🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုထိန်းဖို့ နည်းလမ်း ၁၀ခု

ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုရှိတဲ့အခါ သွေးတွင်းသကြားဓာတ်ကို ပုံမှန်အတိုင်း ဖြစ်အောင် ထိန်းဖို့ ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သွေးတွင်းသကြားဓာတ်ကို အပြောင်းအလဲဖြစ်စေတဲ့ အကြောင်းအရာတွေက အများကြီး ရှိနေလို့ပါ။


ဒီတော့ မေမေတို့ သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ဖို့ နည်းလမ်း ၁၀ခုကို မျှဝေပေးပါမယ်။


(၁) ကာဘိုဟိုက်ဒရိတ်ကို သတိထားစားပါ။

ကာဘိုဟိုက်ဒရိတ်လို့ခေါ်တဲ့ ကစီဓာတ်က သွေးတ္ငင်းသကြားဓာတ်အပေါ် အများကြီးသက်ရောက်မှု ရှိပါတယ်။ ဒီတော့ ကာဘိုဟိုက်ဒရိတ်စားမယ်ဆိုရင် complex carbohydrates အမျိုးအစားကို စားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က အစာခြေဖို့ ကြာတာကြောင့် သွေးတွင်းသကြားဓာတ်ထိုးတက်တာကို မဖြစ်စေပါဘူး။ ဆီးချိုတက်မှာစိုးလို့ ကာဘိုဟိုက်ဒရိတ်ကို လုံးဝမစားတာလည်း မလုပ်သင့်ပါဘူး။ နေ့စဉ်သွားလာလှုပ်ရှားဖို့ အားအင်အတွက် ကစီဓာတ်ကတော့ လိုအပ်နေပါသေးတယ်။


(၂) စားတဲ့ ပမာဏ၊ စားတဲ့ အစားအစာတွေကို ချိန်ဆပါ။

ဘယ်လိုအစာအုပ်စုကို ဘယ်လောက်ပမာဏစားသင့်တယ်ဆိုတာကလည်း အရေးကြီးပါတယ်။ လွယ်လွယ်ကူကူ တစ်ရက်မှာ ဘာတွေကို ဘယ်လောက်စားလဲဆိုတာကို ချရေးထားပါ။ ကောင်းတာကတော့ နည်းနည်းနဲ့ တစ်နေကုန် စားပေးတာပါပဲ။ အပြင်ဆိုင်တွေမှာ စားမယ်ဆိုရင်တော့ တစ်ထိုင်တည်းနဲ့ အများကြီး စားဖြစ်နိုင်ပါတယ်။ တစ်ခုခုစားမယ်ဆို ဘာတွေနဲ့ လုပ်ထားလဲဆိုတာကို စစ်ပါ။ သေချာဖြည်းဖြည်း ဝါးစားပါ။


(၃) မျှတအောင် စားပါ။

ဘာပဲစားစား ကစီဓာတ်၊ အသီးအရွက်၊ အသား၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီ မျှတအောင် စားပေးပါ။ သကြားဓာတ်များတဲ့၊ အဆီများတဲ့၊ ကယ်လိုရီများတဲ့ အစားအစာတွေကို ရှောင်ပါ။ ကာဘိုဟိုက်ဒရိတ် အမျိုးအစားကို သေချာရွေးချယ်ပါ။


(၄) ဆေးနဲ့ အစာနဲ့ ညှိသောက်ပါ။

ဆီးချိုဆေးတွေကို အစာစားပြီးမှ သောက်ရမှာလား၊ မစားခင်သောက်ရမှာလားဆိုတာ ဆရာဝန်နဲ့ သေချာဆွေးနွေးပါ။ ဥပမာ အစာနည်းနည်းလေးပဲ စားပြီး ထိုးရတဲ့ အင်ဆူလင်က များနေရင် သွေးတွင်းသကြားဓာတ်ကျတတ်သလို အစားတွေ အများကြီး စားမိရင်လည်း သကြားဓာတ်တက်တတ်ပါတယ်။


(၅) အချိုရည်တွေ ရှောင်ပါ။

ဒါတွေက ကယ်လိုရီလည်း များသလို အာဟာရတန်ဖိုးလည်း မရှိပါဘူး။ ဆီးချိုရှိရင် ဒါတွေ မသောက်တာက အကောင်းဆုံးပါ။ ချွင်းချက်ကတော့ သွေးတွင်းသကြားဓာတ် တအားကျနေချိန်ဆိုရင် အရေးပေါ်အနေနဲ့ သောက်လို့ ရပါတယ်။ အချိုရည်တွေက သွေးတွင်းသကြားဓာတ်ကို မြန်မြန်တက်အောင် လုပ်ပေးနိုင်ပါတယ်။


(၆) လေ့ကျင့်ခန်းလုပ်ပါ။

လှုပ်လှုပ်ရှားရှားနေတာက ဆီးချိုထိန်းဖို့ အထောက်အကူဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်လိုက်ရင် ကြွက်သားတွေက သကြားဓာတ်ကို စွမ်းအင်အဖြစ်ပြောင်းနိုင်ပါတယ်။ ပုံမှန်သာ လုပ်သွားမယ်ဆိုရင် ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းကောင်းသုံးနိုင်ဖို့ ကူညီပေးပါတယ်။

လုပ်သင့်တဲ့ ပမာဏကတော့ တစ်ပတ်ကို မိနစ် ၁၅၀ပါ။ တတ်နိုင်သမျှ ပုံမှန်လုပ်ပါ။ နှစ်ရက်ဆက်တိုက်ထက် ပိုမနားပါနဲ့။

