ကိုယ်၀န်ရှိမရှိ
တူတူနေခဲ့တာ တလကျော်ပီဗျ အရင်လ3ရက်နေ့ကတူတူနေပါတယ် အရေးပေါ်တားဆေးသောက်တယ်ဗျ တပတ်လောက်နေတော့အညိုဆင်းတယ်ဗျပီးတာ့အခုထိ ရာသီမလာဘူး လာရက် ကျော်ပြီ ဆီးစစ်ကြည့်တာတာ့1 ကြောင်းပဲပြတယ် ဒီလထဲမာ ဆေးကဒ် သောက်ပီးတာ့တူတူ နေထားတယ်ဗျ 21လုံးကဒ် ရာသီမလာ မနေ့ကဆေးကဒ်ကုန်တာဗျ ဗိုက် အောင့်တယ် အန်ချင်တယ် တော့ပြောတယ် ကျန်တာတာ့ မဖြစ်ဘူး ကိုယ်၀န်ရနိုင်လား ဖြေပေးပါဗျ

















ဒါက အရေးပေါ်တားဆေးသောက်ပြီး အညိုဆင်းတာ၊ ရသီမလာတာ အတွက်ပါ။
https://hellosayarwon.com/sexual-wellness/contraception-sexual-wellness/amenorrhoea-after-emergency-pills/
နေ့စဉ်သောက်တဲ့တားဆေးကတ်က ဒီလမှ စသောက်တာလား။ ရာသီစလာတဲ့ရက်ကနေ ၅ရက်အတွင်းမှာ စသောက်တာ မဟုတ်ဘူး။ တခြားရက်မှာ စသောက်တာဆိုရင် ချက်ချင်းအာနိသင်ရမှာ မဟုတ်ပါဘူး။ တခြားရက်မှာစသောက်တဲ့သူတွေက အာနိသင်ရဖို့ တစ်ပတ်စောင့်ရပါတယ်။ အဲ့တစ်ပတ်မှာ အတူနေမယ်ဆိုရင် ကွန်ဒုံး ဒါမှမဟုတ် အရေးပေါ်တားဆေးသောက်ဖို့ လိုပါတယ်။
hellosayarwon.com