မိုဘိုင်းလ်ဖုန်း စွဲလမ်းလွန်တဲ့ စိတ်ရောဂါ သင့်မှာ ရှိနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ဒီဘက်ခေတ်ကြီးထဲမှာ မိုဘိုင်းလ်ဖုန်းကို လူတိုင်းနီးပါး အသုံးပြုနေကြပါပြီ။ ဆက်သွယ်ဖို့၊ စကားပြောဆိုဖို့၊ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေအတွက် အဖြေရှာဖို့၊ မိတ်ဆွေအသစ်တွေ ရှာဖွေဖို့ အရင်ကလို အချိန်ကုန်၊ လူပင်ပန်းခံစရာ မလိုပဲ အင်တာနက်ဖွင့်လိုက်ရုံနဲ့ အလွယ်တကူ လုပ်လို့ရနေပါပြီ။ ဒါဟာ မကောင်းတဲ့ ကိစ္စတော့ မဟုတ်ပေမယ့် တချို့လူတွေအတွက်တော့ လိုတာထက် ပိုပြီး စွဲလမ်းသွားတဲ့အခါ စိတ်ရောဂါအခြေအနေအပြင် ကျန်းမာရေးနဲ့ နေ့စဉ်ဘဝကိုပါ ထိခိုက်လာနိုင်ပါတယ်။

ကျား၊ မ မရွေး၊ လူငယ်တွေမှာ တွေ့ရတတ်တဲ့ ပြဿနာတစ်မျိုး ဖြစ်ပြီး ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ပဲ ကြာလာတဲ့အခါ ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်စေပါတယ်။ ပြင်းထန်တဲ့ စိတ်ရောဂါအခြေအနေမျိုး တစ်ခုမဟုတ်တာကြောင့် ဒီလို မိုဘိုင်းလ်ဖုန်း စွဲလမ်းတဲ့ စိတ်ရောဂါကို ကိုယ်တိုင်ဖြစ်စေ၊ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်နဲ့ ဖြစ်စေ တိုင်ပင်ဆွေးနွေးပြီး ကုသပျောက်ကင်းနိုင်ပါတယ်။

မိုဘိုင်းလ်ဖုန်း စွဲလမ်းတဲ့ စိတ်ရောဂါလက္ခဏာတွေက ဘာတွေလဲ။

၁။ အမြဲတမ်း ဖုန်းကို ဖွင့်ကြည့်ဖို့ စိတ်က တောင်းဆိုနေတာ၊ ပြင်းပြတဲ့ စိတ်ဆန္ဒတွေ ဖြစ်ပေါ်လာတာ

၂။ ဖုန်းကို အသုံးမပြုပဲ မနေနိုင်တာ၊ ဖုန်းသုံးချင်စိတ်ကို ဘယ်လိုမှ ထိန်းချုပ်လို့ မရတာ

၃။ ဖုန်းက ကိုယ့်အနားမှာ မရှိရင်၊ ဖုန်းမသုံးရရင် နေမထိ ထိုင်မသာဖြစ်တာ

၄။ စိတ်ပူပန်၊ စိတ်ညစ်၊ စိတ်ဓါတ်ကျတိုင်း ဖုန်းကို အမြဲဖွင့်ကြည့်ပြီး အသုံးပြုချင်စိတ် ဖြစ်လာတာ

၅။ ဖုန်းထဲမှာ စိတ်က အာရုံဝင်စားသွားပြီး အချိန်ကုန်လို့ ကုန်သွားမှန်းတောင် မသိတော့တာ

၆။ ဖုန်းမကြာခဏ အသုံးပြုတဲ့အတွက် အချစ်ရေး၊ အလုပ်အကိုင်၊ ကျောင်း၊ ပညာရေးမှာ ပြဿနာတွေ ကြုံလာတာ

