🔥 ရေပန်းစားသောအကြောင်းအရာ

To Doctor

ကလေးအရမ်းလိုချင်နေသူမို့ ဒီလထဲရာသီစလာတဲ့ပထမရက်၄ရက်ကနေစပြီးသားဥကြွေရက်၁၄ရက်ရေတွက်ပြီး၁၈ရက်နေ့မနက်ပိုင်းမှာအတူနေခဲ့ပါတယ် ဒါဆိုကလေးရဖို့ရာခိုင်နှုန်းဘယ်လောက်များနိုင်လဲရှင့် ဒီတကြိမ်နေရုံနဲ့ကလေးရနိုင်လားရှင့် ဆီးစစ်ချင်ရင်ရောဘယ်ရက်လောက်အကြာမှာအမြန်စစ်နိုင်မလဲရှင့် အရမ်းစိတ်လှုပ်ရှားပြီးသိချင်နေလို့ပါ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
4
2

မှတ်ချက် 2ခု

ကလေးယူမယ်ဆို ကိုယ်ဝန်ဆောင်အားဆေး ကြိုသောက်ထားပါ။ ရောဂါအခံတစ်ခုခုရှိမယ်၊ စွဲသောက်နေရတဲ့ ဆေးတွေရှိမယ္ဆိုရင် သားဖွားမီးယပ်ဆရာဝန်နဲ့ ကြိုပြပါ။


လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

သားဥကြွေတဲ့ရက်တစ်ရက်တည်း နေတာထက်စာရင် ၂-၃ရက်ခြားတစ်ခါ နေတာက ပိုပြီး ထိရောက်ပါတယ်။


ရာသီစက်ဝန်းက ပြောင်းနေတဲ့သူဆိုရင် ရက်တွက်တာ မတိကျပါဘူး။ ရာသီလာစရက်ကနေ ၁၄ရက်နေ့မှာနေတာက ၂၈ရက်တစ်ခါ ရာသီလာတဲ့သူတွေအတွက်ပဲ ဖြစ်ပါတယ်။ ရာသီစက်ဝန်းဒီထက်ပိုတာ၊ ပိုရှည်တာမျိုးဆို သားဥကြွေတဲ့ရက်လည်း ရွှေ့သွားမှာပါ။

သားဥကြွေတဲ့ရက်= ရာသီစက်ဝန်း- ၁၄ နဲ့ တွက်ရပါတယ်။

ဥပမာ ကိုယ်က ရက်၃၀တစ်ခါ ရာသီလာတဲ့သူဆိုရင် ၃၀-၁၄= ရာသီစလာတဲ့ရက်ကနေ ၁၆ရက်မြောက်က သားဥကြွေတဲ့ရက်ဖြစ်သွားပါပြီ။

ကိုယ်ဝန်အတွက် ရာသီလာရမယ့္ရက်မှာ မလာရင်တော့ ဆီးစစ်ကြည့်ပါ။


လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်