သိချင်လိုပါ
ချစ်သူနဲ့ပထမအကြိမ်အတူနေမိတုန်းကemergency ဆေးသောက်မိပါတယ်ဒုတိယအကြိမ်မှာအရေးဆေးမသောက်ပဲနေ့စဉ်သောက်ဆေးပဲစသောက်လိုက်မိပါတယ် အတူနေပြီးနောက်ရက်မှာရာသီလာပါတယ်ရာသီလာပြီး၄ယောက်မြှောက်နေမှာအတူထပ်မိသွားလို့ပါ ကိုယ်ဝန်ရနိုင်လားရှင့်🥺ဒုတိယအကြိမ်တုန်းကအရေးပေါ်ဆေးမသောက်မိလို့ပါ
နေ့စဉ်သောက်ဆေးတွေက ရာသီလာတဲ့အချိန်မှာ စသောက်တာမဟုတ်ရင် အာနိသင်ပြဖို့ စောင့်ရပါတယ်။ ချက်ချင်းသောက် ချက်ချင်းအာနိသင်ပြတာ မဟုတ်ပါဘူး။
ရာသီလာတဲ့ရက်မှာ အတူနေတာက ကိုယ်ဝန်ရနို်င်ခြေနည်းပေမဲ့ လုံးဝမရနိုင်တာတော့ မဟုတ်ပါဘူး။ အချိန်မီဦးမယ်ဆိုရင်တော့ အရေးပေါ်တားဆေးသောက်လိုက်ပါ။ နေ့စဉ်တားဆေးကတ်လည်း ဆက်သောက်ရပါမယ်။