🔥 ရေပန်းစားသောအကြောင်းအရာ

ဘယ်လို အခြေအနေတွေဆိုရင် မိခင်တွေက မိခင်နို့ တိုက်လို့ မရဘူးလဲ!

မေမေတို့ ဖျားတဲ့အချိန်၊ တုပ်ကွေးမိနေတဲ့ အချိန်ကလေးကို နို့တိုက်ရင် ကလေးဆီကို အဖျားမကူးစက်နိုင်ပါဘူး။ နို့ချောင်းပိတ်လို့ ပိုးဝင်ပြီး နို့အုံရောင်နေတဲ့အချိန် နို့တိုက်ရင်တောင် အဲဒီ ပိုးတွေ ကလေးဆီမရောက်နိုင်ပါဘူး။ ဒါပေမယ့် မိခင်မှာဖြစ်နေတဲ့ တစ်ချို့ ကူးစက်ရောဂါပိုးတွေက နို့ထဲကတစ်ဆင့် ကလေးဆီကို ရောက်သွားတတ်ပါတယ်။ ဘယ်လို ကူးစက်ရောဂါတွေများလဲ!


🔺TB ( တီဘီရောဂါ) - တီဘီရောဂါဖြစ်နေတယ် ဆေးကုသမှုလည်း မခံယူထားရသေးဘူးဆိုရင် ကလေးကို မိခင်နို့မတိုက်တာ အကောင်းဆုံးပါ။ တီဘီဆေးသောက်နေတာ ၂ ပတ်လောက်ရှိပြီ ကူးစက်နိုင်မှု မရှိတော့ဘူးလို့ ယူဆရတဲ့ အခါကျရင် မိခင်နို့တိုက်လို့ရပါပြီ။ ကလေးနဲ့ တိုက်ရိုက်ထိတွေ့လို့ ကူးစက်မှာစိုးရင် ညှစ်ထားတဲ့ မိခင်နို့ကို တိုက်လို့ရပါတယ်။


🔺အသည်းအရောင် အသားဝါ A ပိုး- သွေးကနေတစ်ဆင့် ကူးစက်တာ မဟုတ်ဘဲ အစားအသောက်တွေ၊ ဝမ်းတွေကနေ ကူးစက်တာကြောင့် အသည်းရောင် အသားဝါ A ပိုး ကူးစက်ခံနေတဲ့ မိခင်တွေ ကလေးကို နို့တိုက်လို့ရပါတယ်။ ကလေးကို မထိတွေ့ခင်မှာ လက်ဆေးဖို့တော့လိုတာပေါ့။


🔺အသည်းရောင် အသားဝါ C ပိုး - အသည်းရောင် အသားဝါ C ပိုး က မိခင်နို့ကနေ ကလေးဆီကို မရောက်နိုင်တဲ့အတွက် နို့တိုက်လို့ရပါတယ်။ ဒါပေမယ့် အသည်းရောင်အသားဝါ C ပိုး ဆိုတာ သွေးကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးဆိုတာ အားလုံးသိကြမှာပါ။ ဒါ့ကြောင့် C ပိုးရှိနေတဲ့ မိခင် နို့သီးခေါင်းကွဲနေတာ ၊နို့အုံမှာ အနာဖြစ်နေတာမျိုးဆို ကလေးကို နို့မတိုက်သင့်ပါဘူး ဘာအနာမှ ရှိမနေဘူးဆိုရင်တော့ နို့တိုက်လို့ရပါတယ်။


🔺ရေယုံရောဂါ - နို့အုံမှာ ရေယုံအနာတွေ ရှိမနေရင် ရေယုံရောဂါပိုးရှိနေတဲ့ မိခင်တစ်ယောက်က ကလေးကို နို့တိုက်လို့ရပါတယ်။ ညှစ်ပြီးသားနို့ကို ထုတ်ထားပြီး ကလေးကို တိုက်လို့လည်းရပါတယ်။


🔺ရေကျောက် - မိခင်ရေကျောက်ဖြစ်နေရင် မိခင်ရဲ့ နို့ထဲမှာ Chicken Pox ဗိုင်းရပ်စ်ပိုးကို အနိုင်တိုက်တဲ့ ပဋိပစ္စည်းတွေ တောင်ပါလာနိုင်တာကြောင့် ရေကျောက်ဖြစ်နေတဲ့ မိခင်တစ်ယောက်က ကလေးကို နို့တိုက်လို့ရပါတယ်။ ဒါပေမယ့် ရေကျောက်ဆိုတာ လေထဲကနေတစ်ဆင့် လျင်မြန်စွာ ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်တာကြောင့် ကလေးနဲ့ တိုက်ရိုက် မထိတွေ့အောင်လို့ ညှစ်ထုတ်ပြီးသားနို့ကိုပဲတိုက်ပါ။ ဆေးကုသမှုသေချာခံယူပြီး ကူးစက်မှု အမြင့်ဆုံး အချိန်ဖြစ်တဲ့ ၂ ပတ်ကို ကျော်လွန်သွားရင်တော့ကလေးနဲ့ ထိတွေ့လို့ရပါပြီ။


🔺Lyme disease – ဒီလို မွှားတွေ၊ သန်းတွေရဲ့ ဗိုင်းရပ်စ်ကနေ ကူးစက်တတ်တဲ့ Lyme disease ရှိတဲ့ မိခင်ဟာ ကလေးကို နို့တိုက်လို့ရပါတယ်။


ဒီတော့ ကူးစက်ရောဂါတိုင်းဟာ မိခင်နို့ကနေဖြတ်ပြီး မိခင်ကနေ ကလေးဆီကို မရောက်နိုင်ပါဘူး။ တစ်ခုရှိတာက ကိုယ့်မှာလည်း ကူးစက်တတ်တဲ့ရောဂါတွေရှိနေတယ် ကလေးကိုလည်း နို့တိုက်ချင်တယ်ဆိုရင် ဆရာဝန်နဲ့ အရင်ဆုံးဆွေးနွေးပြီးမှ နို့တိုက်တာ အကောင်းဆုံးပါ။


#HelloMomandBaby #Parenting #Breastfeeding #BabyCare #ShortArticle

ဘယ်လို အခြေအနေတွေဆိုရင် မိခင်တွေက မိခင်နို့ တိုက်လို့ မရဘူးလဲ!ဘယ်လို အခြေအနေတွေဆိုရင် မိခင်တွေက မိခင်နို့ တိုက်လို့ မရဘူးလဲ!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
8

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်