FYP please
မင်္ဂလာပါရှင်
ကျွန်မအသက် ၂၇နှစ်ပါ အမျိုးသားနဲ့အိမ်ထောင်ကျတာ ၈လရှိပါပီ ကလေး မယူချင်သေးတာကြောင့် တစ်ခြား ဆေးသုံးတာ ပစ္စည်းထည့်တာတွေ ဘာမှ မလုပ်ပဲ အမျိုးသားကို condom ပဲ သုံးခိုင်းပါတယ် ဒါပေမယ့် ပီးခဲ့တဲ့ ဆယ်လပိုင်း ၆ရက်နေ့မှာ အတူနေဖစ်တယ် condom.မသုံးမိဘူး ဒါပေမယ့် ladia တစ်လုံး သောက်ရမယ့် အရေးပေါ်တားဆေးကို ၁နာရီ အတွင်းသောက်လိုက်ပါတယ် ရာသီရက်က ပုံမှနါဆို လတစ်လရဲ့ ၂၁ရက်နေ့မှာ လာပါတယ် အဲ့တုန်းက ရာသီနောက်ကျပါတယ်ရှင့် ဆယ်လပိုင်း ၃၀ရက်နေ့မှ လာပါတယ် ဆီးစစ်ကြည့်တော့လဲ မျဉ်းကြောင်းမပေါ်ပါဘူးရှင် အဲ့တာနဲ့ ရာသီ လာတော့ စိတ်က ပြနါကေါ့သွားပါတယ် ၃၀ရက် ဆယ်လပိုင်းက ရာသီလာပီး ၃ရက်နေ့လောက်မှာ ပီးသွားပါတယ်နောက်တစ်ခါ ladia တစ်လုံးကို ၁၁လပိုင်း ၄ရက်နေ့လောက်မှ အခါအားလျော်စွာသောက်လိုက်ရပါသေးတယ် ရှင် ပီးတော့အခု အခု ၉ရက် ၁၁လပိုင်းမှ ရာသီပြန်ပေါ်နေလို့ပါ အရမ်းများတာမျိုးတော့ မရှိပါဘူးရှင် ဆီးစစ်ကြည့်တော့လဲ မျဉ်းနှစ်ကြောင်းက မပေါ်ပါဘူးရှင် အဲ့တာ OGနဲ့ပြ ဖို့လိုလား ရှင့် လက္ခဏာအနေနဲ့တော့
ခေါင်းနည်းနည်းမူးဆယ် ပေါင်ခြံနားက နည်းနည်းအောင့်တယ် ရံဖန်ရံခါမှ ဖစ်ပါတယ်ရှင့် အဲ့တာ သားန္ဓေနေရာမှားတည်နေတာ ဖစ်မှာစိုးလို့ပါ
ရာသီကလဲ တစ်လထဲကို ၂ခါပြန်လာနေတော့ ဘာကြောင့်လဲ မသိလို့ စိတ်ပူလို့ပါ ဟော်မုန်းအပြောင်းလဲ ဖစ်သွားလို့လားရှင့်
အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။