🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာသက်သာစေဖို့

ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာက အဖြစ်များတဲ့ပြဿနာတစ်ခုပါ။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်ချိန် မှာ ဟော်မုန်းပြောင်းလဲတာ၊ သားအိမ်က အစာအိမ်ပေါ် ဖိထားတာ၊ ကိုယ်ဝန်ဆောင်ချိန်မှာ သောက်သုံးရတဲ့ သံဓာတ်အားဖြည့်ဆေးတွေကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက ဝမ်းချုပ်နိုင်ပါတယ်။


ဒီလို ဝမ်းချုပ်တာကို သက်သာစေဖို့ နည်းလမ်းလေးတွေ ရှိပါတယ်။ ဒီနည်းလမ်းလေးတွေက ဘာတွေဖြစ်မလဲ ဆိုတာကိုရော သိပြီးပြီလား! မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။


🔷 ရေသောက်ပေးပါ

ကိုယ်ဝန်ဆောင်မေမေ တစ်ယောက်က တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်ကနေ ၁၂ ခွက်အထိ သောက်ဖို့ လိုပါမယ်။ ဒီလို သောက်ပေးမှ အူတွေ လှုပ်ရှားမှု ကောင်းစေပြီး ဝမ်းမှန်စေမှာပါ။


🔷နည်းနည်းချင်းနဲ့ အကြိမ်ရေများများစားပေးပါ

ကိုယ်ဝန်ဆောင်မေမေ တစ်ယောက် အနေနဲ့ တစ်ခါတည်းနဲ့ တဝစားတာမျိုး မလုပ်သင့်ပါဘူး။ တစ်နေ့တာမှာ ၅ ကြိမ် ကနေ ၆ကြိမ်လောက်ထိခွဲပြီး နည်းနည်းချင်းစီ စားပေးပါ။ ဒါမှ အစာအိမ်က ဝန်မပိဘဲ စားလိုက်တဲ့ အစားအစာတိုင်းကို အကောင်းဆုံး ချေဖျက်နိုင်မှာပါ။


🔷ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ

လေ့ကျင့်ခန်းလုပ်ပေးတာက အူမကြီးကို လှုပ်ရှားမှု ကောင်းစေပြီး ဝမ်းချုပ်တဲ့ပြဿနာ ကင်းစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေ တစ်ယောက် အနေနဲ့ တစ်ခါလုပ်ရင် မိနစ် ၂၀ ကနေ ၃၀ ထိ တစ်ပတ်ကို ၃ ကြိမ်လောက်ပေါ့ပါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ပေးပါ။ မနက်ခင်းမှာ လမ်းလျှောက်တာ၊ ရေကူးတာ၊ ကိုယ်ဝန်ဆောင်ယောဂ လေ့ကျင့်တာမျိုးတွေပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကြောင့် စိတ်မညစ်ရစေဖို့ ဒီနည်းလမ်းလေးတွေ အတိုင်း စားသောက်နေထိုင်ပေးပါ။


🔷 သတိထားရမယ့် အခြေအနေတွေ

ကိုယ်ဝန်ဆောင်မေမေ တစ်ယောက် အနေနဲ့ ဝမ်းချုပ်တာကြောင့် အခုလို လက္ခဏာတွေ ခံစားလာရပြီ ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးသွားပြပေးဖို့ လိုပါမယ်။


🔸မအီမသာ ဖြစ်မယ်

🔸အစာအိမ် နာမယ်

🔸အော့အန်မယ်

🔸ဝမ်းချုပ်တာက ၁ ပတ်၊ ၂ ပတ်လောက် ဖြစ်နေမယ်

🔸စအိုက သွေးထွက်မယ်

🔸ဝမ်းပျော့ဆေး သောက်ပေမယ့် ဝမ်းမသွားဘူးဆိုရင်ပါ။

🔸ကိုယ်ဝန်ဆောင်စဉ် ခါးနာခြင်း ရောဂါမတိုးစေဖို့ လိုက်နာစရာလေးများ


ကိုယ်ဝန်ဆောင်မိခင်တွေမှာ အဖြစ်များတဲ့ ဝေဒနာတစ်ခုရှိပါတယ်။ အဲဒါကတော့ခါးနာခြင်းပါပဲ။ ကိုယ်ဝန်ဆောင်ရတဲ့အချိန်မှာ လရင့်လာတာနဲ့အမျှ ကိုယ်အလေးချိန်တက်လာခြင်း၊ ပြောင်းလဲလာတဲ့ ဟော်မုန်းများကြောင့် တင်ပဆုံအရိုးအရွတ်တွေ အားပျော့လာခြင်းစတာတွေကြောင့် ဖြစ်ပါတယ်။


