🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ကာလ ၂၉ ပတ်အတွက် မေမေတို့အတွက် သိကောင်းစရာ

29 ပတ် မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

29 ပတ် ကျတော့ ခေါင်းကနေ ဖနောင့်အထိကို ၁.၁ ကီလို ၃၉.၃ စင်တီမီတာလောက်ရှိပါပြီ။ ကလေးက လှုပ်တာ ပိုသိသာလာပါတယ်။ အစက နည်းနည်းလေးလှုပ်ရာကနေ အခုဆို မေမေတို့ အသက်ရှူအောင့်လောက်အောင် ထိုးတတ်နေပါပြီ။ ကလေးလေးက၂၄ နာရီကို အနည်းဆုံး ၁၀ ကြိမ် လှုပ်ရမှာပါ။ ကလေးလေးလှုပ်တာနည်းလာတယ်လို့ သတိထားမိရင် လှုပ်တာကို ရေထားပါ။ နည်းနေရင်တော့ ဆရာဝန်ဆီသွားပြကြပါ။


ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

အရင်က ရင်ပူရင်ဆာဖြစ်တာ၊ ဝမ်းချုပ်တဲ့ လက္ခဏာတွေ ပြန်ပေါ်လာလို့ နေရထိုင်ရတာ မသက်မသာဖြစ်နေလောက်ပြီပေါ့။ အကြောင်းကတော့ ကိုယ်ဝန်ဟော်မုန်းပရိုဂျက်စတုန်းက ကြွက်သားတွေကို ဖြေလျှော့လိုက်တာ အစာအိမ်အူလမ်းကြောင်းက ကြွက်သားတွေပါ ပါသွားလို့ပါ။ ဒါကြောင့် မကြာခဏ လေတက်ပြီး မအီမသာဖြစ်စေတဲ့အပြင် ဝမ်းပါချုပ်စေပါတယ်။

ကြီးထွားလာတဲ့ သားအိမ်ကလည်း လိပ်ခေါင်းဖြစ်နိုင်ခြေကို များပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ စအိုဝတစ်ဝိုက်က သွေးကြောတွေ ဖောင်းလာတတ်ပါတယ်။ ကံကောင်းတာက ဒီသွေးကြောတွေက မွေးပြီးတဲ့အပတ်ကျရင် သက်သာသွားမှာဆိုတော့ သိပ်တော့စိတ်ပူစရာမလိုပါဘူး။


29 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ

ကိုယ်ဝန်ဆောင်ကာလဆုံးခါနီးဆိုတော့ ကလေးလေးလှုပ်တာ နည်းလာနိုင်ပါတယ်။ ဘာလို့ဆို ကလေးလေးက ကြီးလာပြီးတော့ အထူးသဖြင့် ခေါင်းက မွေးလမ်းကြောင်းထဲဝင်သွားတဲ့အခါ နေရာကျဉ်းသွားလို့ပါ။ နောက်ဆုံး ၃ လမှာ လှုပ်ရှားမှုနည်းတာက အချင်းနဲ့ ချက်ကြိုးမှာ ပြဿနာရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ ကလေးလှုပ်တာ နည်းတယ်လို့ သံသယရှိရင် သေချာအောင် ဆရာဝန်ဆီ သွားစစ်ဆေးကြည့်ကြနော်။


ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ

လှုပ်တာနည်းလို့ စိတ်ပူရင်တော့ ဆရာဝန်ဆီ သွားပြနိုင်ပါတယ်။ ဆရာဝန်က ကလေးလေး နောက်ဆုံးလှုပ်တဲ့အချိန်၊ နာရီအနည်းငယ်အတွင်းမှာ ဘယ်နှစ်ကြိမ်လှုပ်လဲဆိုတာ မေးပါလိမ့်မယ်။ စိတ်မပူပါနဲ့။ ဆရာဝန်က ကလေးအခြေအနေသိဖို့မေးတာပါ။ တကယ်လို့ ကလေးအတွက် မကောင်းရင် ဆရာဝန်က ကြိုမွေးခိုင်းတာ ဒါမှမဟုတ် တခြားနည်းတွေ ညွှန်းပါလိမ့်မယ်။


ဗိုက်မှာ၊ မျက်နှာမှာ၊ လည်ပင်းမှာ၊ ရင်သားနဲ့ လက်မောင်းတွေမှာ သွေးကြောတွေ ပြတ်တာဖြစ်တတ်ပါ တယ်။ မွေးပြီးရင်တော့ ပျောက်သွားမှာပါနော်။ ကိုယ်ဝန်ကြောင့် သွေးအားကောင်းလာလို့ပါ။


ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်

နောက်လကစပြီး ဆရာဝန်ဆီ ခပ်စိတ်စိတ်လေး သွားရတော့မယ်နော်။ ၂ ပတ်တစ်ကြိမ်ကနေ နောက်ပိုင်း ၁ ပတ်တစ်ကြိမ် စသဖြင့် မွေးတဲ့ အထိသွားရမှာပါ။ ဆရာဝန်က ကလေးလှုပ်ပုံလှုပ်နည်းတွေပါ မေးပါလိမ့်မယ်။ ဘယ်ချိန်လှုပ်ပြီး ဘယ်ချိန်မလှုပ်ဘူးလဲ။ သားအိမ်အရွယ်အစားလည်း အရင်ကလို ဆက်စစ်ရဦးမယ်နော်။

ကျန်းမာဘေးကင်းအောင်နေကြမယ်

ကိုယ်ဝန်ဆောင်ကာလ ၂၉ ပတ်အတွက် မေမေတို့အတွက် သိကောင်းစရာကိုယ်ဝန်ဆောင်ကာလ ၂၉ ပတ်အတွက် မေမေတို့အတွက် သိကောင်းစရာ
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
72

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်