့ဖျော်ရည် သို့မဟုတ် ဒိန်ခဲပျော့၊ ဒိန်ချဉ် စသော ပရိုတိန်းကြွယ်ဝသော အစာများ စားသင့်သည်။

    ၃။ နူးညံ့သော အစိုင်အခဲ အစာများကို စားပါ။

    ကင်ဆာလူနာများသည် ကောက်ပဲသီးနှံအခြောက်၊ ပေါင် မုန့်မီးကင် နှင့် မုန့်ကြွပ်များ စသော နူးညံ့သော အစိုင်အခဲ အစာများကို အနံ့အရသာ ပိုပါသော အစာများထက် ချေဖျက်ရန် ပို၍ လွယ်ကူသည်။ gelatin ပါသော မုန့်ပဲသရေ စာများ၊ ငှက်ပျောသီး သို့မဟုတ် ထမင်း တို့သည် အသည်း ကင်ဆာ လူနာများအတွက် အစာချေရန်လွယ်ကူသည်။

    ၄။ လေ့ကျင့်ခန်း ပိုလုပ်ပါ။

    အစာမစားမီ ၁၀-၁၅ မိနစ်လောက် ပေါ့ပါးသော လေ့ကျင့် ခန်း အချို့စလုပ်ပါက သင်၏ အစာစားချင်စိတ်ကို ထိရောက် စွာ ကောင်းမွန်တိုးတက်စေသည်။ လေ့ကျင့်ခန်းလုပ်ခြင်း သင်၏ အလုံးစုံကျန်းမာရေးကို ကောင်းစေသည်။ အစာစား ချင်စိတ်ကို ကောင်းမွန်စေပြီး စိတ်နေစိတ်ထားကို မြင့်တက် စေသည်။

    ၅။ အစားအစာများကို နှစ်သက်ဖွယ်ကောင်းစွာ ပြင်ဆင်ပါ။

    အစာ စားချိန်တွင် သင်နှစ်သက်သော သီချင်းကို ဖွင့်ထား ခြင်း၊ သူငယ်ချင်းကောင်းများ သို့မဟုတ် မိသားစုဝင်များနှင့် အတူ စားခြင်း သည် သင့်စိတ်နေစိတ်ထားကို မြင့်တင် စေသည်။ သင် စိတ်နေစိတ်ထား ကောင်းလေ အစာ စားချင် စိတ် ဖြစ်လေ ဖြစ်သည်။ အစားစားစဉ်တွင် သင့် ကိုယ်သင် သက်တောင့်သက်သာ ဖြစ်အောင်နေပါ။ စိတ်ကို ဖြေလျော့ ထားပါ။

    ၆။ အစားအစာများ၏ အရသာကို ကိုက်ညီအောင်လုပ်ပါ။

    အနံ့ သို့မဟုတ် အရသာ ခံစားမှုပြောင်းလဲခြင်းသည် အစာစားချင်စိတ် ကိုပျောက်ဆုံး စေသည်။ ထို့ကြောင့် ဟင်း ခတ်အမွှေးအကြိုင်များကို ကိုက်ညီအောင်ထည့်ပြီး အရသာ အသစ်ကို ကျေနပ်သည်အထိ ပြုလုပ်ပါ။

    ကုသမှု မတိုင်မီ သင် ပူစပ်သော အစာများကို ကြိုက်သော်လည်း ကုသမှုပြီး နောက် ထိုပူစပ်သော အစာများကို သည်းမခံနိုင်တော့ပါ။ ၎င်း သည် ပုံမှန်ဖြစ်သည်။ ပြောင်းလဲမှုများအတွက် ကောင်းစွာ ပြင်ဆင်ထားခြင်းသည် အစာစားချင်စိတ် ပျောက်ဆုံးမှုကို ကောင်းစွာ တွန်းလှန်နိုင်သည်။

    ၇။ ဆရာဝန်နှင့် တိုင်ပင်ပါ။

    သင် မစားသင့်သော အစာများ၊ အရည်များ ရှိသလား ကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ အစာစားချင်စိတ်ကို နှောင့်ယှက်နေသော ရောဂါလက္ခဏာများကို သက်သာစေ ရန် ဆေးသောက်ခြင်း သို့မဟုတ် ကုသမှုကို ထိန်းညိရန် လိုသည်။ သင့်အခြေအနေသည် ပိုဆိုးလာပါက ဆရာဝန် သည် အခြား ကုသမှုများကို ပြောင်းလဲလုပ်ဆောင် ပေးနိုင် သည်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement