“သင့်သွေးဖြင့် အသက်ကယ်ပါ” ဆိုတဲ့ စာကြောင်းလေးက မွန်မြတ်တဲ့ အဓိပ္ပာယ် အပြည့်ရှိပါတယ်။ ကိုယ်လှူလိုက်တဲ့ သွေးက ရောဂါအခြေအနေ အမျိုးမျိုးကြောင့် သွေးသွင်းဖို့ လိုအပ်တဲ့ လူနာတွေ အတွက် အသက်ကယ်နိုင်လောက်အောင် တန်ဖိုးကြီးတဲ့ လက်ဆောင်ပါပဲ။ ဒီစိတ်ကလေးနဲ့ပဲ ပုံမှန် သွေးလှူ နေကြသူတွေ၊ အရေးပေါ်လိုအပ်ချိန်မှာ ပြေးပြီး သွေးလှူ ပေးကြသူတွေ၊ လူနာ နဲ့ ကိုက်ညီတဲ့ သွေးအလှူရှင် ရဖို့ အပြေးအလွှား ကူရှာပေးသူတွေ၊ သွေးလှူကြဖို့ တိုက်တွန်းနှိုးဆော်သူတွေ ရှိနေတာပါ။