၇။ ဖုန်းအသစ်ထွက်တိုင်း ဝယ်ချင်စိတ် ပြင်းပြလွန်းတာ

၈။ ဆက်သွယ်မှုဧရိယာပြင်ပ ရောက်နေတဲ့အခါ၊ အင်တာနက် လိုင်းမမိတဲ့အချိန်မှာ ဒေါသဖြစ်တာ၊ စိတ်ညစ်တာ၊ စိတ်ဓါတ်ကျတာ၊ အိပ်မပျော်နိုင်ဖြစ်တာ၊ စိတ်ထဲမှာ နေလို့ ထိုင်လို့ မကောင်းတာ တွေဟာ စွဲလမ်းစိတ်ရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

မိုဘိုင်းလ်ဖုန်း စွဲလမ်းမှုကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေ

ဖုန်းကို နေ့စဉ် နေ့တိုင်း လိုအပ်တာထက် ပိုပြီး အသုံးပြုတဲ့အခါ စိတ်ကိုသာမက ခန္ဓါကိုယ်ကိုပါ များစွာ ထိခိုက်လာစေနိုင်ပါတယ်။

၁။ မျက်စိကျန်းမာရေး

မျက်စိ ညောင်းကိုက်တာ၊ မျက်စိနာတာ၊ ပူစပ်ပြီး ယားယံတာ၊ မျက်စိအမြင်အာရုံ မှုန်လာတာ၊ မျက်စိညောင်းတာ၊ ခေါင်းမူးလာတာတွေဟာ ဖုန်းကို မျက်စိနဲ့ အမြဲ အားစိုက်ပြီး ကြည့်နေသူတွေမှာ မကြာခဏတွေ့ရတတ်တဲ့ ပြဿနာတွေ ဖြစ်ပါတယ်။

၂။ အရိုးအကြော

ခေါင်းကို အမြဲအောက်စိုက်ပြီး ဖုန်းကို ငုံ့ကြည့်နေရတာကြောင့် ဇက်ကြောတက်တာ၊ ပုခုံး၊ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတာ၊ ကျီးပေါင်းတက်တာ၊ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့အတွက် အရိုးအဆစ်တွေ ပျော့ခွေလာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

၃။ ဖျားနာခြင်း

ဖုန်းရဲ့ စကရင် မျက်နှာပြင်မှာ သင်ထင်ထားတာထက်တောင် ပိုးပေါင်းများစွာ ကပ်ငြိနေနိုင်ပါတယ်။ ဖုန်းကို အသုံးပြုပြီး လက်မဆေးပဲ ပါးစပ်၊ မျက်လုံး၊ နှာခေါင်းကို ပွတ်သပ်ကိုင်တွယ်မိတဲ့အခါ ဒီပိုးတွေဟာ ကိုယ်ခန္ဓါထဲကို ဝင်ရောက်သွားပါတယ်။ ဖျားနာခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း၊ အရေပြားပြဿနာတွေ၊ အနာထဲ ပိုးဝင်ပြီး အနာရင်းတာတွေ ဖြစ်စေနိုင်ပါတယ်။

၄။ ယာဉ်တိုက်မှုဖြစ်ခြင်း

ယာဉ်မောင်းတဲ့သူတွေ မကြာခဏ ဖြစ်တတ်တဲ့ မတော်တဆမှုတွေရဲ့ အကြောင်းရင်းထဲမှာ ဖုန်းအသုံးပြုခြင်းဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ဖုန်းမျက်နှာပြင်ကို အာရုံစိုက်နေမိတဲ့အခါ ယာဉ်မောင်းကိုရော၊ တခြား လမ်းသွားလမ်းလာ ပြည်သူတွေကိုပါ ဒုက္ခရောက်စေနိုင်ပါတယ်။

၅။ ယောက်ျားလေးတွေ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေခြင်း

ဖုန်းကနေ ထွက်လာတဲ့ ဓါတ်ရောင်ခြည်လှိုင်းတွေဟာ အမျိုးသားတွေရဲ့ သုက်ကောင်ရေကို နည်းစေပြီး မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်တယ်။ သုက်ပိုးတွေကို အားနည်းစေပြီး မြုံသွားနိုင်သည်အထိ ဒုက္ခပေးနိုင်ပါတယ်။

