🔥 ရေပန်းစားသောအကြောင်းအရာ

မိခင်နို့ထွက်များစေမယ့် အစားအစာများ

ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ မိခင်နို့ လုံလောက်အောင် မတိုက်မိမှာကို စိုးရိမ်နေပြီလား! ဒါဆိုရင်တော့ ဒီစာစုလေးက အကူအညီပေးနိုင်မှာပါ။


🔸မိခင်နို့ အရေးကြီးသလား!


မိခင်နို့က ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုကိုမြှင့်တင်ပေးနိုင်တဲ့ အာဟာရဓာတ်တွေများစွာပါဝင်နေတဲ့ အစားအစာတစ်ခုဖြစ်တာကြောင့် ကလေးငယ်လေးတွေကို မဖြစ်မနေ မိခင်နို့တိုက်ကျွေးသင့်ပါတယ်။ ကလေးကို ရောဂါတွေကနေ ကာကွယ်ပေးတဲ့ အရာဆိုလည်း မမှားပါဘူး။


ဒီအချက်ကပဲ မိခင်လောင်းအသစ်စက်စက်တွေကို အာဟာရပြည့်ဝတဲ့ နို့ရည်ရရှိစေဖို့ ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာ ပိုစိတ်ဝင်စားစေတာပါ။ ဒီတော့ မိခင်နို့ထွက်များစေမယ့် အစားအစာများ အကြောင်းကို လေ့လာလိုက်ရအောင်လား ……..


🔸မိခင်နို့ထွက်များစေမယ့် အစားအစာများ


မိခင်နို့ထွက်များစေမယ့် အစားအစာများ ကတော့


◾ဘာလီ (Barley)

International Board Certified Lactation Consultant တစ်ဦးဖြစ်တဲ့ အာဟာရဗေဒဆိုင်ရာကျွမ်းကျင်သူ Alicia C. Simpson ကတော့ ဘာလီစေ့က prolactin လို့ခေါ်တဲ့ နို့ရည်ထွက်ရှိစေတဲ့ ဟော်မုန်းပမာဏကိုမြင့်တက်စေနိုင်တဲ့ beta-glucan ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတစ်မျိုးပါလို့ပြောကြားထားပါတယ်။ ဘာလီက မိခင်နို့ကို အာဟာရပြည့်ဝစေရုံသာမက မိခင်ရဲ့ ခန္ဓာကိုယ် ကိုယ်ခံအားကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။


◾အုတ်ဂျုံ

ဘာလီပြီးရင်တော့ ဒုတိယမြောက်beta-glucan ပါဝင်မှုအများဆုံးအစားအသောက်က အုတ်ဂျုံပါ။ အုတ်ဂျုံက မိခင်နို့ရည်ထွက်ရှိမှုကို တိုးစေနိုင်တယ်လို့ လူသိများတဲ့ အစားအစာတစ်ခုပါ။ အုတ်ဂျုံမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကယ်လ်လိုရီနဲ့ အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်နေတာကြောင့် မိခင်ရဲ့ အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ကိုယ်ဝန်ဆောင်ပြီးနောက်ဖြစ်နိုင်တဲ့ ဆီးချိုဝေဒနာ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ အုတ်ဂျုံအပြင် ဆန်လုံးညိုစားသုံးပေးတာကလည်း မိခင်နို့ရည်ထွက်ရှိမှုကိုကောင်းမွန်စေပါတယ်။


◾ဟင်းနုနွယ်ရွက်

ဟင်းနုနွယ်ရွက်မှာ သံဓာတ်၊ကယ်လ်စီယမ် နဲ့ ဖောလစ်အက်ဆစ်အပါအဝင် သတ္တုဓာတ်များစွာပါဝင်ပါတယ်။ ဒီဓာတ်တွေက မိခင်တွေကို မီးဖွားပြီးချိန်နဲ့ကလေးနို့တိုက်နေချိန်ကာလအတွင်းမှာ သွေးအားနည်းတာမျိုး ဖြစ်နေရင်တောင် အားပြန်လည်ပြည့်ဝအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဟင်းနုနွယ်ရွက်မှာပါတဲ့ ဓာတုပစ္စည်းတွေက မိခင်တွေမှာ ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။


◾ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ မိခင်နို့ ထွက်မှုကို တိုးစေနိုင်တဲ့ ဓာတုဒြပ်ပေါင်းတွေပါဝင်နေတယ်လို့ တော်တော်များများသိထားပြီးဖြစ်မှာပါ။ နို့ထွက်များစေရုံတင်မကပါဘူး။ ကြက်သွန်ဖြူစားသုံးပေးတာက ကင်ဆာရောဂါတော်တော်များများကိုလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။


◾အသားငါးတွေ

ပရိုတင်းဓာတ်တွေက မိခင်နို့ရည်ထွက်ရှိဖို့ရော နို့ရည်အာဟာရပြည့်ဝဖို့ရော အထောက်အကူ ဖြစ်စေပါတယ်။ ကြက်သား၊ ဝက်သား၊ အမဲသား၊ အသည်း၊ ပင်လယ်ငါး စတာတွေ စားပေးလို့ ရပါတယ်။ ဥပမာ ဆယ်မွန်ငါး။ အနီရောင်အသားတွေစားတဲ့အခါ သံဓာတ်ပါ အားဖြည့်ပြီးသား ဖြစ်သွားပါတယ်။ ဒါပေမယ့် အဆီမပါတဲ့ အသားဖြစ်ဖို့တော့ လိုပါတယ်။


◾အခွံမာသီးနဲ့ အစေ့အဆန်များ

ဒီအစားအစာတွေက နို့တိုက်မိခင်တွေမှာ နို့ထွက်ရှိမှုကိုတိုးစေပါတယ်။ အခွံမာသီးတွေနဲ့ အစေ့အဆန်တွေမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေအများအပြားပါဝင်နေပြီး နို့ရည်ထွက်ရှိမှုကို များစေနိုင်သလို နို့ရည်မှာ အာဟာရပါဝင်မှုကိုလည်း တိုးစေနိုင်ပါတယ်။

ကဲ … ခုပဲ နေ့စဉ် စားသုံးမှုမှာ ပါဝင်အောင် ပြင်ဆင်လိုက်တော့နော်။



#HelloMomandBaby #pregnancy #momcare #shortarticle

မိခင်နို့ထွက်များစေမယ့် အစားအစာများမိခင်နို့ထွက်များစေမယ့် အစားအစာများ
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
33

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်