🔥 ရေပန်းစားသောအကြောင်းအရာ

ဘေဘီလေးကို အစာဝါးမကျွေးခင် ဒါကို အရင်ဖတ်ပါ မေမေ

ဘေဘီလေးက အသက် ၆ လလောက်ရောက်ပြီဆိုရင် မေမေတို့က ထမင်းတိုက်ကျွေးတာမျိုး ရှိသလို ထမင်းကျိုကျွေးတာ၊ ဝါးကျွေးတာမျိုးတွေလည်း ရှိကြပါတယ်။ ဒီလိုကျွေးတဲ့အခါ မြန်မာနိုင်ငံမှာတော့ အတွင်ကျယ်ဆုံးက ဝါးကျွေးတာပါ။ ဒီလို ဝါးကျွေးတာက မေမေ့စကား နားထောင်တယ်။ ကလေးက အမေကို ပိုချစ်တယ်ဆိုတဲ့ စကားတွေကြောင့်ပေါ့။


ဒီလိုမျိုး ကလေးကို အစာဝါးကျွေးတာကကောင်းတာလည်းရှိသလို မကောင်းတဲ့အချက်တွေလည်း ရှိနေနိုင်ပါတယ်။ ဘာတွေကောင်းလို့ ဘာတွေမကောင်းဘူးလဲ သိချင်ရင်ဆက်ကြည့်လိုက်ရအောင်နော်။


ဘေဘီလေးကို ထမင်းဝါးကျွေးတာက ကောင်းတယ်လို့ ဆိုရတာက


ထမင်းဝါးကျွေးတာက ကလေးရဲ့ ကိုယ်ခံအားကိုမြှင့်တင်ပေးတဲ့ရှေးရိုးစဉ်လာတစ်ခုပေါ့။ ကလေးကို ထမင်းဝါးကျွေးတဲ့အခါ မိခင်တံထွေးမှာပါတဲ့pathogens က ကလေးရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တာ ကြောင့်ပါ။ ကလေးကိုဝါးကျွေးလိုက်တဲ့ အစားအစာကနေတဆင့် ပါသွားတဲ့ မိခင်ရဲ့ တံထွေးက ဖွံ့ဖြိုးဆဲကလေးရဲ့ ကိုယ်ခံအားကို အကောင်းဆုံးအားဖြည့်ပေးပြီး ကိုယ်တွင်းမှာ ပဋိပစ္စည်းတွေတိုးလာအောင်လည်း လှုံ့ဆော်ပေးပါတယ်။


နောက်ပြီး ကလေးကို ထမင်းဝါးကျွေးတာက


🔹ပန်းနာရင်ကြပ်ဝေဒနာလိုမျိုး ကိုယ်ခံအားစနစ်အားနည်းတာကြောင့် ခံစားနိုင်တဲ့ ဝေဒနာတွေ မဖြစ်အောင် ကာကွယ်ပေးတယ်

🔹ကိုယ်ခံအားစနစ်က မှားယွင်းတိုက်ခိုက်မှုကြောင့်ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးတယ်

🔹ကလေးကို ကူးစက်ရောဂါနဲ့ အခြားသောပတ်ဝန်းကျင်က ဘက်တီးရီးယားတွေနဲ့ ထိတွေ့တာကြောင့်ဖြစ်လာမယ့် ရောဂါတွေကနေလည်း ကာကွယ်ပေးတယ်


🔺ကလေးကို ထမင်းဝါးမခွံသင့်တဲ့ အကြောင်းအရင်း

ဒီလိုအခြေအနေမျိုးတွေခံစားနေရရင် ကလေးကို အစားဝါးမကျွေးဖို့ပြောပါရစေနော်။


- အဖျားရှိနေရင်

- ကွမ်းစားတတ်သူဆိုရင်

- ခံတွင်းကျန်းမာရေးအားနည်းသူဆိုရင်

- တုပ်ကွေးကူးစက်ခံထားရတာဆိုရင်

- မေးခိုင်ပိုးရှိနေရင်

- ပါးစပ်မှာ အနာဖြစ်နေရင်

- ရေယုန်ပေါက်နေရင်

- အသည်းရောင် အသားဝါ B ပိုး

- အသည်းရောင်အသားဝါ C ပိုး

- သွားပိုးစားနေတယ်ဆိုရင်

- HIV ပိုးရှိနေရင် (ဖြစ်နိုင်ခြေတော်တော်လေးနည်းပေမယ့် သတိထားတာအကောင်းဆုံးပါ)။


# အထူးသတိထားရမယ့်အချက်တစ်ခုရှိပါတယ်။ ဒါကတော့ ကလေးကို အစားဝါးမခွံ့ခင် ခံတွင်းသန့်ရှင်းမှုကို အရင်လုပ်ပေးဖို့ပါ။ နောက်တစ်ခုကလူကြီးမှာ ဘာလက္ခဏာမှ မပြဘဲ ရောဂါပိုးတွေ ရှိနိုင်တယ်ဆိုတာ သတိထားပေးပါ။


#HelloMomandBaby #Parenting #BabyCare #ShortArticle

ဘေဘီလေးကို အစာဝါးမကျွေးခင် ဒါကို အရင်ဖတ်ပါ မေမေဘေဘီလေးကို အစာဝါးမကျွေးခင် ဒါကို အရင်ဖတ်ပါ မေမေ
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
4

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်