backup og meta

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆီးချိုရှိသူတွေ လိုက်နာရမယ့် စားသောက်မှုပုံစံက သီးသန့်ရှိပါတယ်။ ဒီစကားကြောင့် စိတ်ထဲမှာ ရှုပ်ထွေး မသွားစေချင်ပါဘူး။ ဆီးချိုရှိတယ်ဆိုတာနဲ့ စားနေကျ အစားအစာတွေကို လုံးဝ မစားရတော့ဘူး။ အပြီးတိုင် စွန့်လွှတ်ရတော့မယ်လို့ မတွေးစေချင်ပါဘူး။

ဒီပြဿနာကို ဖြေရှင်းဖို့ ပထမဆုံး လုပ်ရမယ့် ခြေလှမ်း တစ်ရပ်က ဆီးချိုနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ စားသောက်မှုပုံစံကို သိရှိဖို့နဲ့ နောက်တစ်ဆင့်က လိုက်နာဆောင်ရွက်ဖို့ပါ။

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

​ကြားဖူးမိနေမယ့်  ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ ရှိနေနိုင်ပါတယ်။ ဒါကတွေက မှန်ရဲ့လားဆိုတာကို အတူတူ ဆန်းစစ်ကြည့်ရအောင်နော်။

ဆီးချိုရှိရင် သကြား လုံးဝ ရှောင်ရမယ်

ဆိးချို ရှိပြီဆိုတာနဲ့ သကြားကို လုံးဝ ရှောင်လိုက်ဖို့ မလိုပါဘူး။ ဒါပေမယ့် သ​ကြားပါဝင်မှုကိုတော့ သတိထားဖို့ လိုပါမယ်။ အချိုပွဲတွေကို အနည်းငယ်လောက်တေ့ စားလို့ ရပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပမာဏလောက်အထိတော့ သကြားကို စားလို့ ရပါတယ်။

ကာဗိုဟိုက်ဒရိတ် ဖြတ်ရမယ်

ကာဗိုဟိုက်ဒရိတ်ကို လုံးဝ ဖြတ်လိုက်စရာ မလိုပါဘူး။ စားလို့ရပါတယ်။ ဒါပေမယ့် ကာ​ဗိုဟိုက်ဒရိတ် အမျိုးအစားနဲ့ ပမာဏကိုတော့ သေချာလေး တွက်ချက်ကြည့်ဖို့ လိုပါမယ်။ ကောက်နှံတစ်ခုလုံးကို စားသုံးတာ၊ ဂျုံကြမ်းပေါင်မုန့် စားသုံးတာ၊ အမျှင်ဓာတ် ပါဝင်မှု များတဲ့ အစားအစာတွေကို အဓိက ရွေးချယ်ပေးပါ။

ဆီးချိုအတွက် ထုတ်ထားတာတွေကိုပဲ စားရမယ်

ဆီးချိုရှိသူတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးဖို့က အရေးကြီးပေမယ့် ဆီးချိုအတွက် သီးသန့် ထုတ်ထားတာတွေကိုပဲ စားဖို့ မလိုပါဘူး။ ဈေးကြီးပေးရတဲ့ဆီးချိုအတွက် သီးသန့်ထုတ်ထားတယ်ဆိုတဲ့ အစားအစာတွေကလည်း အလွန်အကျွံစားမိရင် ထိခိုက်စေနိုင်တာပါပဲ။

ပရိုတင်း ပါဝင်မှုများတဲ့ အစားအစာတွေက အကောင်းဆုံးပါ

လေ့လာမှုတွေအရကတော့ ပရိုတင်းတွေ အလွန်အကျွံ စားသုံးတာ အထူးသဖြင့် တိရစ္ဆာန် ပရိုတင်းတွေက အင်ဆူလင် တုံ့ပြန်နိုင်စွမ်းကို ထိခိုက်စေပြီး ဆီးချိုဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုလို့ သိရပါတယ်။ ဒါကြေင့် ဆီးချိုရှိသူတွေ အနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးချင်တယ်ဆိုရင် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ်တွေ မျှတစွာ ပါဝင်အောင် စားသုံးပါ။

ဒီအစားအစာတွေ အားလုံးက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရင်းမြစ်တွေကနေ ရယူထားတယ်ဆိုတာတော့ သေချာဖို့ လိုပါမယ်။ ဒါမှလည်း ကျန်းမာမှာပါ။

ဘာတွေ ပိုစားရမလဲ…….

ဒါတွေပိုစားပါ။

  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ရရှိစေဖို့ အခွံမာသီးတွေ၊ ပင်လယ်ငါး၊ သံလွင်ဆီ၊ နှမ်းကြတ်စေ့၊ ထောပတ်သီး။
  • သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ လတ်ဆတ်ပြီး အရောင်အသွေးစုံလင်တဲ့ အသီးအနှံတွေကို စားပေးပါ။ ဖျော်ရည်တွေထက် သဘာဝ သစ်သီး စစ်စစ်ကို စားပေးပါ။
  • အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်မယ့် ပေါင်မုန့် (ဂျုံကြမ်း ပေါင်မုန့်) ကောက်နှံတစ်ခုလုံးပါတဲ့ cereals တွေကို စားပါ။
  • ခရု၊ ကမာ စတဲ့ ပင်လယ်စာတွေ၊ ကြက်သား၊ ကြက်ဆင်သား စတာတွေကို စားပါ။
  • ပရိုတင်း ပြည့်ဝစေဖို့ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အဆီထုတ်နို့၊ အချိုမပါတဲ့ ဒိန်ချဉ် စတာတွေ စားပေးပါ။

ဘာတွေ လျှော့စားရမလဲ။

ဒါတွေ လျှော့စားပါ။

  • အသင့်စား အစားအစာတွေ
  • အမြန်စား အစားအစာတွေ။
  • အချိုကဲတဲ့ အစားအစာတွေ။
  • အငန်ကဲတဲ့ အစားအစာတွေ။
  • ပြုပြင်ထားတဲ့ အသားတွေ။
  • အနီရောင် အသားတွေ။
  • အချိုပါတဲ့ အဆီထုတ်နို့။
  • အချိုပါတဲ့ အဆီထုတ် ဒိန်ချဉ်တွေကို ဖြစ်နိုင်ရင် မစားပါနဲ့။

ကဲ…… သိထားတာတွေက ဘာတွေ မှန်လို့ ဘာတွေမှားနေလဲ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 tips for healthy eating with diabetes https://www.diabetes.org.uk/guide-to-diabetes/enjoy-food/eating-with-diabetes/10-ways-to-eat-well-with-diabetes Accessed Date 26 February 2021

The Diabetes Diet https://www.helpguide.org/articles/diets/the-diabetes-diet.htm Accessed Date 26 February 2021

ယခုပုံစံ

12/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement