🔥 ရေပန်းစားသောအကြောင်းအရာ

ကလေးကို ဘယ်အချိန်မှာ ဒိန်ချဉ်စတိုက်လို့ရမလဲ!

ဒိန်ချဉ်ဆိုတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ တစ်ခုပါ။ ဒီလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဒိန်ချဉ်ကို ကလေးတွေကိုရော ကျန်းမာစေဖို့ တိုက်ပေးလို့ ရမလား! ဘယ်အချိန်မှာ ကလေးကို ဒိန်ချဉ်စတိုက်လို့ ရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။


ကလေးက အစာစစားလို့ရတဲ့အရွယ် ဖြစ်တဲ့ အသက် ၆ လပြည့်ပြီဆိုရင်တော့ ကလေးကို ဒိန်ချဉ် စတိုက်လို့ ရပါပြီ။ ဒိန်ချဉ်မှာ ကလေးရဲ့ အရိုးနဲ့ သွားတွေ သန်မာစေဖို့ ကယ်လ်ဆီယမ် ပါဝင်နေသလို ကိုယ်ခံအား ကောင်းစေပြီး ကြွက်သားတွေကို ဖြစ်ပေါ်စေနိုင်တဲ့ ပရိုတင်းလည်း ပါဝင်နေပါတယ်။ နောက်ပြီး အစာအိမ်အူလမ်းကြောင်းကို ကျန်းမာစေနိုင်တဲ့ အကျိုးပြု ဘက်တီးရီးယားတွေလည်း ပါဝင်နေပါတယ်။


ဒိန်ချဉ် တိုက်ပေးတာက ကလေးကို အစာအိမ်ပြဿနာတွေ ဖြစ်တဲ့ ဝမ်းပျက်တာ၊ ဝမ်းချုပ်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို စားလိုက်တဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ ရရှိစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။


ကလေးကို ဒိန်ချဉ် တိုက်ပေးတာက အရေပြား ပြဿနာတွေကို ကာကွယ်ပေးပြီး အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးသလို ထိုက်သင့်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့် ရရှိစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ကလေးကို ဒိန်ချဉ် တိုက်တဲ့အခါ သေချာ ပိုးသတ်ထားတဲ့ ဒိန်ချဉ်ဖြစ်ဖို့ နဲ့ သန့်သန့်ရှင်းရှင်း လုပ်ထားတဲ့ ဒိန်ချဉ်ကိုသာ သောက်သုံးဖို့ လိုပါမယ်။


ကလေးတွေ ကြိုက်အောင် အနံ့အရသာတွေထည့်ထားတဲ့ ဒါမှမဟုတ် သစ်သီးလေးတွေပါတဲ့ ဒိန်ချဉ်တွေ (ကလေးများအတွက်လို့ တံဆိပ်ကပ်ထားပေမယ့်) အားလုံးနီးပါးဟာ ဆေးသကြားတွေ ပါဝင်နိုင်တဲ့အတွက် သွားပိုးစားခြင်းနဲ့ အဝလွန်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဘာအချိုဓာတ်မှမပါတဲ့ ဒိန်ချဉ်ဟာ ဆေးသကြားတွေကို ရှောင်ရှားဖို့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။


#HelloMomandBaby #Parenting #BabyCare #ShortArticle


ကလေးကို ဘယ်အချိန်မှာ ဒိန်ချဉ်စတိုက်လို့ရမလဲ!ကလေးကို ဘယ်အချိန်မှာ ဒိန်ချဉ်စတိုက်လို့ရမလဲ!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
16

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်