အိမ်သာတက်ရင်း ဖုန်းသုံးတဲ့သူတွေ လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 3, 2020 . 2 mins read
Share now

ခဏလေးပါပဲ ဆိုပြီး အိမ်သာသွားတက်ရာကနေ ဖုန်းပွတ်တာ ကြာလို့ကြာမှန်းမသိ ဖြစ်သွားတာမျိုး ကြုံဖူးကြမှာပါ။ ဒီလိုမျိုးလုပ်တာ တစ်ခါတစ်လေဆို ပြဿနာမရှိပေမဲ့ နေ့တိုင်းလိုလို အိမ်သာဖြောင့်ဖြောင့်မသွားဘဲ ဖုန်းအကြာကြီးထိုင်သုံးနေမယ်ဆိုရင်တော့ လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများနိုင်တယ်ဆိုတာ သတိထားဖို့တော့ လိုမယ်နော်။

ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အထူးသဖြင့် လူငယ်တော်တော်များများက ဖုန်းသုံးတဲ့အခါ ကျန်တဲ့ကိစ္စတွေကို မေ့သွားတတ်ကြပါတယ်။ အဲ့တော့ အထဲမှာထိုင်ပြီး ဖုန်းလေးပွတ်လိုက်၊ ဖေ့စ်ဘွတ်ခ်မှာ လျှောက်ကြည့်လိုက်၊ ဗွီဒီယိုဘက်ရောက်သွားလိုက်နဲ့ ကိုယ့်ကိစ္စပြီးသွားတာတောင် အပြင်ထွက်လာဖို့ မေ့နေကြတာပေါ့။ ဒီလိုမျိုး အိမ်သာဘိုထိုင်ခွက်ပေါ်မှာ အချိန်အကြာကြီး ထိုင်တဲ့အကျင့်ကြောင့် ကိုယ့်ရဲ့ စအိုမှာဖိအားသက်ရောက်မှုပိုများပြီး လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများနိုင်ပါတယ်။

တစ်ဘက်ကနေ ကြည့်ရင်လည်း အိမ်သာဆိုတာ အညစ်အကြေးပေါင်းစုံ စွန့်ပစ်ရာနေရာဖြစ်တဲ့အတွက် ဘက်တီးရီးယားပိုးတွေဆိုတာ လေထုထဲမှာ အပြည့်ပါပဲ။ ကိုယ်က အိမ်သာထဲမှာ ကြာကြာနေလေ အဲ့ဒီဘက်တီးရီးယားတွေက ကိုယ့်ရဲ့ အသက်ရှူလမ်းကြောင်းနဲ့ ပြင်ပ ခန္ဓာကိုယ်ပေါ်မှာပါ အများကြီးကပ်လာမှာပေါ့။ အဆိုးဆုံးကတော့ ဖုန်းမှာပါ ကပ်နေမှာဖြစ်တဲ့အတွက် ကိုယ့်ကိစ္စပြီးလို့ လက်သေချာပြန်ဆေးပြီးရင်တောင် ဖုန်းစကရင်ပေါ်က ပိုးတွေက လက်ပေါ် ပြန်ရောက်သွားမှာပါ။ အဲ့လက်နဲ့ မျက်နှာပွတ်၊ နှာခေါင်းကုတ်၊ အစာစား၊ တခြားအရာဝတ္ထုတွေ ကိုင်တွယ်လိုက်တဲ့အခါ ရောဂါပိုးတွေက ကိုယ့်ဗိုက်ထဲကို ပြန်ရောက်သွားဖို့ပဲ ရှိပါတော့တယ်။

ဒီလိုမဖြစ်ရအောင် ဘယ်လိုကာကွယ်ကြမလဲ။

အကောင်းဆုံးနည်းလမ်းကို ပြောပါဆိုရင်တော့ ကိုယ့်အိမ်သာထဲက ကိစ္စကို ဖြောင့်ဖြောင့်သွားနိုင်အောင် ဖုန်းတွေ ယူမသွားဖို့ပါပဲ။ ခဏလေးပါ၊ ခဏလေးပါလို့ ပြောပြီး အချိန်တွေဖြုန်းပြီး အိမ်သာတက်နေခြင်းဟာ လိပ်ခေါင်းရောဂါကိုသာမက ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးအတွက်ပါ ထိခိုက်စေနိုင်ပါတယ်။

စမတ်ဖုန်းတွေအပြင် နောက်ထပ်မလုပ်သင့်တဲ့ အရာကိုပြောပါဆိုရင် အိမ်သာထဲ စာအုပ်ယူသွားဖတ်တာ၊ သတင်းစာ၊ ကာတွန်းစာအုပ်တွေ ထားထားတာမျိုး မလုပ်သင့်ပါဘူး။ ဝမ်းသွားနေချိန်မှာ ဒီကိစ္စကိုပဲ အာရုံစိုက်ထားဖို့ လိုပါတယ်။