ကိုယ်ဝန်လရင့်လာတာနဲ့အမျှ ပိုပိုတိုးလာတဲ့ ခါးနာမှုတွေကို သက်သာစေဖို့ဆိုရင် လိုက်နာရမယ့် အချက်လေးတွေ ရှိပါတယ်။ ဒါတွေကတော့ -


🔷 ကိုယ်နေဟန်ထား မှန်မှန်လေး နေပါ


ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာမှု ကင်းပြီး ကိုယ်ဟန်အနေအထားမှန်ကန်ဖို့အတွက်


-ဖြောင့်ဖြောင့်မတ်မတ်ရပ်ပါ။

-ရင်ဖွင့်ပြီးနေပါ။

​-ပခုံးကိုလည်း အသာလျှော့ပြီးနေပါ။ ရှေ့ကိုကိုင်းတာမျိုး၊ နောက်ကိုလန်တာမျိုးမဖြစ်အောင်ဂရုစိုက်ပါ။

-ဒူးချိတ်ထိုင်တာကိုရှောင်ပါ။

-မတ်တတ်အကြာကြီးရပ်ခြင်းကိုလည်း ရှောင်ပါ။


🔷 ဖိနပ် ဂရုပြုပါ

ဖိနပ်စီးတဲ့အခါ High Heel ဒေါက်ချွန်အမြင့်တွေကို ရှောင်ပါအလွန်ပါးလှပ်သောဖိနပ်မျိုးထက်စာရင် ခြေဖဝါးရဲ့ arch အကွေးအတိုင်းသွားတဲ့ အထူအနေတော်ရှိတဲ့ဖိနပ်မျိုးကို ရွေးချယ်သင့်ပါတယ်။


🔷 ပစ္စည်းတွေကို ဆတ်ခနဲ မမပါနဲ့

ပစ္စည်းတချို့ကို ကောက်ယူတဲ့အခါ ထိုင်ချပြီး (မုဆိုးထိုင်ထိုင်ခြင်း)ပြုပြီးမှ ခြေထောက်ပေါ်မှေးတင်ပြီး မ ယူပါ။ ခါးကိုကွေးပြီး မယူခြင်း လုံးဝမလုပ်သင့်ပါ။


🔷 ဘေးစောင်းအိပ်ပါ

ပက်လက်အိပ်ခြင်းကို ကိုယ်ဝန်လေးလ သို့မဟုတ် ငါးလ ကျော်တာနဲ့ မပြုလုပ်ပါနဲ့တော့။ ဘေးစောင်းအိပ်ပါ။ ဒူးတစ်ချောင်း သို့မဟုတ် နှစ်ချောင်းလုံးကွေးပြီးအိပ်ပါ။


🔷 ရေနွေးအိတ် သို့မဟုတ် ရေခဲအိတ်ကပ်ပါ

ခါးနာတဲ့အခါ ရေနွေးအိတ်လေးကပ်ပေးတာ၊ ရေခဲအိတ်လေးကပ်ပေးတာတွေကလည်း မိခင်လောင်းတွေအတွက် နေသာထိုင်သာရှိစေပါတယ်။


🔷ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ

သားဖွားမီးယပ်ဆရာဝန်ရဲ့ ခွင့်ပြုမှုနဲ့အတူ ကိုယ်ဝန်ဆောင်စဉ်မှာ ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ခါးလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဟာလည်း ခါးနာခြင်းကိုသက်သာစေပါတယ်။


🔷 ဆရာဝန် ချက်ချင်းပြရမယ့် အခြေအနေတွေ

ကိုယ်ဝန်ဆောင်စဉ်မှာ ခါးနာခြင်းဟာ အဖြစ်များတယ် ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုပေမဲ့


🔸နှစ်ပတ်ထက်ပိုပြီး ဆက်နာနေရင်


🔸ခါးနာခြင်းနဲ့အတူ ရေဆင်းသွေးဆင်းခြင်း၊ ဖျားခြင်း၊ ဆီးသွားလျှင် ဆီးပူ ဆီးကျင် ဆီးအောင့်ခြင်းများပါ တွဲရက်ခံစားရရင် သားဖွားမီးယပ်ဆရာဝန်နဲ့ အမြန်ပြသပြီး စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။


ခါးနာတဲ့အခါ မိမိသဘောနဲ့မိမိ သောက်ဆေး၊ လိမ်းဆေးများ မသုံးပါနဲ့။ နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်စဉ်မှာ ခါးနာခြင်းဟာ လမစေ့ဘဲ ကလေးမွေးခြင်းရဲ့ လက္ခဏာလည်းဖြစ်နိုင်သလို ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ လက္ခဏာလည်းဖြစ်နေနိုင်ပါတယ်။


#HelloMomandBaby #Pregnancy #ShortArticle


ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာသက်သာစေဖို့ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာသက်သာစေဖို့
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
14

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်