🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်၀န်ဆောင်ချိန်ထူးခြားတဲ့ချင်ခြင်းတပ်ခြင်းများ

ကိုယ်၀န်ဆောင်တဲ့အချိန်တွေမှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် စိတ်အပြောင်းအလဲဖြစ်ပြီး ထူးခြားတဲ့အဖြစ်အပျက်လေးတွေ ကြုံရတတ်ပါတယ် ။

အစားအသောက်တစ်ခုခုကို ထူးထူးခြားခြားစားချင်နေတဲ့ဆန္ဒပြင်းပြတာတို့ ၊ အမွှေးနံ့သာတစ်ခုခုလိမ်းခြယ်ချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာတာတို့ စတဲ့အချက်လေးတွေ ဖြစ်လာတာပါပဲ ။ အဲဒါကို မေမေတို့ချင်ခြင်းတပ်တယ်လို့ ခေါ်တာပေါ့နော် ။

ကျွန်မလဲ ကျွန်မရင်သွေးလေးတွေကို ကိုယ်၀န်ဆောင်ထားရချိန်တုန်းက ထူးထူးခြားခြားလေးတွေ ချင်ခြင်းတပ်ခဲ့ဖူးပါတယ် ။ ကလေးနှစ်ယောက်မွေးခဲ့ဖူးတဲ့ အတွေ့အကြုံတွေအရ ကိုယ်၀န်ဆောင်ချိန်အတွင်း ချင်ခြင်းတပ်ပုံခြင်းလဲ တစ်ခေါက်နဲ့တစ်ခေါက် မတူညီပါဘူး ။

ပထမရင်သွေးလေးကိုယ်၀န်ဆောင်ချိန်မှာ အလှပြင်ရတာကို သိပ်သဘောကျပါတယ် ။ မျက်စိရှေ့တွေ့သမျှ အစားအသောက်တွေအားလုံး စားချင်တဲ့စိတ်လဲ ဖြစ်မိပါတယ် ။ ဒုတိယရင်သွေးလေးကိုယ်၀န်ဆောင်ချိန်မှာတော့ အလှအပကိုလုံး၀မမက်မောဘဲ ပေါ့ပေါ့ပါးပါးနေရတာကို ပိုပြီးသဘောကျမိတယ် ။ အစားအသောက်တွေ ရွေးခြယ်ပြီးမှစားတယ် ။ ကောက်ညှင်းနဲ့ပတ်သက်တဲ့ အစားအသောက်တွေစားရတာကို ပိုပြီးကြိုက်နှစ်သက်ပါတယ် ။

အထူးခြားဆုံးချင်ခြင်းတပ်တာကတော့ သနပ်ခါးတွေကို လိမ်းခြယ်ဖို့စိတ်ကူးမရှိဘဲ စားချင်စိတ်တွေမထိန်းနိုင်လောက်အောင်ဖြစ်ခဲ့ပြီး မကြာခဏသနပ်ခါးသွေးပြီး စားခဲ့ဖူးတာပါပဲ ။

ကိုယ်၀န်ဆောင်ချိန်မှာ အဲဒီလိုထူးခြားတဲ့ချင်ခြင်းတပ်ခြင်းတွေဖြစ်ပြီး ပင်ပန်းခဲ့ပေမယ့် ရင်သွေးလေးမွေးဖွားပြီးတဲ့နောက်မှာတော့ ထိုအဖြစ်အပျက်တွေဟာ တစ်သက်စာအမှတ်တရဖြစ်နေမယ့် ကျွန်မစိတ်ထဲမေ့၍မရသော အဖြစ်အပျက်လေးများအဖြစ်သာ ကျန်ရှိနေပါတော့တယ် ။

#StoryCompetition2022Oct

4
18k
မှတ်ချက် 2 ခု

မှတ်ချက် 2ခု

ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မေမေရေ။ ဆုရရှိဖို့ Community ထဲမှာလည်း likeများများ ရပါစေနော်

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1
@Dr Htet Htet Zaw Win

💕

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်