🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ချိန် ထုံတာ၊ ကျဉ်တာ ခံစားရတဲ့အခါ

ကိုယ်ဝန်ဆောင်တဲ့အချိန်ဆို ခန္ဓာကိုယ်က နှစ်ယောက်စာထမ်းပိုးထားရ၊ အားဖြည့်ပေးရတာမို့ မေမေတို့ နေရထိုင်ရတာ အတော်ဂရုစိုက်ရတာပါ။ ဒီလိုအချိန်မှာ အဖြစ်များတဲ့ ခြေလက် ထုံကျဉ် မှု အကြောင်းလေး ပြောပြပေးမယ်နော်။


ကိုယ်ဝန်ဆောင်လရင့်လာတဲ့ မေမေတွေဟာ ဒီပြဿနာကို ခံစားရတတ်ပါတယ်။ လူတိုင်းမှာမဖြစ်ပေမယ့် လက်တွေ ထုံကျဉ် ၊ အားမရှိတဲ့ ဝေဒနာက နေရခက်တာမို့ မေမေတို့ နေထိုင်မှုဘဝမှာ အဆင်မပြေ ဖြစ်တတ်ကြပါတယ်။ လက်ချောင်းလေးတွေ၊ လက်ဖျံ၊ ခြေထောက်၊ ခါး တို့မှာ ထုံသလို ကျဉ်သလို ဖြစ်လာတဲ့အခါ ဘာလုပ်ရမှန်းမသိ၊ စိုးရိမ်လာတတ်ပါတယ်။


🔷 ထုံကျဉ်ရတဲ့ လက္ခဏာတွေ

ကိုယ်ဝန်ဆောင်ချိန်မှာ လက်က ထိတွေ့တာမသိ၊ ထုံနေတာမျိုး၊ ပူခနဲ ဖြာထွက်သွားတဲ့ခံစားချက်မျိုး၊ ကျဉ်ခနဲနာကျင်မှုမျိုး တွေ ခံစားရတတ်တယ်။ အိပ်ရာထတဲ့အချိန်၊ ညတရေးနိုးချိန်၊ ဒါမှမဟုတ် တစ်ခုခုထပြီးလှုပ်ရှားချိန်မှာ ဒီလက္ခဏာတွေ ခံစားရနိုင်ပါတယ်။


အတော်များများက ကိုယ်ဝန် ဒုတိယသုံးလပတ် နဲ့ တတိယသုံးလပတ်လောက်မှာ ကိုယ်အလေးချိန်ကတိုးလာပြီး အရည်စုခြင်းတွေ၊ ခြေလက်ဖောရောင်တာတွေ ပိုဖြစ်လာတာမို့ ဒီဝေဒနာတွေ ခံစားရတတ်တာဖြစ်ပါတယ်။


🔷ဘာကြောင့်ဖြစ်တာလဲ

ကိုယ်အလေးချိန်တိုးလာတာ၊ အရည်စုလာတာ၊ ဟော်မုန်းအပြောင်းအလဲ၊ ခန္ဓာကိုယ်အပြောင်းအလဲတွေကြောင့် လို့ ဆိုနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးဖွားချိန်အတွင်း အရွတ်တွဲတွေကို ဆန့်ထုတ်နိုင်အောင် ကူညီပေးတဲ့ ရီဖလက်ဆင်ဟော်မုန်းက ပိုများလာတဲ့အတွက် ကိုယ်အနေအထားပုံစံပြောင်းလဲနိုင်ပါတယ်။ ရလဒ်အနေနဲ့ အာရုံကြောညပ်တာ ဖြစ်လာနိုင်ပြီး စူးခနဲနာကျင်တာ၊ ခြေထောက်တွေ ၊ ပေါင်၊ ခါးနဲ့ တင်ပါးထဲက ထုံကျဉ် တာတွေ ဖြစ်လာနိုင်ပါတယ်။


