Please
ဆရာ ကျွန်တော့ကောင်မလေးနဲ့ 20ရက် 5လပိုင်းတုန်းက အတူနေဖြစ်ပါတယ် အတူနေတယ်ဆိုပေမယ့် မိန်းမကိုယ်ထဲ လက်ထည့်တာလောက်ပါဘဲ။ဒါပေမယ့် အတူတူ မနေခင် အာသာဖြေမိပါတယ်။အာသာဖြေပြီး 3နာရီကြာမှ တွေ့တာပါ လက်ကိုလဲ အဝတ်နဲ့ သုတ်ထားပါတယ်။အဲ့တာ အတူတူ မနေခင်က သူက 5.5.2023 ကနေ 7.5.2023 ထိရာသီလာပါတယ်။
အတူတူနေပြီးနောက်ပိုင်းလဲ 31.5.2023ကနေ 2.6.2023ထိလာပါတယ်။နောက်လလဲ 26.6.2023 ကေန 30.6.2023ထိ လာပါတယ်။နောက်လလဲ 25.7.2023 ကနေ27.7.2023ထိလာပါတယ်။ အခုလက 22ရက်ဆိုလာရ မှာ မလာသေးလို့ပါ။ သူက 12.7.2023 မှာ ဆိုင်ကယ် အက်စီဒင့် ကြောင့် လက်နဲ့မေးရိုးကျိုးသွားပါတယ်။ လက်ကတော့ စတီးရိုးထည့်ပြီးပေမယ့် မေ့စေ့က မလုပ်ရသေးပါဘူး။ အဲ့တာ ရာသီမလာတာ အက်စီ့ဒင့်ကြောင့်လား။ဒီတိုင်းဘဲ နောက်ကျတာလား။ကိုယ်ဝန်ကြောင့်လား ဆရာ။ နောက်တစ်ပတ်အတွင်းမှ မလာရင် ဘာလုပ်ပေးသင့်လဲ ဆရာ။
...လို့အောက်မှာ မေးထားတဲ့တစ်ယောက်ပါဆရာ အခုသူရာသီလာနေပါတယ် 25.8.2023ရက်မနက်က လာတာပါ။လာတာက ပထမရက်ကတည်းက အမျှင်လေးတေဆင်းတယ်တဲ့ အရမ်းကြီး မကြီးဘူးတဲ့ဆရာ အပ်ချည်မျှင်လောက်တဲ့ လက်တစ်ဆစ်လောက်တဲ့ တစ်ခါလဲရင် 4-5ပင်လောက်တွေ့ရတယ်တဲ့ဆရာ။နောက်ပြီး 28.8.2023မှယ အညိုတေဆင်းနေတယ်တဲ့ဆရာ
20.5.2023နောက်ပိုင်းကတည်းက အတူတူနေတာ မရှိပါဘူးဆရာ ဘာမှလဲ မလုပ်ပါဘူး။အဲ့တာ ကိုယ်ဝန်ကြောင့်လား ဘာကြောင့်လဲ
ဆရာ အရင်က မဖြစ်ဖူးဘူးတဲ့ဆရာ 28.8.2023ညနေမှာ တော့အမျှင်လေးတ မဆင်းေတာ့ဘူးတဲ့ဆရာ ရာသီကလဲ သွေးတစ်စက်နှစ်စက်လာက်ဘဲတဲ့ဆရာ
ရာသီစဆင်းခါနီးရင်လည်း အဲ့လိုတွေ ဖြစ်တတ်ပါတယ်။ နည်းနည်းဆီ ဆင်းပြီး နောက်မှ တကယ်သွေးဆင်းတာမျိုးပေါ့။
နောက်ရက်တွေမှာရော ပုံမှန်အတိုင်း ရာသီလာသလားဆိုတာကို စောင့်ကြည့်လိုက်ပါ။
ကိုယ်ဝန်ကတော့ ၅လပိုင်းနောက်ပိုင်းမှာ အတူနေထားတာလည်း မရှိ၊ ရာသီလည်း ပုံမှန်လာနေတော့ မဖြစ်နိုင်ပါဘူး။
တကယ်လို့ ရာသီလာတာ နည်းနေတယ်ဆိုရင်လည်း တခြားလက္ခဏာတွေ မရှိရင် သိပ်မစိုးရိမ်ပါနဲ့။ ဒီတလောမှာ အက်ဆီးဒင့်ဖြစ်ထားတော့ physical stressတွ၊ mental stress တွေနဲ့ ဖြစ်တတ်ပါတယ်။ သူ့ကို အမြန်နေကောင်းအောင်သာ ကူညီပေးလိုက်ပါ။ ပြန်ကျန်းမာလာရင် ပုံမှန်အတိုင်း ဖြစ်သွားမှာပါ။
ဒီတလောမှာ အာဟာရှိတာ (အထူးသဖြင့် သံဓာတ်ကြွယ်ဝတာလေးတွေ) ကျွေးပြီး စိတ်ဖိစီးမှုနည်းအောင် ထားပေးပါ။