ကျွန်ုပ်တို့သည် တိုးတက်မှုကို အလေးထားပါသည်။

49k 

Total members

5k 

Total posts

1 

Total experts

213 

Total topics

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။

ကျွန်ုပ်တို့၏ အဖွဲ့အစည်းများ

Hello Sayarwonမှ အဖွဲ့အစည်းများသည် ပွင့်လင်းမြင်သာမှုရှိပြီး ယုံကြည်ရသော နေရာများဖြစ်သောကြောင့် အဖွဲ့ဝင်များအနေနှင့် အကြံဉာဏ်တောင်းခံခြင်းနဲ့ အတွေ့အကြုံများ မျှဝေခြင်းကို လွတ်လပ်စွာ ပြုလုပ်နိုင်ပါသည်။

စည်းကမ်းနဲ့အညီထိန်းသိမ်းထားခြင်း

မော်ဒရေတာတွေက အဖွဲ့အစည်းတွေမှာ ရှိတဲ့ အဖွဲ့ဝင်တွေအနေနဲ့ အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု ရှိစေဖို့ အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေက အဖွဲ့ဝင်တွေဆီ သတင်းမှားတွေ ရောက်မလာစေဖို့၊ ပွင့်လင်းမြင်သာပြီး လိုအပ်တဲ့ အကူအညီများ ရနိုင်ဖို့ တာဝန်ရှိပါတယ်။

ယုံကြည်စိတ်ချရခြင်း

ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များက အဖွဲ့ဝင်များရဲ့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ တိကျပြီး ယုံကြည်ရတဲ့ ကျန်းမာရေးအချက်အလက်များကို မျှဝေလျက်ရှိပါတယ်။

အလုံးစုံကျန်းမာရေး

ကျန်းမာရေးအဖွဲ့အစည်းတွေ၊ Careလို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ ပစ္စည်းများ ဝယ်ယူတာတွေကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်နေပါပြီ။

တာဝန်ယူခြင်း

သင့်ကျန်းမာရေးခရီးစဉ်မှာ ကျွန်တော်တို့က ဘေးကနေ အားပေးကူညီနေမှာဖြစ်ပြီး သင်ရဲ့ အတွေ့အကြုံတွေကို အများနဲ့ မျှဝေဖို့ စိတ်ချရတဲ့ နေရာလေးတစ်ခု ဖန်တီးပေးထားပါတယ်။

အဆက်အသွယ်မပျက်ခြင်း

သင့်အနေနဲ့ အဖွဲ့အစည်းမှာ ကျွမ်းကျင်ပညာရှင်အနေနဲ့ဖြစ်ဖြစ်၊ အကြံပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကိုယ်စားပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကြော်ငြာအပ်ချင်သူအနေနဲ့ဖြစ်ဖြစ် ပါဝင်နိုင်ပါတယ်။ ကျွန်တော်တို့က အမြဲကြိုဆိုလျက်ရှိပါတယ်။
avatar

စတင်ဆွေးနွေးမယ်။

ကိုယ်ဝန်ဆောင်ချိန်ထူးခြားတဲ့ ချဥ်ချင်းတပ်ခြင်းများ

မေယွန်းပန်းချီ ကအခု ရှစ်လပြည့်ပြီပေါ့နော်၊

သူ့ကို ကိုယ်ဝန်​​မရခင်က ဒီမေမေပိန်ပိန်လေးရယ်

89lb ပဲရှိတယ်။ သူ့ကိုရပြီးမှ စားလိုက်တဲ့အစား

ပျို့တာအန်တာ ဘာမှမရှိပဲ စားသမျှအကုန်ဝင်လို့

ဘယ်လောက်ထိလဲဆို သူများတကာ အစားအစာကြောင်းပြောနေရင် အဲ့တာကို စားချင်တယ် စားရမှ

Fb သုံးနေရင်း အစားစာပုံံတက်လာရင်လဲ စားရမှ

တနေကုန်လဲ အစားစားတဲ့ Video တွေထိုင်ကြည့်နေရတယ်။ထူးထူးခြားခြား ချဥ်ချင်းတပ်တာ

အာဆီယံသပြေပင်ရဲ့ထိပ်က ရဲနေတဲ့ အညွှန့်ကို

ခူးစားချင်တာများ မနေနိုင်လို့ အိမ်ကအလစ်

ဘုရားစင်ကပ်ထားတဲ့ သပြေကနေသွားချိုးစားရတယ်။ သီဟိုညွှန့်စားချင်လို့ အိမ်ကအဒေါ်ကိုမှာတာ