အိမ်သာထဲက ကိုယ့်ကိစ္စပြီးပြီဆိုတာနဲ့ သန့်ရှင်းရေးလုပ်ပြီး အမြန်ထွက်ပါ။ လိုတာထက် ပိုပြီး အိမ်သာထဲမှာ မနေပါနဲ့။ အထူးသဖြင့် အိမ်သာဘိုထိုင်ခွက်ပေါ်မှာ ၅ မိနစ်ထက်ပိုပြီး မထိုင်ပါနဲ့။

မိနစ်အနည်းငယ် ကြာလို့မှ ဝမ်းမသွားသေးဘူးဆိုရင် အားနဲ့ မညှစ်ပါနဲ့။ ခဏထပြီး လုပ်စရာရှိတာ လုပ်ပါ။ ခဏနေလို့ ဝမ်းသွားချင်စိတ် ပြန်ဖြစ်လာပြီဆိုမှ ပြန်ထိုင်ပါ။ မထွက်မချင်း ညှစ်တာမျိုးတော့ မလုပ်သင့်ပါဘူး။

အိမ်သာတက်ချင်စိတ်မရှိဘဲ အချိန်ဖြုန်းချင်စိတ်နဲ့ အိမ်သာထဲ သွားမထိုင်ပါနဲ့။ အိမ်သာထဲက ထွက်လာတိုင်း လက်ကို ဆပ်ပြာနဲ့  သေချာတိုက်ချွတ်ဆေးကြောပေးပါ။

နောက်ဆုံးတစ်ချက်အနေနဲ့ ဝမ်းသွားပြီးရေဆွဲချတော့မယ်ဆိုရင် အိမ်သာအဖုံးကို လုံအောင်ပိတ်ပြီးမှ ဆွဲချပါ။ ရေအားနဲ့ အညစ်အကြေးတွေကို အောက်ကိုဆွဲလိုက်တဲ့အချိန်မှာ အနံ့အသက်တွေရော၊ ပိုးတွေကပါ အပေါ်ကို ပြန်တက်လာပြီး ကိုယ့်အရေပြားပေါ် ကပ်ငြိနေနိုင်တာကြောင့် ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ဖုန်းကိုလည်း နေ့တိုင်းမဟုတ်ရင်တောင် တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်လောက် သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ရုတ်တရက် သတိမမူမိတတ်ကြတဲ့ လိပ်ခေါင်းလက္ခဏာ ၇ မျိုး

လိပ်ခေါင်းရောဂါ၊ စအို၊ အူမကြီး၊ ရောင်ရမ်း၊ လူကြီး၊ ဝမ်းသွား၊ ယားယံ၊ သွေးယိုစီး၊ အတွင်းခံ၊ အညစ်အကြေး၊ အိမ်သာတက်၊ ဝမ်းချုပ်၊ ဝမ်းသွား၊ အသားပို

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

လိပ်ခေါင်းရောဂါ သံသရာကို ဘယ်လိုရှောင်လွှဲကြမလဲ

လိပ်ခေါင်းရောဂါ (Hemorrhoids) လို့ ဆိုလိုက်တာနဲ့ အလိုလို ရှက်တာလိုလို ဘာလိုလို ဖြစ်သွားတတ်ကြတယ်။ ရှက်နေကြောက်နေခြင်းက ဝေဒနာကို ပိုဆိုးစေနိုင်တယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

လိပ်ခေါင်းရောဂါ တိုက်ဖျက်ဖို့ ဒါတွေစားကြစို့

လိပ်ခေါင်းရောဂါ အူမကြီး အဝလွန်တာ ရေဓာတ် အစာခြေလမ်းကြောင်း ပဲမျိုးစုံ ဂျုံကြမ်း၊ အစေ့အဆန်များ  အသီးအနှံမျိုးစုံ အမျှင်ဓာတ် ကဖင်းဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

Covid 19 ကြောင့် ဖြစ်လာရတဲ့ စိတ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေကို ဘယ်လိုထိန်းချုပ်လျှော့ချသင့်သလဲ

Covid 19 စိတ်ဖိစီးမှု နာတာရှည်ရောဂါတွေ ဆယ်ကျော်သက်တွေ လေ့ကျင့်ခန်း အအိပ်အစားမမှန်တော့ဘူး ဆေးလိပ်အရက် မိသားစု အမူအရာတွေ ကာကွယ်နိုင်မယ့်နည်းလမ်းတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 3 mins read
စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
သွေးဝမ်းသွားခြင်း၊ ကတ္တရာဝမ်းသွားခြင်းအကြောင်း

သွေးဝမ်းသွားခြင်း၊ ကတ္တရာဝမ်းသွားခြင်းအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 2 mins read
လိပ်ခေါင်းရောဂါရဲ့ နောက်ဆက်တွဲပြသနာများ

လိပ်ခေါင်းရောဂါရဲ့ နောက်ဆက်တွဲပြသနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 7, 2020 . 3 mins read