🔥 ရေပန်းစားသောအကြောင်းအရာ

ဘေဘီလေးကို ငါးကြီးဆီ မတိုက်ခင် ဒါလေး အရင်ဖတ်ပါ

ကလေးကို ကျန်းမာစေဖို့ ထွားစေဖို့ဆိုတဲ့ အကြောင်းအမျိုးမျိုးနဲ့ ငါးကြီးဆီကို တိုက်ဖြစ်ကြတယ်နော်။ တိုက်ဆိုလို့ လူကြီးတွေ ပြောလို့သာ တိုက်နေရတယ် ဘာရယ် ရေရေရာရာ မသိဘူးဆိုရင်တော့ ဒီဆောင်းပါးလေးက အသုံးတည့်မယ် ထင်ပါတယ်နော်။


🔹ငါးကြီးဆီ ဘာလို့ တိုက်ခိုင်းကြတာလဲ!


အကြောင်းကတော့ ငါးကြီးဆီမှာ ကလေးတို့ရဲ့ ဦးနှောက်နဲ့ အမြင်အာရုံ ဖွံ့ဖြိုးမှုကို ထောက်ကူပေးနိုင်တဲ့ omega-3 fatty acid ပါဝင်နေလို့ပါ။ ကလေးတော်တော်များများက ငါးကြိုက်တယ်ဆိုတာက ခပ်ရှားရှားလေ။ နောက်ပြီး ရှိနိုင်တာလေး တစ်ခုက ကလေးကို ပြင်ဆင်ပေးတဲ့ မေမေကိုယ်တိုင်က ငါးမကြိုက်တာမျိုး ဆိုရင်ပေါ့။ဒီတော့ ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တဲ့ omega-3 fatty acid ကို နေ့စဉ် ငါးစားသုံးမှုကနေ ရဖို့ခက်သွားတဲ့အခါ ကြီးထွားမှုကို မထိခိုက်စေဖို့ ငါးကြီးဆီကို တိုက်ခိုင်းကြတာပါ။


🔹သားသားမီးမီးတို့နဲ့ omega-3 fatty acid လိုအပ်ချက်


အသက်၂နှစ်မှ ၈နှစ်အတွင်းရှိ ကလေးတွေအနေနဲ့ တစ်ပတ်ကို ၉၃၃၁ ဂရမ်ကနေ ၁၈၆၆၂ ဂရမ်

အသက် ၉နှစ်နဲ့အထက် ကလေးတွေကတော့ ၂၄၈၈၃ဂရမ် ကနေ ၃၁၁၀၃ ဂရမ် လိုအပ်မှာပါ။ ဒီလိုအပ်ချက်ကို ငါး စားသုံးမှုကနေ ရယူနိုင်ပါတယ်။ တကယ်လို့ ကလေးက ငါးမစားဘူးဆိုရင်လည်း omega-3 ဖြည့်စွက်အားဆေးတွေကို အရည်ပုံစံ၊ ဝါးစားနိုင်တဲ့ အလုံးပျော့ပျော့လေးတွေပုံစံ ဒါမှမဟုတ် ဂျဲလ်ပျော့ပျော့ပုံစံလေးတွေအနေနဲ့ ရရှိနိုင်ပါတယ်။ omega-3 ဖြည့်စွက်အားဆေးတွေမှာ မာကျူရီ (ပြဒါးဓာတ်) မပါဝင်ပါဘူး။


omega-3 ဖြည့်စွက်အားဆေး အများအပြားဟာ ငါးဆီပေါ် အခြေခံပြီး ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အဆီတစ်ရှူးတွေမှာ မာကျူရီဓာတ်မပါဝင်တဲ့အတွက် အဆိုပါ ဖြည့်စွက်အားဆေးတွေမှာ မာကျူရီဓာတ် မပါသလောက်ပါပဲ။


🔹omega-3 ဖြည့်စွက်အားဆေးတွေကို ရွေးချယ်တဲ့အခါ ဘာတွေသိထားသင့်သလဲ!


ငါးအသည်းထက်စာရင် အသားကနေ ထုတ်လုပ်ထားတဲ့ အားဆေးတံဆိပ်ကို ရွေးချယ်ပါ။ ဘာလို့လည်းဆိုတော့ ငါးအသည်းမှာ အဆိပ်အတောက်တွေပါဝင်နေနိုင်တဲ့အပြင် ဗီတာမင် အေပမာဏလည်း မြင့်မားစွာ ပါဝင်နေနိုင်တာကြောင့် ကလေးတွေအတွက် မကောင်းပါဘူး။


ဆေးညွှန်းမှာပါတဲ့ အသုံးပြုရမယ့်ပမာဏကို သေချာစွာ ဖတ်ရှုလေ့လာရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ ပမာဏထက် လုံးဝပိုမတိုက်ရပါဘူး။ ငါးကြီးဆီတွေ အများကြီးစားမိရင် ဗိုက်အောင့်ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။


ကလေးတွေအတွက် အရည်ပုံစံက အကောင်းဆုံး ဖြစ်ပါတယ်။ ဆေးတောင့်ပုံစံတွေဟာ နင်လွယ်တဲ့အတွက် အသက်သုံးနှစ်အောက်ကလေးတွေအတွက် မသင့်တော်ပါဘူး။ ဆေးရည်ပုံစံကို ပုလင်းဒါမှမဟုတ် အထုပ်ငယ်လေးတွေနဲ့ ရရှိနိုင်ပါတယ်။ ဖြည့်စွက်အားဆေးကို ထမင်းစားချိန်မှာ တိုက်ကျွေးရမှာဖြစ်ပြီး ပမာဏအနည်းငယ်နဲ့ စတင်ရပါမယ်။ ပြီးတော့မှ သတ်မှတ်ထားတဲ့ ပမာဏရောက်အောင် တဖြည်းဖြည်း တိုးသွားရမှာပါ။ တကယ်လို့ သင့်ကလေးက ဖြည့်စွက်အားဆေးတွေကို မကြိုက်ဖူးဆိုရင် ဆေးကို နွားနို့ဒါမှမဟုတ် အချိုရည်လေးတွေနဲ့ ရောပြီး တိုက်နိုင်ပါတယ်။


#HelloMomandBaby #Parenting #BabyCare #ShortArticle


ဘေဘီလေးကို ငါးကြီးဆီ မတိုက်ခင် ဒါလေး အရင်ဖတ်ပါဘေဘီလေးကို ငါးကြီးဆီ မတိုက်ခင် ဒါလေး အရင်ဖတ်ပါ
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်