🔥 ရေပန်းစားသောအကြောင်းအရာ

မေမေတို့ ကိုယ်ဝန်ဆောင် ၁၀ပတ်မြောက်အတွက် သိသင့်တာလေးတွေ...

ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ


ဒီအပတ်မှာ ၇ဂရမ်၊ ၂.၅၄စင်တီမီတာလောက်ရှိပါပြီ။ ၁၀ပတ်မြောက်မှာ အင်္ဂါအစုံပေါ်နေပါပြီ။ ဒါပေမယ့် ဆက်ကြီးထွားလာဖို့တော့ လိုပါသေးတယ်နော်။ ခြေထောက်မှာ

ဒူးတွေခြေချင်းဝတ်တွေဖြစ်လာဖို့အရိုး၊ အရိုးနုတွေစဖြစ်လာပါပြီ ။တစ်ချိန်တည်းမှာ

လက်မောင်းတွေက ပုံပေါ်လာပြီး ပိုသန်မာလာပါတယ်။ အရိုးတွေသန်မာလာပြီဆိုတော့

သွားဖုံးအောက်မှာ သွားတွေပေါ်လာမှာပါနော်။ မွေးပြီး ၆လ မတိုင်ခင်အထိ သွားဖုံးကို

မဖောက်နိုင်ပါဘူး။ တစ်ခြားနေရာတွေမှာလည်း ကြီးထွားနေပါတယ်။ အစာချေအဖွဲ့အစည်းကလည်းအစာခြေရည်တွေ ထုတ်နေသလိုကျောက်ကပ်ကလည်း မေမေတွေရဲ့ဆီးနဲ့အတူပါသွားမယ့် ရှုးရှုးတွေကို ထုတ်နေပါပြီ။သားသားလေးဖြစ်မယ်ဆို ကပ္ပါယ်အိတ်ကနေ ကျားဟော်မုန်း(တက်စတိုစတီရုမ်း)တွေစထွက်ပါပြီ။


ခန္ဓာကိုယ်နဲ့ အနေအထိုင် အပြောင်းအလဲလေးများ


ကိုယ်ဝန်မရှိခင်က သားအိမ်ကသစ်တော်သီးအရွယ်လောက်ရှိပါတယ်။ ဒီအပတ်မှာတော့

ကျွဲကောသီးအရွယ်လောက်ကြီးလာပါပြီ။ အဲဒီတော့ ဗိုက်လေးကရှေ့ကို ထွက်လာတော့တာပေါ့။ ဗိုက်ဖုံးအင်္ကျီလေးတွေလည်း

ဝတ်ချင်လာလောက်ရောပေါ့။ အဲလောက်ထိမလိုသေးပေမယ့် ပုံမှန်အဝတ်အစားတွေက

သက်သောင့်သက်သာမရှိတော့ဘဲ ရင်ဘတ်မှာကျပ်လာပါပြီ။ ဗိုက်ကြီး ကြီးလာတာက

ကိုယ်အလေးချိန်နည်းနည်းတက်လာပြီး လူကယောင်ဖောင်းလာလို့ပါ။ ပုံမှန်အဝတ်အစားနဲ့ ဗိုက်ဖုံးအင်္ကျီကြားဗျာများနေရင်တော့ ဆွဲကျယ်သား(ဗိုက်အောက်ခါးအောက်ရောက်တဲ့) ဘောင်းဘီ၊ စကပ်တွေ ဝတ်တာ အဆင်ပြေစေပါတယ်နော်။


သိသင့်သိထိုက်တာလေးတွေ


ကိုယ်ဝန်ကြောင့် ကိုယ်အလေးချိန်တက်လာမှာကိုလည်း စိတ်ပူနေကြမှာပေါ့နော်။ ဒါကဖြစ်နေကျသဘာဝမို့ ရှောင်လို့မရပါဘူးနော်။ ကိုယ်အလေးချိန် ဘယ်လောက်အထိတက်တာက သင့်တော်လဲ။ ပုံမှန်ကတော့ ၁၁-၁၆ ကီလိုအထိ တက်ဖို့လိုပါတယ်။ ကိုယ်အလေးချိန် အရပ်နဲ့တွက်တဲ့ ခန္ဓာကိုယ်အဆီပမာဏတိုင်းတဲ့ အတိုင်းအတာ ဘီအမ်အိုင်ပုံမှန်ရှိတဲ့ အမျိုးသမီးတွေဆိုရင်ပေါ့။ ပုံမှန်အောက်ရောက်နေရင် အလေးချိန်တက်အောင်ကြိုးစာသင့်ပြီး အလေးချိန်များနေရင်တော့ ကျန်းမာရေးအခြေအနေအရ ကိုယ်အလေးချိန်တက်နေတာကို ထိန်းဖို့လိုနေပါပြီ။


ဒီအလေးချိန်တွေ ဘယ်မှာရှိမလဲ


ဗိုက်မှာပဲစုနေတယ်လို့ ထင်ကြမှာပေါ့နော်။ အမှန်က တစ်ကိုယ်လုံးကို အညီအမျှ မျှဝေပေးထားတာပါ။ ကျန်းမာတဲ့သားသားမီးမီးတွေကိုပြုစုပျိုးထောင်ပေးနိုင်အောင်လို့ပါ။

ဥပမာအနေနဲ့၁၅ကီလိုလောက် အလေးချိန်တက်လာရင် အလေးချိန်မျှဝေပုံက-


ကလေး-၃.၇၅ကီလို

အချင်း-ဝ.၇၅ကီလို

ရေမြွှာရည်-၁ကီလို

ကြီးလာတဲ့သားအိမ်ပမာဏ-၁ကီလို

ရင်သားတစ်ရှုး-၁ကီလို

သွေး-၂ကီလို

တစ်ရှုးထဲကအရည်-၂ကီလို

အဆီ-၃.၅ကီလို


ကိုယ်အလေးချိန်တက်လာတာကို စိတ်ဖိစီးမနေကြပါနဲ့။ အသီးအရွက်တွေပါတဲ့ ကျန်းမာတဲ့အာဟာရကို စားပေးနေမျှတော့ ကလေးက လိုအပ်တဲ့အာဟာရကို စုပ်ယူပြီးပုံမှန်ကြီးပြင်းလာမှာပါ။

မေမေတို့ ကိုယ်ဝန်ဆောင် ၁၀ပတ်မြောက်အတွက် သိသင့်တာလေးတွေ...မေမေတို့ ကိုယ်ဝန်ဆောင် ၁၀ပတ်မြောက်အတွက် သိသင့်တာလေးတွေ...
1
8
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်