တို့စားတဲ့သီဟိုညွှန့်နဲ့ ဘုရားစင်တင်တဲ့အညွှန့်နဲ့မှားဝယ်လာလို့ ရယ်လိုက်ရသေးတယ်။နောက်တခုက သနပ်ခါးတုံးကို အတုံးလိုက်အခေါက်တွေ စားချင်တာ

သွားနဲ့ခွာပြီးစားတာ ဗိုက်ကြီးစဥ်ကာလ သုံးတုံးကုန်တယ်။မွေးလာတော့ ဖွေးနေတာပဲ တလုံးတခဲကြီး။

အခုတော့ အမေက နဂိုတိုင်းပြန်ပိန်သွားပြီး

ကလေးက ရှစ်လကို ပေါင်နှစ်ဆယ်နီးပါးဖြစ်နေပြီ။

အစားမရှောင်ပဲ အကုန်စားပြီး မိခင်နို့တမျိုးပဲ ခြောက်လအထိတိုက်ခဲ့တာ။ အ

... ပိုမိုကြည့်ရှုရန်
0
17k
မှတ်ချက် 5 ခု
ကိုယ်၀န်ဆောင်ချိန်ထူးခြားတဲ့ချင်ခြင်းတပ်ခြင်းများ

ကိုယ်၀န်ဆောင်တဲ့အချိန်တွေမှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် စိတ်အပြောင်းအလဲဖြစ်ပြီး ထူးခြားတဲ့အဖြစ်အပျက်လေးတွေ ကြုံရတတ်ပါတယ် ။

အစားအသောက်တစ်ခုခုကို ထူးထူးခြားခြားစားချင်နေတဲ့ဆန္ဒပြင်းပြတာတို့ ၊ အမွှေးနံ့သာတစ်ခုခုလိမ်းခြယ်ချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာတာတို့ စတဲ့အချက်လေးတွေ ဖြစ်လာတာပါပဲ ။ အဲဒါကို မေမေတို့ချင်ခြင်းတပ်တယ်လို့ ခေါ်တာပေါ့နော် ။

ကျွန်မလဲ ကျွန်မရင်သွေးလေးတွေကို ကိုယ်၀န်ဆောင်ထားရချိန်တုန်းက ထူးထူးခြားခြားလေးတွေ ချင်ခြင်းတပ်ခဲ့ဖူးပါတယ် ။ ကလေးနှစ်ယောက်မွေးခဲ့ဖူးတဲ့ အတွေ့အကြုံတွေအရ ကိုယ်၀န်ဆောင်ချိန်အတွင်း ချင်ခြင်းတပ်ပုံခြင်းလဲ တစ်ခေါက်နဲ့တစ်ခေါက် မတူညီပါဘူး ။

ပထမရင်သွေးလေးကိုယ်၀န်ဆောင်ချိန်မှာ အလှပြင်ရတာကို သိပ်သဘောကျပါတယ် ။ မျက်စိရှေ့တွေ့သမျှ အစားအသောက်တွေအားလုံး စားချင်တဲ့စိတ်လဲ ဖြစ်မိပါတယ် ။ ဒုတိယရင်သွေးလေးကိုယ်၀န်ဆောင်ချိန်မှာတော့ အလှအပကိုလုံး၀မမက်မောဘဲ ပေါ့ပေါ့ပါးပါးနေရတာကို ပိုပြီးသဘောကျမိတယ် ။ အစားအသောက်တွေ ရွေးခြယ်ပြီးမှစားတယ် ။ ကောက်ညှင်းနဲ့ပတ်သက်တဲ့ အစားအသောက်တွေစားရတာကို ပိုပြီးကြိုက်နှစ်သက်ပါတယ် ။

အထူးခြားဆုံ

... ပိုမိုကြည့်ရှုရန်
4
18k
မှတ်ချက် 2 ခု
မီးဖွားပြီးခါစ ကိုယ်ဝန်ဆောင်မေမေတို့  ခရီးသွား မယ်ဆိုရင်..... ?

