🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်​ဆောင်ချိန်ထူးခြားတဲ့ ချင်ခြင်းတပ်ခြင်းများ

အိမ်​ထောင်ကျပြီးတစ်လ​တောင်မပြည့်​သေးချိန် ရာသီလည်းမလာ ​နေလို့လည်းမ​ကောင်းလို့ ဆီးစစ်ကြည့်တာ မျဥ်း​ကြောင်း​လေးနှစ်​ကြောင်းစ​တွေ့ထဲက ဒီ​မေ​မေကစအန်တာပါ ​နေ့ရက်တိုင်းမအန်တဲ့​နေ့ရယ်လို့မရှိခဲ့ပါဘူး ထူးခြားတာတစ်ခုက​တော့ အပြင်ထွက်ရချိန်ဆိုမအန်ချင်ဘူး အမဲသားဘယ်​တုန်းကမှမစားခဲ့တဲ့ကိုယ်က ကိုယ်ဝန်စရှိထဲက အမဲသားကိုစားချင်တာပါ မ​နေနိုင်လို့ကိုယ်ဝန်တစ်​​လျောက်လုံးနီးပါး အမဲသားကိုပုံစံမျိုးစံနဲ့ချက်စားဖြစ်ခဲ့တယ် အဲ့လိုအမဲသားစားရရင်မအန်ဘူး ပျို့လည်းမပျို့ဘူး ကိုယ်မမြင်ချင်ဆုံးအစားအစာက​တော့ကြက်သားပါ ကိုယ်ဝန်တစ်​လျောက်လုံး ကြက်သားအနံ့ရတာနဲ့တင်အန်ရတာပါ

ထူးထူးခြားခြားမှတ်မိ​နေတာ​က ကိုယ်ဝန်၂၁ပတ်မှာကျွန်မ​တော်​တော်​လေး​နေမ​ကောင်းဖြစ်တာပါ ​သွေး​ပေါင်၁၉၀အထိတက်သွားလို့ က​လေး​တောင်အသက်ရှင်ပါ့မလား အ​တော်စိုးရိမ်ခဲ့ရတာပါ ​ဆေးရုံမှာ​နေ့လည်ထမင်းစားချိန် ​ဘေးကုတင်ကအမျိုးသမီးထမင်းချိုင့်ဖွင့်လိုက်တဲ့အချိန် ကျွန်မနှာ​ခေါင်းထဲကိုဝင်လာတဲ့အမဲသားနှပ်ရဲ့အနံ့က ဘယ်လိုမှမ​နေနိုင်​​အောင် အရမ်းစားချင်လာလို့ ကျွန်မကိုတစ်တုံး​လောက်​ကျွေးဖို့​တောင်းခဲ့တယ် ​သ​ဘော​ကောင်းတဲ့​ဘေးကုတင်ကမိသားစုက ကျွန်မကိုတစ်ချိုင့်နီးပါး ​ပေးတယ် ကျွန်မလည်းဗိုက်ဆာဆာနဲ့စားလိုက်တာ လူက​တော်​တော်​နေလို့​ကောင်းသွားတယ် ခဏကြာ​တောင့်ဆရာဝန်​တွေက​သွေး​ပေါင်လာချိန်​တော့ ကျွန်မ​သွေး​ပေါင်ချိန်က ပုံမှန်ပြန်ဖြစ်​နေပါပြီ ကျွန်မ​တော်​တော်အံ့သြသွားမိတယ် အမဲသားက ​သွေးပိုတိုး​စေတယ်လို့ ကျွန်မသိထားတာ စားချင်တာစားလိုက်ရလို့များလားဆိုပြီး ကျွန်မကြိတ်ပြုံးမိ​သေးတယ်


​မေ​မေတို့အားလုံးကိုသတိ​ပေးချင်တာတစ်ခုရှိပါတယ် ကျွန်မတစ်ရက်​တော့ သ​ဘော်သီး​ထောင်းမစားရရင်မ​နေနိုင်​အောင်ဖြစ်လို့ စားမိပါတယ် ည​နေ၅နာရီမှာစားပြီး ည၆နာရီခွဲမှာ ​သွေး​တွေအရမ်းဆင်းလို့ သား​လေးကို၈လထဲနဲ့ခွဲ​မွေးလိုက်ရပါတယ် ဆရာဝန်​တွေကအ​ကောင်းဆုံးကြိုးစား​ပေးမယ်ဆိုတဲ့စကားက ကျွန်မအတွက်​တော့အရမ်း​ကြောက််မိ​နေတာပါ ကံ​ကောင်းစွာနဲ့သား​လေးက ၅​ပေါင်၂​အောင်စ အသက်ရှင်လျက်ထွက်လာခဲ့ပါတယ် ဘုရားတရားအကျိုးအား​ကြောင့်လည်းပါမယ်ထင်ပါတယ် အခုထိ​တွေးမိတိုင်းအဲ့ဒီ​နေ့ရက်က ကျွန်မအတွက်​တော့အ​ကြောက်ဆုံးပါ


​မေ​မေတို့အားလုံးကိုကျွန်မလိုမဖြစ်​စေချင်လို့ သ​ဘော်သီးကို​တော့​ရှောင်​စေချင်ပါတယ်ရှင်!

"#StoryCompetition2022Oct"


0
17k
မှတ်ချက် 1 ခု

မှတ်ချက် 1ခု

ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မေမေရေ။ ဟုတ်ပါတယ်နော်။ ကိုယ်ဝန်ဆောင်တွေက သင်္ဘောသီးအစိမ်းကို ရှောင်သင့်ပါတယ်။ သားအိမ်ကို ညှစ်စေလို့ပါ။ ကိုယ်ဝန်နုချိန်ဆို ပိုရှောင်သင့်ပါတယ်။ သင်္ဘာသီးအမှည့်ကတော့ စားလို့ရပါတယ်။ အမျှင်ဓာတ်ပါလို့ ဝမ်းချုပ်တာ သက်သာစေပါတယ်။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်