သွေးတွင်းသကြားဓာတ် 100-250 mg/dl ကြားဆို လေ့ကျင့်ခန်း လုပ်လို့ရပါတယ်။ 100 mg/dl အောက်ဆိုရင်တော့ ကာဘိုဟိုက်ဒရိတ် ၁၅−၃၀ဂရမ်လောက် အရင်စားပါ။ ဥပမာ အသီးဖျော်ရည်၊ အသီးအနှံ ဒါမှမဟုတ် ဘီစကစ်။


(၇) စိတ်ဖိစီးမှုထိန်းပါ။

စိတ်ဖိစီးမှုကလည်း သွေးတွင်းသကြားဓာတ်ကို အပြောင်းအလဲဖြစ်စေပါတယ်။ စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်က ဂလူကာဂွန်နဲ့ ကော်တီစော ဟော်မုန်းတွေ ထုတ်ပေးတာကြောင့် သွေးတွင်းသကြားဓာတ်တွေ တက်လာပါတယ်။

စိတ်ဖိစီးမှု သက်သာစေတဲ့ နည်းလမ်းတွေကတော့ အသက်ရှူလေ့ကျင့်ခန်း လုပ်တာ၊ သီချင်းသံလေးတွေ နားထောင်တာ၊ အကြောလျှော့တာ၊ ယောဂကျင့်တာ၊ ဝါသနာပါတာလေးတွေ လုပ်တာ၊ သူငယ်ချင်း ဒါမှမဟုတ် ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးတာတွေ လုပ်ပေးနိုင်ပါတယ်။


(၈) သွေးတွင်းသကြားဓာတ် စစ်ဆေးပါ။

ဒါကတော့ အိမ်သုံးဆီးချိုစက်နဲ့ စစ်လို့ ရပါတယ်။ စစ်ပြီး အဖြေတွေကို သေချာမှတ်ထားတာက ဆေးညှိတာ၊ အစားအသောက်စားတဲ့အခါ ချိန်ပြီးစားနိုင်အောင် ကူညီပေးပါတယ်။


(၉) အိပ်ရေးဝဝအိပ်ပါ။

အိပ်ရေးမဝတာက သွေးတွင်းသကြားဓာတ်နဲ့ အင်ဆူလင် ထိရောက်မှုအပေါ် သက်ရောက်မှု ရှိပါတယ်။ အမျိုးအစား ၂ဆီးချိုရောဂါကိုလည်း ဖြစ်နိုင်ခြေ များစေပါတယ်။ ပုံမှန်အားဖြင့် တစ်ညကို အိပ်ချိန် ၇−၉နာရီကြား ရှိသင့်ပါတယ်။ အိပ်စက်ခြင်းက ဟော်မုန်းတွေကို မျှတစေရုံသာမက စိတ်ဖိစီးမှု သက်သာစေပြီး အားအင်ကိုလည်း ပြည့်စေပါတယ်။


(၁၀) လိုအပ်တဲ့ အားဆေးတွေ မှီဝဲပါ။

တချို့သော ဗီတာမင်နဲ့ သတ္တုဓာတ်တွေက သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ဗီတာမင်ဒီဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ပါတယ်။ ဗီတာမင်စီက သွေးတွင်းသကြားဓာတ်ရော ကိုလက်စထရောရော ထိန်းပေးပါတယ်။ ဗီတာမင်အီးက ဆီးချိုနောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ အမြင်အာရုံ ထိခိုက်တာတွေကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိရှိပါတယ်။


ကိုယ်ဝန်ဆောင်ဆီးချိုနဲ့ ပတ်သက်ပြီး သိချင်တာတွေရှိရင် https://hellosayarwon.com/pregnancy/being-pregnant/prenatal-care/tips-for-women-with-diabetes/ မှာ လေ့လာနိုင်သလို ဆီးချိုထိန်းနည်းတွေ မှန်ရ့လားဆိုတာကိုhttps://hellosayarwon.com/bot/diabetes-management-screener မှာ အခမဲ့ စစ်ဆေးနိုင်ပါတယ်။


ပိုပြီး သိလိုတာရှိရင်တော့ မိမိပြနေကျ ဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုထိန်းဖို့ နည်းလမ်း ၁၀ခုကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုထိန်းဖို့ နည်းလမ်း ၁၀ခု
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
49
2

မှတ်ချက် 2ခု

ဆရာရှင့် 2လ3 လလောက်အကာအကွယ်မပါပဲတူတူနေပြီ ယူခဲ့ကျပါတယ် ယူပြီးတဲ့အချိန်မှာ ဆေးနှစ်ခါထိုးခဲ့ပါတယ်, 2024 3လပိုင်း27 ရက်နေ့မှဆေးကပြည့်သွားပါတယ်, အခု ရာသီက 1လလောက်နီးပါလာတယ်ရှင့် , အားမရှိသလိုဖြစ်ပြီး ခနခနလည်းအန်ချင်နေမိတယ်ရှင့်, ပြီးတော့ နေရတာတစ်မျိုးကြီးလဲဖြစ်နေပါတယ်, အဲ့တာကိုယ်ဝန်ရနိုင်လားရှင့်ဆရာ

လွန်ခဲ့သော 5 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆေးပြည့်ပြီးတော့ ထပ်ထိုးသေးလား

တစ်လလုံးလာတယ်ဆိုတာက ဘယ်လလဲ

လွန်ခဲ့သော 5 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်