မေမေတို့ ဘေဘီလေးကို မီးဖွားပြီးတာနဲ့ တပြိုင်နက် အနေအထိုင်ဆင်ခြင်ရမယ်၊ အာဟာရရှိတာတွေ စားရမယ်၊ အိပ်ရေးဝဝအိပ်ရမယ် စတာတွေကို ဂရုစိုက်ဆင်ခြင်ရပါတယ်။ ဒီကြားထဲမှာမှ မီးဖွားပြီးပြီးချင်း ခရီးသွားဖို့ အကြောင်းဖန်လာတာမျိုး၊ ကိုယ်ကိုယ်တိုင်က ခရီးသွားချင်တာမျိုးတွေကြုံရင် မေမေတို့ အတွက် ဆိုးကျိုးတွေရှိနိုင်လား... ဘယ်လိုတွေပြင်ဆင်ရမလဲဆိုတာ သိရဖို့ ဒီဆောင်းပါးလေး ကို ဖတ်ကြည့်လိုက်ပါနော်....

1
17k
မှတ်ချက် 0 ခု
ကိုယ်ဝန်​ဆောင်ချိန်ထူးခြားတဲ့ ချင်ခြင်းတပ်ခြင်းများ

အိမ်​ထောင်ကျပြီးတစ်လ​တောင်မပြည့်​သေးချိန် ရာသီလည်းမလာ ​နေလို့လည်းမ​ကောင်းလို့ ဆီးစစ်ကြည့်တာ မျဥ်း​ကြောင်း​လေးနှစ်​ကြောင်းစ​တွေ့ထဲက ဒီ​မေ​မေကစအန်တာပါ ​နေ့ရက်တိုင်းမအန်တဲ့​နေ့ရယ်လို့မရှိခဲ့ပါဘူး ထူးခြားတာတစ်ခုက​တော့ အပြင်ထွက်ရချိန်ဆိုမအန်ချင်ဘူး အမဲသားဘယ်​တုန်းကမှမစားခဲ့တဲ့ကိုယ်က ကိုယ်ဝန်စရှိထဲက အမဲသားကိုစားချင်တာပါ မ​နေနိုင်လို့ကိုယ်ဝန်တစ်​​လျောက်လုံးနီးပါး အမဲသားကိုပုံစံမျိုးစံနဲ့ချက်စားဖြစ်ခဲ့တယ် အဲ့လိုအမဲသားစားရရင်မအန်ဘူး ပျို့လည်းမပျို့ဘူး ကိုယ်မမြင်ချင်ဆုံးအစားအစာက​တော့ကြက်သားပါ ကိုယ်ဝန်တစ်​လျောက်လုံး ကြက်သားအနံ့ရတာနဲ့တင်အန်ရတာပါ

ထူးထူးခြားခြားမှတ်မိ​နေတာ​က ကိုယ်ဝန်၂၁ပတ်မှာကျွန်မ​တော်​တော်​လေး​နေမ​ကောင်းဖြစ်တာပါ ​သွေး​ပေါင်၁၉၀အထိတက်သွားလို့ က​လေး​တောင်အသက်ရှင်ပါ့မလား အ​တော်စိုးရိမ်ခဲ့ရတာပါ ​ဆေးရုံမှာ​နေ့လည်ထမင်းစားချိန် ​ဘေးကုတင်ကအမျိုးသမီးထမင်းချိုင့်ဖွင့်လိုက်တဲ့အချိန် ကျွန်မနှာ​ခေါင်းထဲကိုဝင်လာတဲ့အမဲသားနှပ်ရဲ့အနံ့က ဘယ်လိုမှမ​နေနိုင်​​အောင် အရမ်းစားချင်လာလို့ ကျွန်မကိုတစ်တုံး​လောက်​ကျွေးဖို့​တောင်းခဲ့တယ် ​သ​ဘော​ကောင်းတဲ့​ဘေးကုတင်ကမိသားစုက ကျွန်မကိုတစ်ချိုင့်နီးပါး ​ပေးတယ

