ဝမ်းသွားစေတဲ့ အစားအစာများ
ခရီးသွားစရာရှိတယ်၊ အရေးကြီးတဲ့ ပွဲတစ်ခု သွားစရာရှိတယ်။ ဝမ်းသွားမှာလည်း ကြောက်လို့ ဘာတွေ ရှောင်စားမလဲဆိုပြီး လာတိုင်ပင်လေ့ ရှိကြပါတယ်။ လူတွေရဲ့ အစာခြေစနစ်က တစ်ယောက်နဲ့ တစ်ယောက် တုံ့ပြန်ပုံခြင်းမတူပါဘူး။ လူတစ်ယောက်တည်းမှာကိုပဲ အသက်ကြီးလာလေလေ အစာခြေစနစ်ရဲ့ တုံ့ပြန်မှုတွေက ကွာခြားသွားပါတယ်။ ဒီကြားထဲ ကျန်းမာတဲ့ လူတစ်ယောက်နဲ့ ရောဂါအခံရှိတဲ့သူတွေရဲ့ အစားအစာပေါ် တုံ့ပြန်ခြင်းကလည်း မတူပါဘူး။ ဒါကြောင့် ဝမ်းသွားစေတဲ့ အစားအစာများ က ဘာတွေလဲ။ ဘာတွေကို သတိထားစားရမလဲဆိုတာကို သိထားသင့်ပါတယ်။ ဝမ်းအရည်တွေပဲ မကြာခဏ သွားနေတယ်ဆိုရင် ဒါကို ဝမ်းသွားတယ်လို့ ခေါ်နိုင်ပါတယ်။ တချို့ကျတော့လည်း ဝမ်းသွားတယ်ရယ်လို့ မဟုတ်ဘဲ လေနဲ့ ဝမ်းနဲ့ မကွဲဘဲ ဗိုက်ရစ်နေတာမျိုးပေါ့။ ဝမ်းသွားစေနိုင်သော အကြောင်းရင်းများ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး ဝမ်းပျက်စေတဲ့ အကြောင်းရင်းတွေကတော့ မသန့်ရှင်းတဲ့ အစားအစာတွေ၊ ရေတွေကနေတဆင့် ပိုးဝင်ကူးစက်တာ […]