Help me doctor
Hello doctor
ကျနော့်ကောင်မလေးကစိတ်ပူပီးကြောက်နေလို့
သေချာလေးဖတ်ပီး ပြောပေးပါဗျာ သူကအရမ်းကြောက်နေလို့ပါ တောင်းဆိုတာပါဆရာ
ကျနော်နဲ့သူနဲ့က oct6 ရက်နေ့မှာ ထိုးသွင်းမှုမရှိပဲ ပွတ်တိုက်ရုံသာ ဆက်ဆံခဲ့ပါတယ်
ဒါပေမယ့် စိုးရိမ်လို့ 5 ရက်ကြာမှ Lydia 1 safe pill ကိုဝယ်သောက်ခဲ့ပါတယ်
အစကတော့ခါင်းမူးခေါင်းကိုက်ဖစ်ပေမယ့် အခုကတော့ပုံမှန်ပါပဲ Period ကလဲအရင်လတွေဆိုပုံမှန်ဆင်းပါတယ် များလဲများပါတယ်
အ့တာ Safe ဖစ်လား ဆီးစစ်ဖို့ကလဲ သူကထွက်ရခက်နေလို့ပါ အိမ်မာစစ်ဖို့ခက်နေလိူ့ပါ
5ရက်ကြာမှသောက်ရင် အာနိသင်များပြယ်နိုင်လားစိုးရိမ်လို့ပါ Lydia official ကလဲ နာရီ120တွင်းထိ တားနိုင်တယ်လို့တင်ထားလို့ပါ
Safeဖစ်မဖစ်ကော
အသေးစိတ်တွေကောပြောပေးပါလားဗျ
ပွတ်တိုက်ရုံပဲဆို ရနိုင်ခြေ နည်းပါတယ်။
အရေးပေါ်တားဆေးက ၅ရက်အထိ အာနိသင်ရပါတယ်။ စောစောသောက်ရင်တော့ ပိုကောင်းတာပေါ့။
ဒီလကရော ရာသီလာပြီလား။
အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ကို စိတ်ပူရင်တော့ အတူနေပြီး ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ရာသီမလာတဲ့အခါ စစ်ကြည့်နိုင်ပါတယ်။