... ပိုမိုကြည့်ရှုရန်
0
17k
မှတ်ချက် 1 ခု
Helloဆရာဝန်ရဲ့ သီတင်းကျွတ် စာမူပြိုင်ပွဲ

ကိုယ်ဝန်ဆောင်မေမေတို့ ထူးဆန်းတဲ့ ချင်ခြင်းတပ်ခြင်းတွေကြုံဖူးကြလား... ?


ကိုယ်ဝန်ဆောင်မေမေတိုင်း ဘေဘီလေးကိုကိုယ်ဝန်ဆောင်တဲ့ အချိန်တိုင်း

ချင်ခြင်းတပ်ခြင်း ကြုံဖူးကြပါလိမ့်မယ်။ ဒီလို ကြုံတွေ့ ဖူးတဲ့ ချင်ခြင်းတပ်ခြင်းတွေထဲကမှ မေမေတို့ ကြုံတွေ့ဖူးတဲ့ ထူးဆန်းတဲ့ ချင်ခြင်းတပ်ခြင်းတွေအကြောင်းကို တခြားသော ကိုယ်ဝန်ဆောင် မေမေတို့ကို မျှဝေပြီး ဆုငွေရယူနိုင်မယ့် အစီအစဥ်လေး ရှိပါတယ်။

Helloဆရာဝန်ရဲ့ ကိုယ်ဝန်ဆောင်အဖွဲ့ အစည်းထဲမှာ ပြုလုပ်မယ့်သီတင်းကျွတ်စာမူပြိုင်ပွဲမှာ မေမေတို့ ထူးထူးဆန်းဆန်း ကြုံတွေ့ခဲ့ရဖူးတဲ့ ချင်ခြင်းတပ်ခြင်းတွေအကြောင်းကို

“ကိုယ်ဝန်ဆောင်ချိန် ထူးခြားတဲ့ ချင်ခြင်းတပ်ခြင်းများ” ခေါင်းစဥ်ဖြင့် ယှဥ်ပြိုင်ပြီး ဆုငွေ ၅၀,၀၀၀ ရယူနိုင်ပါပြီ။


Helloဆရာဝန်ရဲ့ သီတင်းကျွတ် စာမူပြိုင်ပွဲ ဘယ်လိုယှဥ်ပြိုင်ရမလဲ...?


၁. အရင်ဆုံး Hello ဆရာဝန် Website ကိုဝင်ပြီး Helloဆရာဝန်ရဲ့ ကိုယ်ဝန်ဆောင်အဖွဲ့ အစည်းထဲမှာ Sign In/ Sign Up လုပ်ရပါမယ်။


၂. ကိုယ်ဝန်ဆောင် အဖွဲ့အစည်းထဲ ရောက်ပြီဆိုရင် “စတင်ဆွေးနွေးမယ်” ဆိုတဲ့ နေရာလေးကို န

... ပိုမိုကြည့်ရှုရန်
Helloဆရာဝန်ရဲ့ သီတင်းကျွတ် စာမူပြိုင်ပွဲ Helloဆရာဝန်ရဲ့ သီတင်းကျွတ် စာမူပြိုင်ပွဲ 
0
17k
မှတ်ချက် 0 ခု
ကိုယ်ဝန်ဆောင်မေမေ သန်ချလို့ရလား....?

