🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ကာ‌လ (၂၁)အပတ်အတွက် ဘာတွေသိထားရမလဲ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်


ကလေးလေးက မုန်လာဥနီလောက်ရှိလာပြီး ၂၆.၇ စင်တီမီတာ ၃၄၀ ဂရမ်လောက်ရှိလာမှာပါ။ အရင်တုန်းက ရေမြွှာရည်က ကလေးလေးကို အကာအကွယ်အထောက်အပံံ့ပဲပေးပေမယ့် အခုဆို တခြားဟာတွေကိုလည်း လုပ်ပေးနေပါပြီ။ ကလေးရဲ့ အူတွေက အချိုဓါတ်အရည် နည်းနည်းလောက်ကို စုပ်ယူူနိုင်လောက်အောင်ဖွံ့ဖြိုးလို့နေပါပြီ။ ဒီအရည်လေးတွေက မျိုုချလိုက်တဲ့အခါ အစားခြေအဖွဲ့အစည်းတစ်လျှောက်ဖြတ်သွားပြီး အူမကြီးထဲရောက်မှာပါ။ ဒါပေမယ့် ကလေးရဲ့အာဟာရအာလုံးနီပါးကို အချင်းကနေပဲ အထောက်အပံ့ပေးမှာပါ။

ကလေးရဲ့ အသည်းနဲ့ သရက်ရွက်က သွေးဆဲလ်တွေထုတ်ဖို့ကို တာဝန်ယူမှာပါ။ ရိုးတွင်းခြင်ဆီက ကိုယ်ဝန် ၉ လ ကနေ မွေးပြီးတဲ့နောက်ပိုင်းအတွက် သွေးဆဲလ်တွေ ဖြန့်ဝေဖို့နဲ့ သွေးနီဥပင် မထုတ်လုပ်တဲ့ နေရာအဖြစ်ဆောင်ရွက်မှာပါ။ မုန့်ချိုအိတ်က ကိုယ်ဝန်အပတ် ၃၀ မြောက်မှာ သွေးဆဲလ်တွေ ထုတ်တာရပ်မှာဖြစ်ပြီး အသည်းက မမွေးခင် အပတ်အနည်းလောက်မှာ သွေးဆဲလ်တွေထုတ်တာ ရပ်ပါတယ်။


ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်


ဒီရက်ပိုင်းနေရထိုင်ရ ပိုပြီးသက်တောင့်သက်သာရှိလာပါတယ်။ ဗိုက်က သိပ်အပူကြီးမဟုတ်သေးပါဘူး။ ပုံမှန်ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ အဆင်မပြေတာတွေမရှိတော့ပါဘူး။ နေလို့ကောင်းပြီး သက်တောင့်သက်သာ ရှိတုန်းနေထားပါ။ နောက်ပိုင်းကျ မသက်မသာဆက်ဖြစ်ဦးမှာမို့လို့ပါ။ ဒါပေမယ့် တခြားပြဿနာတွေ အများကြီးရှိပါသေးတယ်။ တစ်ချို့အမျိုးသမီးတွေမှာ ဝက်ခြံကလည်းပြဿနာတစ်ခုပါ။ ဝက်ခြံက ခန္ဓာကိုယ်မှာ အဆီတွေအထွက်များလို့ပါ။ ဝက်ခြံသက်သာအောင်ဆို ဆပ်ပြာပျော့ ဒါမှမဟုတ် မျက်နှာသစ်ဆေးနဲ့ ညင်ညင်သာသာသစ်ပေးပါ။ ပြီးတော့ အဆီပါတဲ့အလှကုန်ပစ္စည်းတွေကိုရှောင်ပါ။ ဝက်ခြံပျောက်ဆေးတွေ ဝက်ခြံအတွက်ထုတ်ထားတဲ့ ပစ္စည်းတွေကို ဆရာဝန်နဲ့ မတိုင်ပင်ဘဲ မသုံးပါနဲ့ ။ ကိုယ်ဝန်ကို ထိခိုက်နိုင်တာတွေရှိလို့ပါ။


သွေးပြန်ကြောတွေ ဖောင်းတွန့်ရှည် ဖြစ်နေတာမျိုးလည်း ကြုံရနိုင်ပါတယ်။ ဖွံ့ဖြိုးဆဲသန္ဓေသားက ခြေထောက်ကသွေးပြန်ကြောတွေကို ဖိအားပိုများစေပါတယ်။ ပရိုဂျက်စတာရုမ်းဟော်မုန်းများရင် သွေးပြန်ကြောတွေက အားနည်းလာပါတယ်။ မိသားစုထဲမှာ ဖောင်းတွန့်ရှည် သွေးပြန်ကြောဖြစ်ဖူးတယ်ဆိုရင် ကိုယ်မှာလည်းဖြစ်နိုင်ပါတယ်။ ကလေးဆက်တိုက်ယူတာ အသက်ကြီးမှ ယူတာဆိုရင် ဒီသွေးကြောတွေ ဖြစ်ဖို့များပါတယ်။ ကာကွယ်ဖို့ဆိုရင်တော့ ခြေထောက်ကို အောက်မှာမချဘဲ အမြဲတမ်းဆင်းထားပါ။ ဘယ်ဘက်စောင်းအိပ်ပြီး ကိုယ်ဝန်ဆောင်တွေအတွက်ထုတ်ထားတဲ့ အသားကပ်စွပ်ပါ။ ခြေချင်းဝတ် ခြေထောက်နဲ့ မျက်နှာတွေမှာသွေးကြော ပြတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီအကြောပြတ်တွေက ပုံစံအမျိုးမျိုးရှိပါတယ်။ ဒီအကြောပြတ်တွေက ဘာမှမသက်မသာမဖြစ်စေပါဘူး။ မွေးပြီးရင် ပျောက်သွားမှာပါ။


သိသင့်သိထိုက်တာလေးတွေ


ကလေးလေးမွေးလာပြီး ပြုစုစောင့်ရှောက်တဲ့အခါကျ အချိန်ဆိုတာ ကုန်မှန်မသိကုန်သွားမှာပါ။ ဒီတော့အချိန်မကုန်ခင် အနာဂတ်မျိုးဆက်တွေအတွက် ကိုယ်ဝန်ဆောင်ကာလအကြောင်းကို စာရေးထားတာ အသံသွင်းထားတာတွေလုပ်ပါ။ နောက်နှစ်တွေကြာလာတဲ့အခါ ကလေးကလူကြီးဖြစ်လာရင် ကလေးလေးလောကကြီးထဲ မရောက်ခင်အချိန်ကို တအံံ့တသြနဲ့ဝမ်းသာနေမှာပါ။ သေတ္တာတစ်လုံးယူပြီး ကိုယ်ဝန်မဆောင်ခင်၊ ဆောင်ထားတုန်း ပုံတွေ ယောက်ျားပုံ၊ အိမ်မွေးတိရိစ ္ဆာန်လေးတွေပုံ၊ အိမ်ပုံ၊ အခုလက်တလောထွက်ထားတဲ့ မဂ္ဂဇင်းတွေ၊ သတင်းစာတွေ၊ ဒီကိုယ်ဝန်နဲ့ပတ်သက်ပြီး သိမ်းထားချင်တဲ့ဟာတွေ ထည့်သိမ်းထားလိုက်ပါ။ မြေမြှုပ်ဖို့အထိတော့ မလိုပါဘူး။ ကလေးလေးကြီးပြင်းလာပြီး ဒါတွေကို တန်ဖိုးထားနိုင်တဲ့အချိန်ကျမှထုတ်ပြဖို့ သိမ်းထားရင်ရပါပြီ။


0
4
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်