Emergency pill

ကျနော် ကောင်မလေး ဒီလ ၂ ရက်နေ့ကရာသီစလာတယ်ခင်ဗျ ၉ ရက်နေ့လောက်မှာရာသီလာတာပြီးတယ် ဆရာ။ ၁၂ ရက်နေ့မှာကျနော်နဲ့ တူတူနေဖြစ်ပြီး ကောင်မလေးကနာလို့ အဆုံးထိမသွားခဲ့ပါဘူး တစ်ဝက်လောက်ပဲ ဝင်ခဲ့ပါတယ်။ အဲ့တာစိတ်မချလို့ ၁၃ ရက်နေ့မှာ lydia 1 pill တိုက်လိုက်ပါတယ် ဆရာ။ တိုက်ပြီး ၆ ရက်ဝန်းကျင်လောက်မှာ အဖြူဆင်းတယ်ပြောပါတယ် ဆရာ အဖြူထဲမှာ အဖတ်နည်းနည်းပါတယ်ပြောပါတယ်။ အဖြူဆင်းတဲ့အခါ မိန်းမကိုယ်က အေးတယ်လို့ေပြာပါတယ်။ အဖြူဆင်းပြီး ၃ ရက်လောက်နေတော့ ရာသီလာချင်သလိုဖြစ်ပြီး ရာသီသွေး အညိုရောင် နည်းနည်းချင်း ဆင်းတယ်၊ ဗိုက်လည်းအောင့်နေတယ် ပြောပါတယ်။ အဲ့လို ၃ ရက်လောက်ဗိုက်ကအောင့်နေပြီး သက်သာလိုက် အောင့်လိုက်ဖြစ်လိုက်ဖြစ်နေပြီးလုံးလုံး မအောင့်တာမရှိဘူးလို့ပြောပါတယ်။ မနေ့ညကတော့ သွေးပုပ် ရောင်လိုမျိုးကို အသားစလို ဂျယ်လီလို အခဲ မျိူးတွေဆင်းတယ်ပြောပါတယ်ဆရာ။ သွေးကတော့အများကြီးမဆင်းပါဘူးဆရာ။ ဗိုက်ကတော့ ၃ ရက်လုံး တစ်ဖက်ပဲ အောင့်နေတယ် ပြောပါတယ်။ ဘာကြောင့်ဖြစ်နိုင်လဲဆရာ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
24
1

မှတ်ချက် 1ခု

အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။


နောက်ပြီးသားဥကြွေတဲ့ရက်နားနီးလို့လည်း ဖြစ်နိုင်ပါတယ်။ ဗိုက်အောင့်တာ မသက်သာရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြကြည့်ပါ။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်