အလားတူပဲ သားအိမ်က ပိုလေးလံလာပြီး ကလေးပိုထွားလာတာနဲ့အမျှ ကြွက်သား၊ အရွတ်နဲ့အာရုံကြောတွေမှာ အရင်နဲ့မတူဘဲ ဝန်ပိုပိစေနိုင်လို့ ထုံ၊ ကျဉ်ရတဲ့ ခံစားမှုတွေဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဒုတိယပတ်နဲ့တတိယပတ်တွေရောက်လာတာနဲ့ ခြေထောက်တွေ၊ လက်တွေ ဖောင်းလာ၊ ရောင်လာလေ့ ရှိပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ လက်ချောင်း၊ ခြေချောင်းထိပ်တွေအပြင် လက်ကောက်ဝတ်၊ ခါး၊ ခြေထောက်တို့မှာ ထုံကျဉ်တာတွေဖြစ်လာနိုင်ပါတယ်။


🔷 ဘယ်လို သက်သာအောင် လုပ်ရမလဲ

အများအားဖြင့်တော့ ထုံကျဉ်နေတဲ့နေရာတဝိုက်ကို အသာအယာ နှိပ်နယ်ပေးတာ၊ ရေနွေးလေးနဲ့ရေချိုးတာ၊ ကိုယ်ဝန်ဆောင်ခေါင်းအုံးနဲ့အိပ်တာ၊ ကြွက်သားတွေဆန့်ထုတ်အကြောလျှော့တာ(ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်း) စတဲ့ နည်းလမ်းလေးတွေရှိပါတယ်။ ဒါ့အပြင် -


▪ ရောင်နေတဲ့နေရာကို ရေခဲဝတ်ကပ်ပေးတာ၊

▪ ဆရာဝန်ညွှန်တဲ့ (ကိုယ်ဝန်ဆောင်အတွက် သင့်တော်တဲ့) အကိုက်အခဲပျောက်ဆေးသောက်တာ၊

▪ အပူသိပ်မပြင်းတဲ့ ဆေးလိမ်းတာ

▪ လက်နဲ့ လက်ကောက်ဝတ်ကို အမြင့်မှာ မြှောက်ထားတာ၊

▪ ခြေထောက်ကို ရေနွေးအိတ်ကပ်တာ၊

▪ ရေနွေးနဲ့ရေချိုးတာ၊

▪ လေ့ကျင့်ခန်းကုထုံးခံယူတာ၊

▪ အိပ်စက်မှု အနေအထားပြောင်းလဲတာ တွေနဲ့ သက်သာစေနိုင်ပါတယ်။


🔷 ဘယ်အချိန်မှာ စိတ်ပူရမလဲ

ကိုယ်ဝန်ဆောင်ချိန် ဒီဝေဒနာလေးတွေက အဖြစ်များတတ်သလို တော်ရုံနဲ့ စိုးရိမ်ဖို့မလိုတတ်ပါဘူး။ ဒါပေမယ့် ကိုယ့်မှာဖြစ်လာတဲ့ ဘယ်လက္ခဏာကိုမဆို ဆရာဝန်နဲ့တိုင်ပင်ပြောပြသင့်ပါတယ်။ တကယ်လို့ ထုံကျဉ်ဝေဒနာတွေကို သွေးဆင်းတာ၊ ဗိုက်အောင့်တာ၊ သားအိမ်ညှစ်တာ၊ ခေါင်းကိုက်တာ၊ အမြင်ဝေဝါးတာ၊ ရောင်ရမ်းမှုပိုဆိုးလာတာ စတဲ့လက္ခဏာတွေနဲ့ တွဲပြီးခံစားလာရရင်တော့ အမြန်ဆုံးစစ်ဆေးကုသမှု ခံယူသင့်ပါတယ်။


ထုံကျဉ်ခြင်းကိုဖြစ်စေနိုင်တဲ့ အဖြစ်မများတဲ့ တခြားအကြောင်းရင်းတွေလည်း ရှိနိုင်သေးတာမို့ လက္ခဏာတာရှည်နေတာ၊ မကြာခဏဖြစ်လွန်းတာ၊ နေရထိုင်ရအဆင်မပြေတာရှိလာရင် အမြန်ဆုံး ဆရာဝန်ပြပါလို့ အကြံပေးချင်ပါတယ်။


#HelloSayarwon #Pregnancy #MomCare #ShortArticle



ကိုယ်ဝန်ဆောင်ချိန် ထုံတာ၊ ကျဉ်တာ ခံစားရတဲ့အခါကိုယ်ဝန်ဆောင်ချိန် ထုံတာ၊ ကျဉ်တာ ခံစားရတဲ့အခါ
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
15

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်