🔥 ရေပန်းစားသောအကြောင်းအရာ

အိပ်မက် နိမိတ် အဟောနဲ့ ကိုယ်ဝန်

ကိုယ်ဝန်ဆောင်ချိန်ဆို ထူးဆန်းတဲ့ အိပ်မက်တွေ မက်ကြတယ်ဟုတ်။ တချို့ဆို ကိုယ်ဝန်ရှိမှန်းတောင် မစစ်ရသေးဘူး။ နိမိတ်ပြ အိပ်မက်တွေ မက်နေကြပြီ။ ၁-၂ပတ်နေလောက်ကျ မသင်္ကာလို့ စစ်လိုက်တော့ ကိုယ်ဝန်ရှိနေရော။


အာရှနိုင်ငံတွေမှာ အိပ်မက်နဲ့ ပတ်သက်ရင် တော်တော်အစွဲအလမ်းကြီးကြပါတယ်။ အိပ်မက်ဆိုးမက်တာ၊ မိန်းကလေးမွေးမဲ့ အိပ်မက်၊ သားလေး မွေးမဲ့ အိပ်မက် စသဖြင့် လက်ဆင့်ကမ်းလာတဲ့ ရိုးရာအယူအစွဲလေးတွေ ရှိပါတယ်။


ကိုယ်ဝန်ဆောင်ချိန်မှာ ထူးဆန်းတဲ့ အိပ်မက်တွေ ဘာကြောင့် မက်ရသလဲဆိုတာကို ဆရာမက ဒီဘက် ဆေးပညာဘက်ခြမ်းကနေ ရှင်းပြပေးပါ့မယ်။

တကယ်တော့ ဘာကြောင့် ဒီလိုတွေမက်လဲဆိုတာကို တိတိကျကျ ပြောဖို့ခက်ပါတယ်။ ဖြစ်နိုင်တဲ့ အချက်တွေကတော့

-ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုဂျက်စတုန်း ဟော်မုန်းတွေ များလာတာ

-ကိုယ်ဝန်ဆောင်တွေ အိပ်ချိန်မမှန်တာ (တချို့ရက်တွေမှာ တအားအိပ်ချင်ပြီး တချို့ရက်တွေမှာ အိပ်မပျော်တာကို ကြုံဖူးမှာပါ)

-ဦးနှောက်ရဲ့ မှတ်ဉာဏ်တွေ သိမ်းဆည်းပုံပြောင်းလဲသွားတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

ထူးဆန်းတဲ့ အိပ်မက်တွေက များသောအားဖြင့် အန္တရာယ်မရှိပါဘူး။


ဒါပေမဲ့ အိပ်မက်တွေကြောင့်

-အိပ်ဖို့တောင် ကြောက်လာရင်

-စိတ်ဓာတ်ကျလာသလိုလို ဝမ်းနည်းလာသလိုလို ခံစားရရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
1881
4
74

မှတ်ချက် 74ခု

မင်္ဂလာပါဒေါက်တာ သွားအောက်ခြေမှာတည်နေတဲ့ သွားကျောက်ကသူ့ဘာသာ ကွာကျနိုင်လားဒေါက်တာ ဒီနေ့ကွာကျသွားလို့ပါ သူ့ဘာသာကွာကျတာ အန္တရာယ်ရှိနိုင်လားဗျ သွားကျောက်ခြစ်ဖို့မအားသေးလို့ပါဒေါက်တာ

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ကွာကျတတ်ပါတယ်။ အန္တရာယ်မရှိပါ။

ဒါပေမယ့် သွားကျောက်တွေက သွားဖုံးသွေးယိုတာ၊ ခံတွင်းအနံ့ဆိုးထွက်တာတွေ ဖြစ်တတ်လို့ အားရင်တော့ သွားခြစ်လိုက်ပါ။

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

မင်္ဂလာပါဒေါက်တာ ဝမ်းသွားပြီးသန့်ရှင်းရေးလုပ်တဲ့အခါ အချွဲလိုပါနေတာမျိုးသတိထားမိပါတယ် ဝမ်းလည်းမကြာခဏဗိုက်ရစ်ပြီး သွားပါတယ် ဘယ်လိုကုသ ရှောင်ကြည်ရမလဲဒေါက်တာ

