🔥 ရေပန်းစားသောအကြောင်းအရာ

ကောက်ညှင်းစားရင် မေမေ အချင်းကပ်မှာလား!

ကိုယ်ဝန်ဆောင်ဘဝမှာ ယုံတမ်းစကားတွေက မကြာခဏ ကြားရပါတယ်။ အထူးသဖြင့် ဟိုဟာ မလုပ်ရဘူး။ ဒီဟာ မစားရဘူး တားမြစ်ချက်တွေပေါ့။ ဒီလို ကြားဖူးနေနိုင်တဲ့ စကားတွေထဲမှာ အစားအသောက်နဲ့ ပတ်သက်ပြီး အခုလိုလည်း ကြားဖူးထားနိုင်ပါတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကောက်ညှင်းစားရင်း အချင်းကပ်မယ်ဆိုတဲ့ ကိစ္စပေါ့။


ကောက်ညှင်းစားရင် တကယ်ပဲ အချင်းကပ်မလား!

အချင်းကပ် တာ ကောက်ညှင်းစားလို့လား ဆိုတော့ အရင်ဆုံး အချင်းကပ်တဲ့ အကြောင်းကို သိထားဖို့ လိုပါတယ်။ ပုံမှန်ဆိုရင် အချင်းက သားအိမ်ရဲ့ အတွင်း နံရံမှာ အသာလေးပဲ တွယ်နေတာပါ။ အဲ့ကနေမှ လိုအပ်တဲ့ အာဟာရတွေကို ချက်ကြိုး ကနေတဆင့် ကလေးကို ပေးတာပါ။


အချင်းကပ် တယ်ဆိုတာက သားအိမ် နံရံမှာ ပုံမှန် မဟုတ်တာ တစ်ခုခု ဖြစ်နေလို့ပါ။

🔸အရင်တုန်းက သားအိမ်ကို ခွဲစိတ်ဖူးတဲ့ သူတွေ၊ ကလေး ခွဲမွေးဖူးတဲ့သူတွေ

🔸အချင်း ရှေ့ရောက် နေတဲ့ သူတွေ

🔸အသက် ၃၅ နှစ် ကျော်မှ ကိုယ်ဝန်ဆောင်တဲ့ မိခင်တွေ

🔸ကလေး ခဏခဏ မွေးဖူးသူတွေမှာ ဖြစ်တတ်ပါတယ်။


တစ်ခါတလေလည်း အကြောင်းရင်း မရှိဘဲ ဖြစ်တတ်ပါတယ်။

အချင်းကပ်တာက လက္ခဏာလည်း မပြပါဘူး။ ကလေးမွေးပြီး အချင်းကွာမှပဲ သိကြတာပါ။ တချို့တွေမှာ ကိုယ်ဝန် လရင့်တော့မှ သွေးဆင်းတဲ့ လက္ခဏာ ပြတတ်တာမျိုး ရှိပါတယ်။


ကိုယ်ဝန်ဆောင်ချိန်မှာ ကောက်ညှင်းစားလို့ရလား။

ဒါဆိုရင် အချင်းကပ် တာနဲ့ ကောက်ညှင်းနဲ့ မဆိုင်ဘူးဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကောက်ညှင်းစားလို့ရလား လို့ မေးစရာ ရှိနိုင်ပါတယ်။


ကောက်ညှင်းဆိုတာကလည်း ဆန်တစ်မျိုးပဲ ဖြစ်တဲ့အတွက် စားလို့ရပါတယ်။ ဒါပေမယ့် သင့်တင့်တဲ့ ပမာဏပဲ စားပါ။ အလွန်အကျွံစားမယ်။ နေ့တိုင်းစားမယ်ဆိုရင်

🔹အစာမကြေတာ

🔹ရင်ပူတာ

🔹ဝမ်းချုပ်တာတွေ ဖြစ်လာတတ်ပါတယ်။

🔹ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်တွေဆို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။


သာမန် ကိုယ်ဝန်ဆောင်တွေကတော့ အလွန်အကျွံမဟုတ်ရင် စားလို့ရပါတယ်။ ဝမ်းမချုပ်အောင် ရေများများသောက်ပါ။ အသီးအရွက်များများစားပါ။ အစာမကြေဘူးလို့ ခံစားရရင် ကိုယ်ဝန်ဆောင်အတွက် စိတ်ချရတဲ့ အစာကြေဆေးတွေ သောက်နိုင်ပါတယ်။


ကိုယ်ဝန်တွေ၊ သံဓာတ်အားဆေးတွေကြောင့် ဝမ်းချုပ်နေတဲ့အချိန်၊ ရင်ပူနေတဲ့အချိန်ဆိုရင်တော့ ခဏရှောင်ထားတာ ပိုကောင်းပါတယ်။


#HelloMomandBaby #Pregnancy #MomCare #ShortArticle



ကောက်ညှင်းစားရင် မေမေ အချင်းကပ်မှာလား!ကောက်ညှင်းစားရင် မေမေ အချင်းကပ်မှာလား!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
46

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်