🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေဖို့ နည်းလမ်းကောင်းများ

အိပ်မပျော်တာက ကိုယ်ဝန်ဆောင် မိခင်တိုင်း ခံစားရလေ့ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ဖြစ်လေ့ရှိတယ်ဆိုပေမယ့်လည်း ဒီကျန်းမာရေး ပြဿနာကို မကုသဘဲ ထားလို့ မဖြစ်ပြန်ပါဘူး။ ကာလရှည်ကြာ အိပ်မပျော်တာက ကိုယ်ဝန်ဆောင် မေမေတွေကို စိတ်ဓာတ်ကျတာမျိုး အပါအဝင် အခြားသော ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။


ကိုယ်ဝန်ဆောင် မေမေ အနေနဲ့ ညဘက်တွေ အိပ်မပျော်ဘူး ဖြစ်နေတယ်ဆိုရင် ဒီနည်းလမ်းလေးတွေကို စမ်းသပ်ကြည့်သင့်ပါတယ်။ ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေမယ့် သဘာဝ နည်းလမ်းများ ကတော့ -


🔹 လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ အိပ်ပါ

ကိုယ်ဝန်ဆောင်မေမေတွေ အိပ်စက်မယ့် အိပ်ခန်းက လေဝင်လေထွက် ကောင်းဖို့ လိုပါမယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် မေမေရဲ့ အိပ်ခန်းမှာ လေအေးပေးစက် ဖွင့်ထားတာမျိုး မလုပ်ပါနဲ့။ ပန်ကာ ဖွင့်ပေးလို့တော့ ရပါတယ်။ လေဝင်လေထွက်ကောင်းတာက မေမေ့ကို အိပ်ပျော်စေသလို ဗိုက်ထဲက ဘေဘီလေးရဲ့ ကြီးထွားမှုကိုလည်း မြန်စေပါတယ်။


🔹 သက်သောင့်သက်သာရှိတဲ့ ညအိပ်ဝတ်စုံ ဝတ်ပါ

ညဘက်အိပ်တဲ့အခါ လေဝင်လေထွက် ကောင်းပြီး ချွေးစုပ်တဲ့ ချည်သား ပွပွချောင်ချောင်လေး ဝတ် အိပ်ပေးပါ။ ဒါက မေမေ့ကို ကောင်းကောင်း အိပ်ပျော်စေဖို့ အကောင်းဆုံး အကူအညီပေးနိုင်မှာပါ။


🔹 အိပ်ရာမဝင်ခင် ရေချိုးပါ

အိပ်ရာမဝင်ခင်မှာ အပူချိန် ၃၅ ဒီဂရီဆဲစီးရပ်စ် ကနေ ၃၈ ဒီဂရီဆဲစီးရပ်စ် အတွင်းရှိတဲ့ ရေနွေးနွေးလေးထဲမှာ ခြေထောက်စိမ်တာ၊ ရေချိုးတာမျိုး လုပ်ပေးတာက စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး ကြွက်သားတွေကို ပြေလျော့စေသလို စိတ်ခံစားမှု ကောင်းစေလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာပါ။


🔹 အယ်လ်ကိုဟော မသောက်ပါနဲ့

အယ်လ်ကိုဟော သောက်တာက အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဆီးခဏခဏသွားစေတာကြောင့်လည်း အိပ်ရေးပျက်စေနိုင်ပါတယ်။ ဒါ​ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာစေဖို့ အယ်လ်ကိုဟော လုံးဝ မသောက်ပါနဲ့။


🔹 မအိပ်ခင်မှာ လေ့ကျင့်ခန်း မလုပ်ပါနဲ့

ကိုယ်ဝန်ဆောင်ချိန် လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်သင့်ပါဘူး။ လေ့ကျင့်ခန်း လုပ်တာက ကိုယ်ဝန်ဆောင် မေမေကို အင်အားကုန်ခမ်းစေနိုင်သလို အိပ်စက်မှုကိုပါ အနှောင့်အယှက် ဖြစ်စေပါတယ်။


🔹 မအိပ်ခင် နွားနို့သောက်ပါ

အိပ်ရာမဝင်ခင် မိနစ် ၃၀ အလိုလောက်မှာ နွားနို့ ပူပူလေး တစ်ခွက် သောက်ပါ။ နွားနို့ သောက်တာက ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝစေနိုင်သလို ဗိုက်ထဲက ဘေဘီလေးကိုလည်း ကျန်းမာစေဖို့ ညဘက်တိုင်းမှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်စေမှာပါ။


🔹 ခပ်ဖွဖွလေး နှိပ်နယ်ပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ခပ်ဖွဖွလေး အနှိပ်ခံတာက ကြွက်သားတွေကို ပြေလျော့စေပြီး သက်တောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အနှိပ်ခံတာက စိတ်ခံစားမှု ကောင်းစေပြီး ညဘက်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်စေပါတယ်။


🔹 ပျော်စရာတွေ တွေးပါ

ညအိပ်ရာမဝင်ခင်မှာ စိတ်ပျော်ရွှင်ခဲ့ရတဲ့ အခိုက်အတန့်တွေ၊ ပျော်စရာ အဖြစ်အပျက်တွေကို ပြန်တွေးတောပါ။ ဒါကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။


#HelloMomandBaby #Pregnancy #MomCare #Shortarticle



ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေဖို့ နည်းလမ်းကောင်းများကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေဖို့ နည်းလမ်းကောင်းများ
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
1

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်