🔥 ရေပန်းစားသောအကြောင်းအရာ

ခွဲမွေးထားတယ်ဆိုရင် ဘာတွေဂရုစိုက်ရမလဲ!

ခွဲမွေးတာက အသေးစားခွဲစိတ်မှု တစ်ခု မဟုတ်တာကြောင့် ဆေးရုံမှာ ရိုးရိုးမွေးတဲ့သူတွေထက် ပိုနေဖို့ လိုအပ်သလို အနာကျက်ဖို့ အတွက်လည်း ရက်သတ္တပတ် ၆ ပတ်လောက်အထိ စောင့်ဖို့ လိုပါမယ်။ ဒီကာလအတွင်းမှာ ချုပ်ရိုးကို ရေထိတာမျိုး၊ အလေးအပင် မတာမျိုး ၊လေ့ကျင့်ခန်း ခပ်ကြမ်းကြမ်း လုပ်တာမျိုးတွေ မလုပ်မိဖို့ လိုပါမယ်။


ခွဲမွေးထားတဲ့မေမေတစ်ယောက် အနာကျက်ဖို့ အရေးကြီးတဲ့ အချက် တစ်ချက် ရှိပါတယ်။ ဒါကတော့ အာဟာရ ပြည့်ဝအောင် စားသုံးပေးဖို့ပါ။ ခွဲမွေးထားတဲ့မေမေတို့ ဘာတွေစားလို့၊ဘာတွေရှောင်ရမလဲ ဆိုတော့ ဘာတွေစားရမလဲဆိုတာကို အရင် ပြောပြပေးချင်ပါတယ်။


  • ပရိုတင်း ကြွယ်ဝအောင်စားပေးပါ - အဆီမပါတဲ့ အသား၊ အဆီထုတ် ဒိန်ချဉ်၊ အဆီထုတ်နို့ စတာတွေပါ။
  • ကောက်နှံတစ်ခုလုံးပါဝင်နေတဲ့ အစားအစာတွေ စားပေးပါ - ပေါင်မုန့်ညို၊ ဆန်လုံးညို စတာတွေပါ။
  • ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေ စားပါ - နို့နဲ့ နို့ထွက်ပစ္စည်းတွေပါ။
  • ဗီတာမင် ကြွယ်ဝတဲ့အစားအစာတွေ စားပေးပါ - ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ပဲနံ့သာရွက်တို့ကို စားပေးပါ။ လိမ္မော်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ စတော်ဘယ်ရီ၊ ကန်စွန်းဥတို့ကို စားပေးပါ။
  • သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေ စားပေးပါ - သံဓာတ်ကြွယ်ဝတဲ့ ကြက်ဥအနှစ်၊ အနီရောင်အသားတို့ကို စားသုံးပေးပါ။
  • အရည်များများသောက်ပါ- ခွဲမွေးထားတဲ့မေမေအနေနဲ့ တစ်နေ့ကိုရေ ၈ ခွက်ကနေ၁၀ ခွက်အထိသောက်သုံးပေးပါ။ အုန်းစိမ်းရည်သောက်ပေးလို့ရသလို သံပရာရည်သောက်ပေးလို့လည်းရပါတယ်။


ဒါတွေအပြင် ခွဲမွေးထားတဲ့မေမေတို့အနေနဲ့ ကြက်သွန်ဖြူ၊ ချင်း (ဂျင်း)၊ ပဲနံ့သာစေ့၊ နနွင်းတို့လိုမျိုး ဟင်းခတ်အမွှေးအကြိုင်တွေကို စားပေးလို့ရပါတယ်။

ခွဲမွေးထားတယ်ဆိုရင် ဘာတွေဂရုစိုက်ရမလဲ!ခွဲမွေးထားတယ်ဆိုရင် ဘာတွေဂရုစိုက်ရမလဲ!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
7
1

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်