🔥 ရေပန်းစားသောအကြောင်းအရာ

About Injection

မင်္ဂလာပါဆရာ

ကျွန်တော်ပြီးခဲ့တဲ့ တပါတ်လောက်က အမျိုးသား​အင်္ဂါနားမှာ ပေါက်နေတဲ့ အဆီကျိတ်ကိုခွဲထုတ်ခဲ့ပါတယ်။ ခွဲပြီးတော့ dr က​ တင်ပါးကို အကိုက်အခဲပျောက်ဆေး တလုံးထိုးပေးခဲ့ပါတယ် လက်မောင်းကိုတော့ မေးခိုင်ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။ ဒါပေမယ့်​ ခွဲပြီးနောက်ရက်တွေမှာ တင်ပါးကို​ဆေးထိုးထားတဲ့နေရာတဝိုက်မှာ ထုံလာပါတယ်။ dr​ကိုပြန်မေးကြည့်တော့ ဘာမှမဖြစ်တဲ့အကြောင်းရေခဲကပ်ဖို့တော့ပြောပါတယ်။ ဒါပေမယ့်​ရေခဲကပ်လည်း သိပ်မသက်သာပါဘူး။ ခုထိကို အနည်းငယ်ထုံနေပါသေးတယ်။ ရံဖန်ရံခါ​ ခြေထောက်လှုပ်ရှားပါက စူးကနဲဖြစ်ပြီး နာကျင်တက်ပါတယ်။ သူများတွေပြောသလို ဆေးခဲပြီး ခွဲထုတ်ရတာတွေဖြစ်မှာ ဆိုလို့​ပါ။ ဘာဖြစ်တာလည်းသိချင်လို့။ တင်ပါးထိုးပေးလိုက်တဲ့ဆေးက diclo​10 လို့သိရပါတယ်။ အဲဒါနဲ့​အတွင်းမှာ ခဲနေလားလို့စမ်းကြည့်တော့လည်း မတွေ့ပါဘူးဆရာ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
2
1

မှတ်ချက် 1ခု

ခဲနေတာ မရှိဘူးဆိုရင်တော့ ခဏစောင့်ကြည့်ပါ။ တစ်ခါတလေမှာ တင်ပါးက အကြောနဲ့ မလွတ်တာမျိုး ဖြစ်တတ်ပါတယ်။ ရှားေတာ့ ရှားပါတယ်။

အဲ့လို ဖြစ်လာရင်လည်း ရက်ပိုင်းလောက်နေရင်တော့ သက်သာသွားနိုင်ပါတယ်။ ပိုပိုဆိုးလာရင်တော့ ဆရာဝန်နဲ့ ပြန်ပြပါ။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်