Pregnant
လွန်ခဲ့တဲ့ 5လပိုင်း ၄ရက်ေန့လောက်က ကောင်လေးနဲ့အတူ နေဖြစ်ခဲ့ပါတယ်ရှင့် သူကလည်း အကာအကွယ်သုံးပါတယ် တားဆေးကတော့မသောက်ပါဘူးရှင့် နောက်ရက်တွေ အန်ချင်သလိုဖြစ်လို့ဆိုပြီး နည်းနည်းသံသယရှိလို့ ၂၆ရက်နေ့မှာ ဆီးစစ်ကြည့်ပါတယ် Negative ပြပါတယ်ရှင့် အဲဒီညနေမှာပဲ period လာပါတယ် နောက်လတွေမှာလည်း ပုံမှန်လာပါတယ်ရှင့် ကောင်လေးကို safe ဖြစ်လားလို့ မေးကြည့်တော့လည်း 100 safe တယ်လို့ ပြောပါတယ် သိချင်တာကလေ အဲဒီလို ရာသီပုံမှန်လာရင်ရော ကိုယ်ဝန်ရနိုင်ပါလားရှင့် အခု ဗိုက်က နည်းနည်း ပူချင်သလိုဖြစ်နေလို့ပါ ကိုယ်ဝန်ရှိပါတယ်လို့ ယူဆရတဲ့ လက္ခဏာတွေလည်း မပြခဲ့ပါဘူးရှင့် ပြီးတော့ အခုလထဲမှာ နှစ်ခါထပ်နေခဲ့ပြီး အရေးပေါ်တားဆေးကိုလည်း 2ခါစလုံးမှာသောက်လိုက်ပါတယ်ရှင့် ၄ရက်အကြာမှာ သွေးဆင်းပါတယ် အခုထိ ရင်သားကနာနေပါတယ် အရင်လတွေကလည်း ကိုယ်ဝန်ရှိတယ်လို့ခံစားရတဲ့ လက္ခဏာတွေက အခုထိ ဘာတစ်ခုမှ မခံစားမိပါဘူးရှင့် အရေးပေါ်တားဆေး ကတော့ ဒီလထဲမှာ 2ခါသောက်လိုက်မိပါတယ် ရင်သားက အခုထိ နာတာ မပျောက်လို့ပါ ဗိုက်လည်း ပူနေတော့ စိုးရိမ်လို့ပါ ဒီလ 22ရက်နေ့မှာလည်း မနက်အိပ်ရာထတဲ့ ဆီးနဲ့ ဆီးစစ်ကြည့်လိုက်ပါသေးတယ် Negative ပြပါတယ် 6လပိုင်းနဲ့ 7လပိုင်းတွေမှာလည်း ရာသီကပုံမှန်လာပါတယ် ရာသီမှန်ရဲ့သားနဲ့ရာ ကိုယ်ဝန်ရှိနိုင်လားရှင့်
အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။