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

ဟုတ်ကဲ့ပါဒေါက်တာ ဘလိုရောဂါမျိူးဖြစ်နိုင်လဲ အရမ်းစိုးရိမ်ရလား

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ထပ်ဖြစ်ရင် ဆေးခန်းပြလိုက်ပါ

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

အခုရက်ကျသက်သာနေပါတယ်ဒေါက်တာ ဘလိုဆင်ခြင်နေပြီ ကုသရမလဲဗျ အရမ်းရောစိုးရိမ်ဖို့လိုလား

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

မကြာသေးပါဘူးဒေါက်တာ ရက်ပိုင်းဘဲရှိပါသေးတယ် သက်သာလိုက်ကောင်းလိုက်ပါ

လွန်ခဲ့သော 2 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
ပြန်လည်ဖြေကြားချက် 1ခုကို ဆက်ကြည့်မယ်။

ဘယ်ဖက်မေးရိုးတဖက်တည်းကဘဲနာနေပါတယ် ပါးစပ်ဟရင်တို့ အစာဝါးရင်တို့ဆိုအတော်နာပါတယ် သွားကိုတော့ဂရုစိုက်ဖို့ပေါ့လျော့မိပါတယ် ဘလိုကုသပြီးဆင်ခြင်ရမလဲဒေါက်တာ အခြားစိုးရိမ်ရသောရောဂါမျိုးဖြစ်နိုင်ပါသလား


လွန်ခဲ့သော 4 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အစာဝါးတဲ့အခါ သွား၊ သွားဖုံးက နာတယ်ဆိုရင်တော့ သွားဆရာဝန်နဲ့ ပြပါ။

လွန်ခဲ့သော 4 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

သွားဆရာဝန်ပြသင့်လား ရိုးရ်ိုးဘဲပြသင့်လားဒေါက်တာ

လွန်ခဲ့သော 4 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

နီးစပ်ရာဆေးခန်းမှာအရင်ပြသပါ။

လွန်ခဲ့သော 4 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

မင်္ဂလာပါဒေါက်တာ ညဖက်အိပ်ရာဝင်နောက်ကျတဲ့ရက်မျိုးဆို အိပ်ပျော်ကာစလိုမှေးခနဲ့ဖြစ်နေတဲ့အချိန်မျိုးမှာ ရုတ်တရက်အသက်အမြန်ရှုထုတ်သွားပြီး ခေါင်းပါအနည်းငယ်ကြွတက်ပြီးလန့်သွားသလိုဖြစ်ပါတယ်ဒေါက်တာ stress တွေကြောင့်လားဒေါက်တာ

လွန်ခဲ့သော 5 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

မအိပ်ခင် အသက်ရှူလေ့ကျင့်ခန်းလုပ်၊ စိတ်ဖိစီးမှု လျှော့ပြီး အိပ်ကြည့်ပါ။ အဝတ်အစားကျပ်ကျပ်တွေ မဝတ်အိပ်ပါနဲ့။

လွန်ခဲ့သော 5 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

မဝပါဘူးဒေါက်တာ ပိန်တဲ့အထဲမှာပါပါတယ် 110lbပါ အိပ်ရေးအပျက်နဲ့stressတော့များပါတယ်

လွန်ခဲ့သော 5 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဲ့တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ လူကဝလား

လွန်ခဲ့သော 5 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

လွန်ခဲ့သောသုံးရက်လောက်က အဆုတ်အအေးပတ်သလိုချောင်းဆိုးလို့ တင်ပါးကိုဆေးထိုးထားပါတယ် အခုထိုးတဲ့နေရာက အဖုအနီလေးဖြစ်နေလို့ပါ ထိလိုက်ရင်နာပါတယ်ဘလိုကုသရမလဲဖြေပေးပါဆရာ

လွန်ခဲ့သော 5 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဘာအဖုလဲဆိုတာပေါ် မူတည်ပါတယ်။ ပြည်တည်တာလား၊ ခဲသွားတာလား စသဖြင့်။

လွန်ခဲ့သော 5 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

ဟုတ်ကဲ့ပါ အရမ်းစိုးရိမ်ရနိုင်လားဒေါက်တာ စိတ်ပူမိလို့ပါ

လွန်ခဲ့သော 5 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ထိုးပေးတဲ့သူနဲ့ ပြန်သွားပြပါနော်။ အိမ်မှာတော့ ရေနွေးအိတ်လေး ကပ်လို့ ရပါတယ်။

လွန်ခဲ့သော 5 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

ကောင်မလေးနဲ့လက်နဲ့ပွတ်ယုံပွတ်မိပါတယ် သုတ်ပေတဲ့လက်နဲ့ပါ စိတ်ချရအောင် အဲ့ရက်မှာတင် အရေးပေါ်တားဆေးတိုက်ပါတယ် အဲ့ရက်ကနေငါးရက်မြောက်နေ့မှ ရာသီအစောရီးလာပါတယ် ငါးရက်ကြာပါတယ်

