ဆရာမရှင့် ၃လပိုင်း၁၂ ရက်CT ရိုက်ရင်း သားအိမ်အလုံးတွေ့လို့ မီးယပ်ဆိုင်ရာဆရာဝန်သွားပြပါတယ်။
အာထရာဆောင်းထည့်စစ်တော့ ဘယ်ဘက်သားဥအိမ်မှာ(32.4x37.1x34.3mm)သွေးလုံး(လို့ပြောပါတယ် သူ့ဟာသူ့ကျုံ့သွားမယ်လို့လဲပြောပါတယ် ၃ လစောင့်ကြည့်ပြီးမှ မသက်သာရင်နောက်ကုသနည်းလုပ်မယ်လို့ပြောပါတယ်။ အဲဒါ ၄ လပိုင်း ၂၂ ရက်ရာသီက ၁ရက်ပဲကောင်းကောင်းလာပြီး နောက်ရက် ပေရုံလေးပဲ ၂ ရက်လောက်လာက်လာပါတယ် (ပုံမှန်၃ ရက်ကောင်းကောင်းလာပါတယ်) ၂၀၂၄.၁.၁၅ ရက်နေ့ကလဲ သည်းခြေအိတ်ခွဲစိတ်မှုပြုလုပ်ထားပါတယ် ။ ခွဲစိတ်မှုဒဏ်ကိုကြောက်နေလို့ပါ ။ အခု ၃ လနေလို့မှ မသက်သာရင်ခွဲရနိုင်လားရှင့်။ (ပြည်ပတွင်ရှိနေသောကြောင့် အလုံးစုံနားမလည်လို့ပါ)
နောက်တခုက ၅လပိုင်း၅ ရက်နေ့မှာ ဆီးကျန်ပြီးဆီးနာလို့ မီးယပ်မှာပဲ သွားပြတော့ ပိုးသတ်ဆေး ၅ ရက်စာပေးလိုက်ပါတယ် ။ ၆ ရက်နေ့မှာ မိန်းမကိုယ် အတွင်းနှုတ်ခမ်းမှာ ရေယုန်လိုလို နီဖောင်းပြီး နာလာပါတယ် လမ်းလျှောက်လ်ု့တောင်မရပါဘူးရှင့် ။
ရင်သားတွေလဲတင်းပြီးနာပါတယ် ခါးတွေ လဲ နာပါတယ် မသက်သာပါဘူးရှင့် ။ ပိုးသတ်ဆေး ၅ ရက်ပြည့်အောင်သောက်ပြီးမှဆေးခန်းထပ်သွားမယ်လို့စီစဉ်ထားပါတယ် ။ သွားတဲ့အချိန် ဘာမေးမြန