Hello ဆရာဝန်
ကျွန်မ အသက် ၃၂ ပါ ပြီးခဲ့တဲ့ ၁၀ရက်လောက်က ချစ်သူနဲ့ အတူနေခဲ့ပါတယ် ကွန်ဒုံးသုံးပါတယ် အလွန်အကျွံလဲ မဟုတ်ပဲ ပုံမှန်ပဲ နေကြတာပါကွန်ဒုံး အမြဲသုံးလို့ ဆေးတော့ တခါမှ မသောက်ဖူးပါဘူး … ဒီတစ်ရက်နှစ်ရက်မှာ ညအိပ်တိုင်းကျောရိုးတွေနာပြီး ညှပ်ရိုးတွေပါ နာလာပြီး ဆက်အိပ်လို့မရလို့ပါ အဲ့ဒါကိုယ်ဝန်ရှိတဲ့လက္ခဏာလားဆရာ လိင်ဆက်ဆံတာနဲ့ရော ဆိုင်ပါသလား
ကွန်ဒုံးသေချာသုံးရင်တော့ ကိုယ်ဝန်ရနိုင်ခြေ နည်းပါတယ်။ လိင်ဆက်ဆံနေတဲ့အခါ ဒါမှမဟုတ် နေ့စဉ်နေထိုင်တဲ့အခါ ကိုယ်နေဟန်ထားမမှန်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။