
သွေးနီဥဆဲလ်တွေဖြစ်စေဖို့ လိုအပ်တဲ့ ဓာတ်တစ်ခုပါ။ သံဓာတ်နည်းတဲ့အခါ သွေးအားနည်းရောဂါဖြစ်နိုင်ပါတယ်။
ဖလေဗာနွိုက် ပါဝင်နေသလို ငချိတ်ဆန်မှာ ဆီးချိုရောဂါ၊ အဝလွန်တာ၊ နှလုံးရောဂါတွေ ဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးဖြစ်တဲ့ anthocyanin လည်းပါဝင်ပါတယ်။ ကင်ဆာကာကွယ်ပေးနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။
ငချိတ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက
စားလို့ကောင်းတဲ့ ငချိတ် ပေါင်းလေးစားရင်း ရရှိမယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့
- သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။
- အကျိုးပြု ကိုလက်စထရောပမာဏကို တိုးစေနိုင်တယ်။
- နှလုံးကျန်းမာစေတယ်။
- free radicalsတွေကို တိုက်ထုတ်နိုင်တာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။
- အမျှင်ဓာတ်ပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။
- ဝမ်းမှန်စေနိုင်ပါတယ်။
- အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
- ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တာကြောင့် အသည်းကျန်းမာစေနိုင်ပါတယ်။
- အရက်ကြောင့် အသည်းပျက်စီးမှုကို ကာကွယ်ပေးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။