ကိုယ်ဝန်ဆိပ်တက်ခြင်း ဘာကြောင့်ဖြစ်ရတာလဲ!
ကိုယ်ဝန်ဆိပ် တက်ခြင်းဆိုတာ့ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးသူတွေမှာ တက်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် သွေးတက်ခြင်းဟာ ကိုယ်ဝန်ဆောင်ကာလ တဝက်လောက်ကနေ မွေးဖွားချိန်အထိ ဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ဆိပ် တက်ခြင်းဟာ ပထမဆုံး ကိုယ်ဝန်တွေနဲ့ အသက်ငယ်သေးတဲ့ မိခင်တွေမှာ တွေ့ရတာ များပါတယ်။ ဖခင်ဘက်က antigen ပါဝင်ခြင်းကြောင့်လို့ ယူဆရပါတယ်။ လက်ရှိကာလအထိ ကိုယ်ဝန်ဆိပ်တက်ခြင်းရဲ့ အကြောင်းအရင်းကို အတိအကျ မသိရသေးပါဘူး။ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်းကိုတော့ အခြေခံပြီး ဖြစ်တတ်ပါတယ်။
အောက်ပါအချက်များကြောင့် ကိုယ်ဝန်ဆိပ် တက်ခြင်းဖြစ်နိုင်ပါတယ်။
🔸သွေးတိုးရှိနေတာ
🔸ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာကို ခံစားရတာ
🔸ကလေးတစ်ယောက်ထက် ပိုပြီး ကိုယ်ဝန်ဆောင်ဖူးတာ
🔸အဝလွန်တာ
🔸ကျောက်ကပ်ရောဂါ ရှိတာ
🔸ဆီးချိုရောဂါ တစ်ခုခု ခံစားနေရတာ
🔸မျိုးရိုးရှိတာ
🔸အသက် ၃၅နှစ် ကျော်နေတာ
🔸စားသောက်မှုပုံစံ
🔸 Autoimmune disorders စတာတွေကြောင့်ပါ။
#HelloMomandBaby #Pregnancy #MomCare #ShortArticle