ကိုယ်ဝန်ဆောင်ချိန်ထူးခြားတဲ့ ချဥ်ချင်းတပ်ခြင်းများ
မေယွန်းပန်းချီ ကအခု ရှစ်လပြည့်ပြီပေါ့နော်၊
သူ့ကို ကိုယ်ဝန်မရခင်က ဒီမေမေပိန်ပိန်လေးရယ်
89lb ပဲရှိတယ်။ သူ့ကိုရပြီးမှ စားလိုက်တဲ့အစား
ပျို့တာအန်တာ ဘာမှမရှိပဲ စားသမျှအကုန်ဝင်လို့
ဘယ်လောက်ထိလဲဆို သူများတကာ အစားအစာကြောင်းပြောနေရင် အဲ့တာကို စားချင်တယ် စားရမှ
Fb သုံးနေရင်း အစားစာပုံံတက်လာရင်လဲ စားရမှ
တနေကုန်လဲ အစားစားတဲ့ Video တွေထိုင်ကြည့်နေရတယ်။ထူးထူးခြားခြား ချဥ်ချင်းတပ်တာ
အာဆီယံသပြေပင်ရဲ့ထိပ်က ရဲနေတဲ့ အညွှန့်ကို
ခူးစားချင်တာများ မနေနိုင်လို့ အိမ်ကအလစ်
ဘုရားစင်ကပ်ထားတဲ့ သပြေကနေသွားချိုးစားရတယ်။ သီဟိုညွှန့်စားချင်လို့ အိမ်ကအဒေါ်ကိုမှာတာ
တို့စားတဲ့သီဟိုညွှန့်နဲ့ ဘုရားစင်တင်တဲ့အညွှန့်နဲ့မှားဝယ်လာလို့ ရယ်လိုက်ရသေးတယ်။နောက်တခုက သနပ်ခါးတုံးကို အတုံးလိုက်အခေါက်တွေ စားချင်တာ
သွားနဲ့ခွာပြီးစားတာ ဗိုက်ကြီးစဥ်ကာလ သုံးတုံးကုန်တယ်။မွေးလာတော့ ဖွေးနေတာပဲ တလုံးတခဲကြီး။
အခုတော့ အမေက နဂိုတိုင်းပြန်ပိန်သွားပြီး
ကလေးက ရှစ်လကို ပေါင်နှစ်ဆယ်နီးပါးဖြစ်နေပြီ။
အစားမရှောင်ပဲ အကုန်စားပြီး မိခင်နို့တမျိုးပဲ ခြောက်လအထိတိုက်ခဲ့တာ။ အခုလဲ သူစားလို့ရတာ အကုန်ကျွေးတယ်။အသား၊ငါး၊အသီးအရွက်
သင့်တင့်အောင်ပါရှင်။
#StoryCompetition2022Oct

















https://hellosayarwon.com/community/pregnancy/pregnancy-23475
Hello ဆရာဝန် Facebook Page Messenger မှာ လာရောက် ဆက်သွယ်ပေးပါနော်....
hellosayarwon.com
Ma Htet Yu Wai ရဲ့ စာမူလေးက Hello ဆရာဝန်ရဲ့ စာမူပြိုင်ပွဲမှာ အယ်ဒီတာရွေးချယ်တဲ့ စာမူနှစ်ခုထဲက တစ်ခုအနေနဲ့ ပါဝင်သွားပါတယ်။ ဆုငွေထုတ်ယူဖို့အတွက် Hello ဆရာဝန် ရဲ့ Facebook Page မှာ နာမည် ဖုန်းနံပါတ်လေးကို ပေးပို့ပေးထားပါနော်။ သာယာသောနေ့လေးဖြစ်ပါစေ။
ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မေမေရေ။ ဆုရရှိဖို့ Community ထဲမှာလည်း likeများများ ရပါစေနော်