🔥 ရေပန်းစားသောအကြောင်းအရာ

စိတ်ဖိစီးရင် ကိုယ်ဝန်ပျက်ကျလေမလား

စိတ်ဖိစီးတာက လူတိုင်းမှာ အချိန်တိုင်းမှာ ဖြစ်နိုင်တာ ဖြစ်တဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာလည်း မေမေတို့အနေနဲ့ စိတ်ဖိစီးမှုဆိုတာကို ကြုံရနိုင်ပါတယ်။ ဒီလိုမျိုး ရှောင်လွှဲဖို့ ခက်စွာနဲ့ ကြုံတွေ့လာရတဲ့ စိတ်ဖိစီးမှုက ကိုယ်ဝန်ကို ထိခိုက်စေမလား ဆိုပြီး စိတ်ပူနေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်တော့နော်။


🔹စိတ်ဖိစီးရင် ကိုယ်ဝန်ပျက်ကျလေမလား ဆိုတဲ့ မေးခွန်းရဲ့ အဖြေ 🔹

အဖြေကတော့ ဘယ်လို စိတ်ဖိစီးမှုမျိုးလဲ ဆိုတာပေါ် မူတည်ပါတယ်။ နေ့စဉ် ဖြစ်နေကျ သာမန်စိတ်ဖိစီးမှုမျိုးကတော့ ကလေးကို ဖိစီးမှု မဖြစ်စေနိုင်ဘူးပေါ့။ လေ့လာမှုတွေအရ သုတေသီတွေ အဖြေထုတ်ထားတာကတော့ မေမေ အလုပ်သွားတဲ့လမ်းမှာ တွေ့ကြုံရတဲ့ လန့်သွားစေတဲ့ အရာ တစ်ခုခုကြောင့်တော့ ကလေးပျက်ကျ ခြင်း မဖြစ်နိုင်ဘူးဆိုတာပါ။


ဒါပေမယ့် ပြင်းထန်တဲ့ စိတ်ဖိစီးခြင်းတွေ ဖြစ်ကြတဲ့ လင်မယား ကွာရှင်းတာ၊ ချစ်ရသူ တစ်ဦးဦး သေဆုံးတာလိုမျိုး ငွေးရေးကြေးရေး ပြဿနာတွေကြောင့် ဖြစ်တဲ့ စိတ်ဖိစီးမှုတွေကတော့ ဗိုက်ထဲက ဘေဘီလေးရဲ့ ကျန်းမာရေးကို ဆိုးကျိုး ဖြစ်စေနိုင်ပါသတဲ့။


နောက်ထပ် တွေ့ရှိချက် တစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာ ဖိအားများခြင်းကို အချိန်အကြာကြီး ကြုံတွေ့ရသူတွေမှာ ကလေးအသေမွေးနှုန်းက ပုံမှန်ထက် ၈၀ ရာခိုင်နှုန်းများတယ်လို့ ဆိုပါတယ်။ အခြားလေ့လာမှုတွေက ပြင်းထန်တဲ့ စိတ်ဖိစီးမှု ပမာဏဟာ လမစေ့ဘဲ ကလေးမွေးဖွားနိုင်ခြေနဲ့ နောက်ပိုင်းမှာ နာတာရှည်ရောဂါ ဖြစ်နှုန်းကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။


🔹ကိုယ်ဝန်ဆောင်ချိန် ခံစားရမယ့် စိတ်ဖိစီးမှုကို ဘယ်လိုကျော်လွှားရမလဲ 🔹

ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို အခုလို ကျော်လွှားပါ။


🔸 တစ်ယောက်တည်း မခံစားပါနဲ့ 🔸

အရာရာကို သင်တစ်ယောက်တည်း မခံစားပါနဲ့။ တကယ်လို့ တစ်စုံတစ်ခုက သင့်ကို စိတ်ညစ်စေတယ်ဆိုရင် သင့်အိမ်ထောင်ဖက်ကို ပြောပြသင့်ပါတယ်။ ခံစားချက်တွေကို မျှဝေခြင်းဟာ စိတ်သက်သာရာမရမှုကို သက်သာစေပြီး စိတ်ဖိစီးမှုကိုလည်း လျော့ပါးစေနိုင်ပါတယ်။


🔸 ကျန်းမာစွာ စားသောက်ပါ 🔸

စိတ်ဖိစီးမှုဟာ သင့်အစာစားချင်စိတ်ကို ထိခိုက်စေသလိုပဲ ကျန်းမာစွာ စားသောက်မှု မရှိခြင်းဟာလည်း စိတ်ဖိစီးမှုကို ပိုဆိုးစေနိုင်ပါတယ်။ ဒီသံသရာထဲမှာ လည်ရင်း ကိုယ်ဝန်ဆောင်ချိန်မှာ ပြင်းထန်တဲ့ ဖိစီးမှုတွေ မခံစားရစေဖို့ နေ့စဉ် စားသုံးမှုကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပေးပါ။


🔸 တက်တက်ကြွကြွနေပါ 🔸

တက်ကြွစွာနေထိုင်ခြင်းဟာ စိတ်ဖိစီးမှုကို ကျော်လွှားစေနိုင်ပါတယ်။ လမ်းလျှောက်တာ၊ ရေကူးတာ၊ ယောဂ လေ့ကျင့်တာမျိုး အပြင် အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူတာမျိုး လုပ်ပေးပါ။ အလုပ်မှာ ဆိုရင်တော့ ခဏတာနားနေချိန်လေးတွေ သတ်မှတ်ပြီး မိနစ် အနည်းငယ် လမ်းလျှောက်သင့်ပါတယ်။


🔸 နှိပ်နယ်ပါ 🔸

နှိပ်နယ်ခြင်းဟာ စိတ်ဖိစီးမှုကို သက်သာစေတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကျွမ်းကျင်သူနဲ့ နှိပ်နယ်ခိုင်းခြင်းတွေ ပြုလုပ်သင့်ပါတယ်။ အနံ့ကုထုံးပေးပြီး နှိပ်နယ်ခြင်းဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ပိုမို ကောင်းမွန်ပါတယ်။


အမှန်အတိုင်းပြောရရင်တော့ ကိုယ်ဝန်ပျက်ကျမှုရဲ့ အကြောင်းရင်းဟာ ကွဲပြားခြင်း မရှိပါဘူး။ ကိုယ်ဝန်ပျက်ကျမှု အများစုဟာ ခရိုမိုဆုန်းမူမမှန်ပြဿနာများကြောင့် ပထမ သုံးလပတ်မှာ အဖြစ်များပြီး ဒါကို သင်ဘာမှ မလုပ်နိုင်ပါဘူး။ ဒါကြောင့် စိတ်ပူခြင်းကို လျှော့ချပြီး ကိုယ်ဝန်ဆောင်ခြင်းကို ပျော်ရွှင်အောင်နေပါ။ ကျန်းမာတဲ့ လူမှုနေထိုင်မှုပုံစံကြောင့် မေမေရော ဘေဘီလေးပါ ကျန်းမာမှာပါ။



#HelloSayarwon #Pregnancy #MomCare #ShortArticle


စိတ်ဖိစီးရင် ကိုယ်ဝန်ပျက်ကျလေမလားစိတ်ဖိစီးရင် ကိုယ်ဝန်ပျက်ကျလေမလား
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
5

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်