🔥 ရေပန်းစားသောအကြောင်းအရာ

ဘေဘီလေး ဉာဏ်ကောင်းစေဖို့ ဘာတွေ ကျွေးရမလဲ!

ဘေဘီလေးကို ဉာဏ်ကောင်းစေချင်တဲ့ဆန္ဒ မိဘတိုင်းမှာ ရှိမယ်ထင်ပါတယ်။ ဒီတော့ ဘေဘီလေး ဉာဏ်ကောင်းအောင် ဘာတွေကျွေးရမလဲ သိချင်နေတဲ့ မေမေတွေများ ရှိလား...... ဒါဆိုရင်တော့ ဘေဘီလေးကို ဉာဏ်ကောင်းစေမယ့် အစားအစာတွေက ဘာတွေများလဲ......... ဆိုတာ သိရအောင် ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။


🔹ဘေဘီလေးကို ဉာဏ်ကောင်းစေမယ့် အစားအစာတွေက ဘာတွေများလဲ 🔹

ဘေဘီလေးကို ဉာဏ်ကောင်းစေမယ့် အစားအစာတွေက ဘာတွေများလဲ......... ဆိုတော့


🔸အခွံမာသီးတွေ

ပရိုတင်း၊ fatty acids၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် စိတ်ခံစားမှုကိုကောင်းစေပြီး ဦးနှောက် နဲ့ အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ မြေပဲ၊ သစ်ကြားသီး၊ မက်ကာဒေးမီးယားစေ့ စတာမျိုးပေါ့။


🔸ဥအမျိုးမျိုး

ဥအမျိုးမျိုးမှာပါတဲ့ ပရိုတင်း နဲ့ အာဟာရဓာတ်က ကလေးရဲ့ အာရုံစူးစိုက်မှုကို ကောင်းစေနိုင်ပါတယ်။ ကြက်ဥအနှစ်မှာ ဗီတာမင်၊ သတ္တုဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ နဲ့ ကိုလင်းတို့က မှတ်ဉာဏ်ကို ကောင်းမွန်စေနိုင်ပါတယ်။


🔸ဘယ်ရီသီးတွေ

ဘယ်ရီသီးတွေမှာပါဝင်တဲ့ polyphenols က ဦးနှောက်ထဲက သွေးစီးဆင်းရောက်ရှိမှုကို ကောင်းစေနိုင်ပြီး မှတ်ဉာဏ် ကောင်းစေနိုင်ပါတယ်။


🔸ငါး

ငါးမှာ ဗီတာမင် D နဲ့ omega-3 fatty acid တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဦးနှောက်ကို ကျန်းမာစေနိုင်ပြီး မှတ်မိနိုင်စွမ်း ကောင်းစေပါတယ်။ ဘေဘီလေးကို ဆယ်လ်မွန်၊ တူနာ၊ ဆာဒင်းတို့​ ကျွေးပေးလို့ရပါတယ်။


🔸အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝပြီး ဦးနှောက်တွင်းမှာ ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေပါတယ်။


🔸ပန်းသီး

ဗီတာမင်၊ သတ္တုဓာတ် နဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ကြွယ်ဝနေမှုက ကလေးရဲ့ ဦးနှောက် နဲ့ မှတ်ဉာဏ် ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။


🔸နို့ နဲ့ နို့ထွက်ပစ္စည်းတွေ

နို့ နဲ့ နို့ထွက် ပစ္စည်းတွေမှာ ပရိုတင်း၊ ဗီတာမင် B တို့လိုမျိုး ဦးနှောက် တစ်ရှူးတွေ ကြီးထွားစေဖို့ အရေးပါတဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။


🔸အုတ်ဂျုံ

အုတ်ဂျုံက အမျှင်ဓာတ် ကြွယ်ဝသလို ဗီတာမင် E၊ ဗီတာမင် B အုပ်စု၊ ပိုတက်ဆီယမ်၊ ဇင့် တို့လိုမျိုး ဦးနှောက် လုပ်ဆောင်မှုကို ကောင်းစေနိုင်တဲ့ အာဟာရ ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။


🔸ပဲအမျိုးမျိုး

ပဲအမျိုးမျိုးမှာ ပရိုတင်း၊ ကစီဓာတ် နဲ့ အမျှင်ဓာတ် အပြင် ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေသလို ဦးနှောက် ဖွံ့ဖြိုးစေဖို့နဲ့ ဦးနှောက်စွမ်းဆောင်ရည်ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်တဲ့ omega-3 လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။


ကဲ …. သားသားမီးမီး ဉာဏ်ကောင်းစေဖို့ ဒီအစားအစာလေးတွေကို ပြင်ဆင်ပေးဖို့ မမေ့နဲ့နော်။



#HelloMomandBaby #Parenting #BabyCare #ShortArticle


ဘေဘီလေး ဉာဏ်ကောင်းစေဖို့ ဘာတွေ ကျွေးရမလဲ!ဘေဘီလေး ဉာဏ်ကောင်းစေဖို့ ဘာတွေ ကျွေးရမလဲ!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်