🔥 ရေပန်းစားသောအကြောင်းအရာ

မေမေတို့ရဲ့ ကိုယ်ဝန် ငါးပတ်မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

မေမေတို့ရဲ့ ကိုယ်ဝန် ငါးပတ်မြောက်ဆို ကလေးလေးက နှမ်းစေ့လောက်ပဲရှိပါတယ်။ ကလေးပုံထက် ဖားလောင်းသေးသေးလေးနဲ့ပိုတူနေပါတယ်။ ဒီအခြေနေရောက်ရင် သန္ဓေသားလေးက ဆဲလ်အရေအတွက် တော်တော်များလာပါပြီ။ အာရုံကြောမြောင်းမကြီးက သန္ဓေသားအာရုံကြောမကြီးတစ်လျှောက်ပေါ်လာပါတယ်။အဲဒီကနေဦးနှောက်ဖြစ်လာပါတယ်။သန္ဓေသားရဲ့အလယ်မှာရှိတဲ့ ဖောင်းနေတဲ့နေရာကနေ နှလုံးဖြစ်လာပါတယ်။ တစ်ချိန်ထဲမှာ အချင်းနဲ့လက်ချောင်းပုံ တစ်ခြားအမြှေးပါးတွေလည်း စပြီးဖွံ့ဖြိုးလာပါတယ်။ မေမေ့ဆီက အာဟာရတွေအချင်းနဲ့အာဟာရပေးမယ့် အမြှေးပါးဆီကနေ သန္ဓေသားလေးဆီရောက်ပါပြီ။


မေမေတို့ရဲ့ ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

အရမ်းကိုပျော်ရွှင်နေပြီးတော့မှရုတ်တရက်စိတ်ဖိစီးမှုတွေများလာတာမျိုးဖြစ်ဖူးကြလားမသိဘူး။ကိုယ်ဝန်ဆောင်ချိန်မှာတော့ ဒီလိုခံစားချက်အပြောင်းအလဲအရမ်းဖြစ်လွယ်ပါတယ်။ပျော်လိုက်၊ စိတ်ဓါတ်ကျလိုက်၊ ဒေါသထွက်လိုက်၊ အားငယ်သလိုခံစားရလိုက်နဲ့အမြဲပြောင်းလဲနေတတ်ပါတယ်။ တစ်နာရီအတွင်းကို ဒီခံစားချက်တွေအကုန်ဖြစ်နေတာလည်းဖြစ်နိုင်ပါတယ်။ အခုချိန်က ဟော်မုန်းတွေသိသိသာသာမြင့်တက်နေတော့ စိတ်ခံစားချက်က အမြဲပြောင်းနေမှာပါ။ သိပ်ပြီးစိတ်မပူပါနဲ့။ ကိုယ်ဝန်ဆောင်တယ်ဆိုတာ ဘဝမှာကြီးမားတဲ့ အချိူးအကွေ့တစ်ခုပဲဟာ ဘယ်သူကစိတ်မလှုပ်ရှားဘဲနေမှာလဲ။

မူမမှန်တဲ့ခံစားချက်တွေက ဒုတိယလမှာ အဆိုးဆုံးပါပဲ။ တစ်ခါတစ်လေ နောက်ဆုံးလမှာပြန်ပေါ်လာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီး ၁၀-၁၂%က စိတ်ဖိစီးမှုကို ခံစားနေရပါတယ်။ ဒီ ဖိစီးမှုပမာဏက မီးဖွားပြီး စိတ်ဖိစီးမှုကိုခံစားနေရတဲ့သူပမာဏနဲ့ တူတူနီးပါးရှိပါတယ်။ ကိုယ်ဝန်ဆောင်နေတုန်း ဘယ်ချိန်မဆိုစိတ်ဖိစီးမှုကို ၂ပတ်ထက် ပိုခံစားနေရပြီဆိုရင်တော့ ဆရာဝန် ဆီကအကြံဉာဏ်တောင်းပြီး ကုသမှုခံယူသင့်ပါတယ်။

မေမေတို့ သိသင့်သိထိုက်တာလေးတွေ


အားကစားရောလုပ်လို့ရလား? ပေါ့ပေ့ါပါးပါးအားကစားနည်းတွေ အားကောင်းအောင်တောင့်ခံနိုင်အားတိုးစေပါတယ်။အားကစားလုပ်တာ ကောင်းကျိုးတွေ အများကြီးရပါတယ်။