ဘေဘီလေးကို ကိုယ်ဝန်လွယ်ထားချိန်၊ အစစအရာရာ ဂရုစိုက်နေရချိန်မှာ မေမေတို့ သိချင်နေလောက်မယ့် မေးခွန်းလေးတစ်ခု အကြောင်း ပြောပြပေးချင်ပါတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင်မေမေ သန်ချလို့ရလား ဆိုတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ

သန်ချလို့ရလား ဆိုတာကို မပြောခင် သန်ချတာနဲ့ ပတ်သက်တဲ့ အကြောင်းလေး

ပြောပြပေးချင်ပါတယ်။ ဒီဆောင်းပါးလေး ကို ဖတ်ကြည့်လိုက်ပါနော်....

0
17k
မှတ်ချက် 0 ခု
ပုံမှန်မဟုတ်တဲ့ ချင်ခြင်းတပ်တာ ဘာအဓိပ္ပာယ်လဲ။

ဒီအပတ် Hello Sayarwonမှာ ကိုယ်ဝန်ဆောင်ချိန်တုန်းက ထူးခြားတဲ့ ချင်ခြင်းတက်ခြင်းတွေအကြောင်း စာမူပြိုင်ပွဲလေး ရှိတာကြောင့် မေမေတို့ ဝင်ပြိုင်လိုက်ကြပါဦးနော်။ ၅သောင်းဆု ၂ဆုပေးဖို့ စီစဉ်ထားပါတယ်။

ဒါနဲ့ဆက်စပ်ပြီး ချင်ခြင်းတပ်တာနဲ့ ဘယ်လိုကျန်းမာရေးပြဿနာနဲ့ ပတ်သက်နေလဲဆိုတာ ပြောပြပေးမယ်နော်။ ကိုယ်ဝန်ဆောင်ချိန်မှာ အမေတွေက ဟိုဟာစားချင်တယ်။ ဒီဟာစားချင်တယ်။ ချိုတာမှ၊ ချဉ်တာမှ စားချင်ကြပါတယ်။ တစ်ခါတလေ မဟုတ်က ဟုတ်က အတွဲအစပ်တွေလည်း စားချင်ကြသေးတယ်ဟုတ်။ ဥပမာ ပေါင်မုန့်ကို ငါးပိနဲ့ တို့စားချင်လိုက်တာတို့ ဘာတို့ပေါ့။ ဒီထိက လက်ခံလို့ရပါသေးတယ်။

တစ်ခါတလေ စားရမယ့် အစာတွေ မဟုတ်တာကို စားချင်တာလည်း ရှိပါသေးတယ်။ ဥပမာ ဆေးလိပ်ပြာလျက်ချင်တာ၊ မြေကြီးစားချင်တာမျိုးပေါ့။ ဒါတွေက စားလို့ရတာတွေမှ မဟုတ်တာ။ ဒီလိုမျိုး ဆိုရင်တော့ သတိထားပါ။ အမေက အာဟာရချို့တဲ့နေတာကြောင့် ဖြစ်နိုင်ပါတယ်။

အထူးသဖြင့် သံဓာတ်ချို့တဲ့သွေးအားနည်းတဲ့ အမေတွေက ဒီလိုပုံမှန်မဟုတ်တာတွေကို စားချင်စိတ်ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလိုထူးခြားတဲ့ ချင်ခြင်းမျိုးဖြစ်လာရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြန်ပြပြီး အာဟာရချို့တဲ့မှု ရှိမရှိ စစ်ကြည့်ဖ

... ပိုမိုကြည့်ရှုရန်
ပုံမှန်မဟုတ်တဲ့ ချင်ခြင်းတပ်တာ ဘာအဓိပ္ပာယ်လဲ။ပုံမှန်မဟုတ်တဲ့ ချင်ခြင်းတပ်တာ ဘာအဓိပ္ပာယ်လဲ။
1
17k
မှတ်ချက် 0 ခု
ကိုယ်ဝန်ဆောင်ချိန် ထူးခြားတဲ့ချင်ခြင်းတပ်ခြင်းများ

ကျမက hello sayarwonရဲ့ fanတယောက်ပါ ကိုယ်သိချင်တာတွေ အမြဲသိခွင့်ရလို့ကျေးဇူးအမြဲတင်နေရသူပါ ကလေးတယောက်မွေးပြီး

