🔥 ရေပန်းစားသောအကြောင်းအရာ

​ဘေဘီ​လေး eq ​ကောင်း​အောင် ပျိုး​ထောင်လို့ ရ၊ မရ

​ဘေဘီ​လေး EQ ​ကောင်း​အောင် ပျိုး​ထောင်လို့ ရ၊ မရ


သားသားမီးမီးတို့ကို ပေါင်းသင်းဆက်ဆံရေး ကောင်းစေချင်တဲ့ ဆန္ဒ မိဘတိုင်းမှာ ရှိပါတယ်။ ကလေးကို ထူးချွန်ထက်မြက်စေဖို့ဆိုရင်တော့ ကလေးကို ငယ်စဉ်ကာလတွေကတည်းက EQ ရော IQ ကောင်းစေဖို့ပါ ဂရုစိုက်ဖို့ လိုပါမယ်။


ဒီလိုဆိုတော့ ဘေဘီလေးကို EQ ကောင်းအောင် ပျိုးထောင်လို့ ရမလား! ဆိုပြီး သိချင်နေပြီလား…. ဒါဆိုရင်တော့ ပြောနိုင်တာ တစ်ခုက ကလေးကို EQ ကောင်းစေဖို့ ရာနှုန်းပြည့် မဟုတ်ရင်တောင် ထက်ဝက်ကျော်လောက်အထိ ပျိုးထောင်ပေးလို့ ရပါတယ်။ ဘယ်လို ပျိုးထောင်ရမလဲဆိုတော့ -


အမှီအခိုကင်းပါစေ - ကလေးကို ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးပါ။ ကလေးကို အခက်အခဲတိုင်းကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ လေ့ကျင့်ပေးပါ။ အမှီအခိုကင်တာက ဆက်ဆံရေး ကောင်းစေဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။


🔹ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် ပျိုးထောင်ပါ - ကလေးတွေကို ငယ်စဉ်ကတည်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိအောင် ပျိုးထောင်ပေးတာက အရွယ်ရောက်လာချိန်မှာ ယုံကြည်မှု ပြည့်ဝပြီး ဆက်ဆံရေး ကောင်းသူလေးအဖြစ် ကြီးပြင်းလာမှာပါ။


🔹ကိုယ်ချင်းစာတတ်အောင် သင်ပေးထားပါ - ကလေးကို မျှဝေပေးတတ်အောင် ကိုယ်ချင်းစာတတ်အောင် သင်ပေးတာက လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းစေပြီး လူဝင်ဆန့်စေနိုင်မှာပါ။


🔹ကလေးရဲ့ ရင်ဖွင့်မှုကို နားထောင်ပေးပါ - ကလေးက ပြောပြတာလေးတွေကို သေချာလေး နားထောင်ပေးတာက ကလေးကို နားထောင်ကောင်းသူ တစ်ယောက် ဖြစ်လာစေပြီး အခြားသူတွေရဲ့ ခံစားချက်ကိုလည်း မျှဝေနားထောင်တတ်စေမှာပါ။ ဒီအချက်ကပဲ ကလေးကို ပေါင်းသင်းဆက်ဆံရေး ကောင်းစေမှာပါ။


🔹ကိုယ်တိုင်က စံပြဖြစ်ပေးပါ - ကလေးဆိုတာက မိဘတွေကို နမူနာယူတတ်ကြသူတွေပါ။ ဒီတော့ ကလေးကို ပေါင်းသင်းဆက်ဆံရေး ကောင်းစေချင်တယ်ဆိုရင်တော့ မိဘတွေ ကိုယ်တိုင်က ပေါင်းသင်းဆက်ဆံရေး ကောင်းတတ်ဖို့ လိုပါမယ်။


🔹အသင်းအဖွဲ့နဲ့ ကစားတတ်အောင်လုပ်ပေးပါ - ကလေးကို အဖွဲ့လိုက် ကစားရတဲ့ ကစားနည်းလေးတွေနဲ့ ကစားစေတာက ပေါင်းသင်းဆက်ဆံရေး ကောင်းစေဖို့ ပျိုးထောင်ပေးနိုင်မှာပါ။


#HelloMomandBaby #Parenting #ShortArticle


​ဘေဘီ​လေး eq ​ကောင်း​အောင် ပျိုး​ထောင်လို့ ရ၊ မရ​ဘေဘီ​လေး eq ​ကောင်း​အောင် ပျိုး​ထောင်လို့ ရ၊ မရ
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
7

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်