၆။ ညအိပ်မပျော်ခြင်း

ဖုန်းကို အသုံးပြုနေရတာကြောင့်ရော၊ ညအမှောင်ထဲမှာ ဖုန်းအလင်းရောင်ကို အကြာကြီးကြည့်နေတဲ့အခါ မျက်စိကို ထိခိုက်စေတဲ့အပြင် အိပ်ချိန်မမှန်တာ၊ အိပ်ရေးမဝတာ၊ အိပ်စက်ဖို့ အချိန်ကြာမြင့်တာတွေ ဖြစ်နိုင်ပါတယ်။

၇။ တခြားသော စိတ်ကျန်းမာရေး

စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်လွန် စွဲလမ်းတတ်တဲ့ စိတ်ရောဂါတွေအပြင် အချစ်ရေး၊ မေတ္တာရေးမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

အကောင်းဆုံးကတော့ မိမိကိုယ်ကို ဖြစ်စေ၊ ကိုယ့်အနီးပတ်ဝန်းကျင်မှာ ဒီလို ဖုန်းအသုံးပြုဖို့ စွဲလမ်းစိတ် လက္ခဏာရှိတဲ့သူတွေကို နားလည်တတ်ကျွမ်းတဲ့ စိတ်ရောဂါ ကုထုံးပညာရှင်တွေနဲ့ သေချာတိုင်ပင်ပြသပြီး ကုသကြည့်လို့ ရပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ အားကစားလုပ်တာ၊ စာအုပ်ဖတ်တာ အစရှိသဖြင့် ကိုယ့်ရဲ့ စိတ်အာရုံကို လွှဲပေးနိုင်မယ့် အလုပ်တွေ ရွေးလုပ်ပေးလို့လည်း အဆင်ပြေစေပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်ဘဝကို ထိခိုက်မှုမရှိသေးသမျှတော့ သိပ်ပြင်းထန်တဲ့ စိတ်ရောဂါအခြေအနေလို့ သတ်မှတ်လို့ မရသေးပါဘူး။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ

ဆိုရီရေးစစ် အရေပြားပြဿနာဟာ ပြင်းထန်ပြီး နာတာရှည် အရေပြားပြဿနာတစ်ရပ်ဖြစ်တာကြောင့် သေချာလေးဂရုစိုက်ဖို့လိုပါမယ်။ အနေအထိုင်အစားအသောက်ကစလို့ပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သွေးအားနည်းရောဂါ (Anemia)

သွေးအားနည်းရောဂါဆိုတာက ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံလောက် ခံစားနေရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အဖြစ်များတဲ့ သွေးရောဂါတစ်မျိုးပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဝက်ခြံ မျက်နှာမှာ ပေါက်ရင် အော်........ပေါက်နေကျပဲလေလို့ ထားလိုက်တတ်ပေမယ့် မိန်းမကိုယ်မှာ ဝက်ခြံ ပေါက်လာပြီဆိုရင်တော့ ပေါက်လေ့ပေါက်ထရှိရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နေရာတကာ Selfie ဆွဲနေတာဟာ စိတ်ဝေဒနာပါ

တစ်နေ့ကို Selfie ပုံ ၃ ပုံထက်ပိုရိုက်မိနေသူတွေကို သာမန်အခြေအနေလို့ မသတ်မှတ်ပါဘူး။ ဒါ စိတ်ကျန်းမာရေးဆိုင်ရာပြဿနာရှိနေတဲ့ အနေအထားမျိုးလို့ ဆိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ

Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 3 mins read
ဘေဘီလေး နဲ့ ကြက်သွန်နီ

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
Aphantasia (သို့မဟုတ်) စိတ်မျက်စိကွယ်ခြင်း

Aphantasia (သို့မဟုတ်) စိတ်မျက်စိကွယ်ခြင်း

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read