အမေတယောက်ပါ သမီးလေးက အခုဆို 4နှစ်နဲ့10လရှိပါပြီ

တယောက်ထဲ​​မွေးထားတာပါ ကိုယ်ဝန်စရှိတုန်းက ခေါင်းမူးတာ အန်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်းပဲ အနည်းငယ် ဖြစ်ပါတယ် ချင်ခြင်းက သိသိသာသာ ထူးထူးခြားခြား မဖြစ်ခဲ့ပါဘူး လူတယောက်နဲ့တယောက်က မတူပေမဲ့ ချင်ခြင်းလို့ပဲ​ပြောရမလားပဲ အလုပ်တွေမနားတန်း လုပ်ချင်တဲ့စိတ်တော့ အမြဲရှိနေတယ် ပျင်းပြီးအိပ့်နေတာ ခွေနေတာမရှိသလောက်ပါပဲ အိမ်အလုပ်တွေဒေါင့်စေ့အောင် လုပ်တယ် ကျန်းမာရေးနဲ့သင့်တော်တာတွေ ကိုယ့်ဘာသာ ချက်ပြုတ်စားတယ် အဓိက ကစားချင်နေတက်တာကတော့ အမေချက်​ပေးခဲ့တဲ့ ငယ်ဘဝကစားခဲ့ရတဲ့ ဟင်းတွေပဲပေါ့

ဘာလေးပဲစားရစားရ ကျေနပ်နေတာမျိုးပါ ဘာဟင်းဆိုပြီး

သီးသန့်မရမက စားချင်တာမျိုးမရှိခဲ့ပါဘူး ဘာလေးဖြစ်ဖြစ်စားတက်နေတက် ကျေနပ်နေတဲ့ ခံစားမှုလေးတော့ရှိနေတက်တယ် အရင်က အမြဲစိတ်တိုတက်ပေမဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်မတိုတက်ဘူး အမြဲတက်ကြွနေတက်တယ် အခုသမီးလေးကလည်း အမြဲတက်ကြွလန်းဆန်းနေတာပဲ သူငယ်ချင်​းတယောက်ကလည်း

ကိုယ်ဝန်ဆောင်ပါပဲ တခါတခါငိုပြီးဖုန်းဆက်ပြီးကျမ

... ပိုမိုကြည့်ရှုရန်
0
17k
မှတ်ချက် 1 ခု
ကိုယ်ဝန်ဆောင်မေမေ သန်ချလို့ရလား... ?

ဒီအဖွဲ့အစည်းထဲက မေမေတို့ ဘေဘီလေးကို ကိုယ်ဝန်လွယ်ထားချိန်မှာ

သန်ချဖူးလား... ကိုယ်ဝန်ဆောင်ချိန်မှာရော သန်ချလို့ရရဲ့လား...... အကယ်လို့ သန်ချမယ်ဆိုရက် ဗိုက်ထဲက ဘေဘီလေးကို ထိခိုက်နိုင်လား.... စတဲ့မေမေတို့ သိချင်နေတဲ့

မေးခွန်းများစွာကို မနက်ဖြန် ဆောင်းပါးလေးမှာ ဖော်ပြပေးသွားပါမယ်နော်... .

ကိုယ်ဝန်ဆောင်မေမေ သန်ချလို့ရလား... ?ကိုယ်ဝန်ဆောင်မေမေ သန်ချလို့ရလား... ?
0
17k
မှတ်ချက် 0 ခု
အမွှာလိုချင်လို့့ပါ

ညီမ အိမ်ထောင်ကျတာ တစ်နှစ်ရှိပီရှင့် ကလေးယူချင်တာ အမွှာလေးပဲလိုချင်နေလို့ပါ အမျိုးသားကော ညီမမျိုးရိုးဘက်မှာကော အမွှာမွေးဖူးတဲ့သူမရှိပါဘူး မဖစ်နိုင်ဘူးမှန်းသိပေမယ့် ကြိုးစားလို့ရရင်လည်းကြိုးစားပါမယ် တကယ်ကိုအမွှာလေးပဲလိုချင်တာပါရှင့်

0
17k
မှတ်ချက် 1 ခု