• အလေးချိန်(ဗိုက်)ကို ပိုပြီးသယ်ထားနိုင်စေပါတယ်။


• နာကျင်ကိုက်ခဲတာတွေကို လျော့စေပါတယ်။


• စိတ်ဖိစီးမှုကိုလျှော့ချပေးပြီး စိုးရိမ်စိတ်၊ စိတ်ဓါတ်ကျတာကို

ကာကွယ်ပေးပါတယ်။


• အဓိကကြွက်သားတွေကို ဖြေလျှော့ပေးပြီး

မီးဖွားဖို့အဆင်သင့်ဖြစ်အောင်ပြင်ဆင်ပေးပါတယ်။


ပေါ့ပေါ့ပါးပါးအားကစားတွေဆိုတာ လမ်းလျှောက်တာ၊ ရေကူးတာ၊ ယောဂကျင့်တာတွေကိုဆိုလိုတာပါ။ ကိုယ်နဲ့အဆင်ပြေတာကိုရွေးပြီး နေ့တိုင်းပုံမှန်လုပ်လို့ ရပါတယ်။အားကစားနည်းအသစ်တွေလုပ်တိုင်း ဆရာဝန်နဲ့တိုင်းပင်ပြီး လုပ်ကြဖို့မမေ့နဲ့နော်။


မေမေတို့ ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ကြမလဲ...

မီးမဖွားမီ ကိုယ်ဝန်အပ်စာ စောစောလုပ်တာ ကောင်းပါတယ်။ ကျန်းမာရေးစစ်ဆေးတာကိုပုံမှန်လုပ်ဖို့လည်း မမေ့နဲ့နော်။ ကလေးရော အမေရာ ကျန်းမာဖို့ ကိုယ်ဝန်အပ်တာက

အရေကြီးပါတယ်။ ပထမဆုံးသွားပြတဲ့အခါ (ကိုယ်ဝန်၈ပတ်လောက်)ရောဂါထွေထွေထူးထူးမဖြစ်အောင်ကာကွယ်ဖို့စမ်းသပ်စစ်ဆေးတာတွေလုပ်ပါလိမ့်မယ်။အရေးကြီးဆုံးအချက်က ရက်ရွေးပြီးရက်ချိန်းယူထားဖို့ပါ။ သောက်နေတဲ့ဆေးတွေကိုဆရာဝန်သိအောင်ပြောပြဖို့လိုပါတယ်။ ဆရာဝန်မညွှန်းထားတဲ့ ဆေးတွေကစိတ်မချရပါဘူး။ နာတာရှည်ရောဂါတစ်ခုခုကြောင့် ဆေးသောက်နေရတယ်ဆိုရင်တော့ ချက်ချင်းမရပ်လိုက်သင့်ပါဘူး။ အဲဒါကြောင့် ဘယ်ဆေး၊ အစားအစာ၊ ဆေးဖက်ဝင်အပင်တွေက အန္တရာယ်မရှိလဲဆိုတာ ဆရာဝန်နဲ့တိုင်ပင်တာက အကောင်းဆုံးပါပဲ။ ဘယ်လိုစစ်ဆေးမှုတွေ ထပ်လိုဦးမလဲ ဆက်လေ့လာရအောင်


ဆရာဝန်ဆီသွားပြရင် ခန္ဓာကိုယ်ကို စစ်ဆေးမှုလုပ်ပါလိမ့်မယ်နော်။ အရပ်၊ အလေးချိန်၊သွေးဖိအး ကအစ မေမေလောင်းလေးတွေရဲ့တစ်ကိုယ်လုံးခြုံပြီး စစ်ဆေးမှုတွေလုပ်မှာပါ။ တင်ပါးဆုံရိုးစစ်ဆေးတာ အရေးကြီးပါတယ်။ မိန်းမကိုယ်စစ်ဆေးတဲ့အခါမှာ မှန်အဝိုင်းလိုမျိုးကိရိယာကို သုံးပါတယ်။ ဒီကိရိယာက ဆရာဝန်ကို သားအိမ်လည်တံ၊သားအိမ်ဝတွေကို ကောင်းကောင်းမြင်ရအောင်လုပ်ပေးတဲ့အပြင် သူတို့ရဲ့ပြောင်းလဲမှုတွေကိုလည်း သိစေနိုင်ပါတယ်။ ကိုယ်ဝန်ရှိတာ ဘယ်လောက်ကြာပြီလဲဆိုတာကိုလည်း သိစေနိုင်ပါတယ်။

မေမေတို့ရဲ့ ကိုယ်ဝန် ငါးပတ်မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲမေမေတို့ရဲ့ ကိုယ်ဝန် ငါးပတ်မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ
2
287
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်