နောက်လကျအရင်လကလာထားတဲ့ရက်မှာမလာပါဘူး အဲ့တာဘာဖြစ်လို့ပါလဲဗျ

လွန်ခဲ့သော 5 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

တားဆေးတွေက သွေးဆင်းမမှန်တာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ကိုစိတ်ပူရင် အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ရာသီလာရမယ့်ရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။

လွန်ခဲ့သော 5 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။


အခုရက်ပိုင်းမှစဖြစ်တာပါဗျ အသက်ကိုပြင်းပြင်းရှုလိုက်ရင်တခါတလေ နှလုံးအောက်ခြေနားကြွက်သားလိုနေရာက စူးခနဲနာတယ်ဗျ မတ်တပ်လမ်းလျှောက်ပြီးပြင်းပြင်းရှုမှဖြစ်တာပါဗျ လှဲရင်းရှုရင်တော့မဖြစ်ပါဘူးဗျ ပြောပြပေးပါဦးခင်ဗျာ

လွန်ခဲ့သော 5 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

စစ်ဆေးကြည့်မှသိမှာပါ

လွန်ခဲ့သော 5 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

ဟုတ်ကဲ့ပါဗျ အရမ်းစိုးရိမ်ရနိုင်လားခင်ဗျာ

လွန်ခဲ့သော 5 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

နီးစပ်ရာဆေးခန်းမှာ ပြကြည့်ပါ


လွန်ခဲ့သော 5 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1


အခုရက်ပိုင်းမှစဖြစ်တာပါဗျ အသက်ကိုပြင်းပြင်းရှုလိုက်ရင်တခါတလေ နှလုံးအောက်ခြေနားကြွက်သားလိုနေရာက စူးခနဲနာတယ်ဗျ မတ်တပ်လမ်းလျှောက်ပြီးပြင်းပြင်းရှုမှဖြစ်တာပါဗျ လှဲရင်းရှုရင်တော့မဖြစ်ပါဘူးဗျ ပြောပြပေးပါဦးခင်ဗျာ

လွန်ခဲ့သော 5 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆရာ ဆီးသွားရင်ပူပြီးစပ်တာမျိုးဖြစ်ပါတယ်ဗျ ရေများများသောက်လိုက်ရင်တော့ ပုံမှန်ပြန်သွားပါတယ်စပ်ခြင်းပူခြင်းမရှိဘဲ ရေသောက်နည်းသွားတဲ့အခါမျိုးတော့ပြန်ဖြစ်ပါတယ်ဆရာ ဆီးအရောင်ကတော့အဖြူပါဘဲဆရာ မဖြစ်ခင်တရက်ကတော့ နေ့လည်ခင်းရေချိုးမိပါတယ်ဗျ ကိုယ်တွင်းအပူချိန်များလို့ဖြစ်နိုင်လားသိချင်ပါတယ်ဆရာ ဘလိုကုသရမလဲဆရာ

လွန်ခဲ့သော 7 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆရာ ဆီးသွားရင်ပူပြီးစပ်တာမျိုးဖြစ်ပါတယ်ဗျ ရေများများသောက်လိုက်ရင်တော့ ပုံမှန်ပြန်သွားပါတယ်စပ်ခြင်းပူခြင်းမရှိဘဲ ရေသောက်နည်းသွားတဲ့အခါမျိုးတော့ပြန်ဖြစ်ပါတယ်ဆရာ ဆီးအရောင်ကတော့အဖြူပါဘဲဆရာ မဖြစ်ခင်တရက်ကတော့ နေ့လည်ခင်းရေချိုးမိပါတယ်ဗျ ကိုယ်တွင်းအပူချိန်များလို့ဖြစ်နိုင်လားသိချင်ပါတယ်ဆရာ ဘလိုကုသရမလဲဆရာ

လွန်ခဲ့သော 7 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ရေများများသောက်ပါ။ ဒီရာသီက ရေဓာတ်ခန်းခြောက်တော့ ရေသောက်နည်းရင် ဆီးပျစ်ပြီး ဆီးကျင်တတ်ပါတယ်။ ရေချိုးတာနဲ့ မဆိုင်ပါ။

လွန်ခဲ့သော 7 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
မှတ်ချက် 16ခုကို ဆက်ကြည့်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်