🔥 ရေပန်းစားသောအကြောင်းအရာ

မေမေတို့ရဲ့ ကိုယ်ဝန် လေးပတ်မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ

အခုဆို စတုတ္ထပတ်တောင်ရောက်လာပြီနော်။

ဒီအချိန်ဆို သားသားမီးမီးလေးက ဘိန်းစေ့အရွယ်၂ စင်တီမီတာလောက် ရှိနေပါပြီ။ အခုချိန်မှာတော့ ဆေးဘက်ဆိုင်ရာအသုံးအနှုန်းနဲ့ဆို အမ်ဘရီယိုလို့ခေါ်ပါတယ်။ ဒီအဆင့်မှာ သားသားမီးမီးလေးရဲ့အရေးကြီးတဲ့အင်္ဂါအစိတ်အပိုင်းတွေဖြစ်တဲ့ဦးနှောက်၊နှလုံး၊အဆုတ် စတဲ့ကိုယ်တွင်းအင်္ဂါဖြစ်မယ့် ဆဲလ်တွေ ဖွံ့ဖြိုးပါပြီနော်။လက်လေးတွေ၊ ခြေလေးတွေလည်း စဖြစ်လို့နေပါပြီ မေမေတို့ရေ။ သန္ဓေသားလေးရဲ့ပတ်ပတ်လည်မှာ အကာအကွယ်ပေးဖို့ရေမြွှာအိတ်လည်း စပေါ်လာပါပြီ။

သန္ဓေသားမှာပါတဲ့ ကြက်ဥအနှစ်လိုမျိုး အင်္ဂါက အချင်းအာဟာရမပေးခင်အချိန်ထိ

သွေးတွေထုတ်ပေးပြီးတော့ သန္ဓေသားလေးကို အာဟာရပြုပေးပါတယ်။အခုဆိုရင်

မေမေတို့ရဲ့သားသားမီးမီးလေးက အတွင်းလွှာ၊ အလယ်လွှာ၊ အပြင်လွှာဆိုပြီးတော့ထင်ရှားတဲ့ အလွှာ ၃ လွှာအနေနဲ့ ရှိနေပါပြီ။ အတွင်းလွှာကနေဆို အစာခြေအဖွဲ့အစည်း၊

အသည်း၊ အဆုတ်တွေဖြစ်လာမယ်။ အလယ်လွှာကဆို နှလုံး၊ လိင်အင်္ဂါ၊ အရိုး၊ ကျောက်ကပ်နဲ့ကြွက်သားတွေဖြစ်လာမှာပါ။ အောက်ဆုံးလွှာကတော့ အာရုံကြောအဖွဲ့အစည်း၊ ဆံပင်၊အရေပြားနဲ့လက်သည်းလေးတွေဖြစ်လာမှာပါနော်။


ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

ဒီအပတ်မှာ သန္ဓေသားလေးက သားအိမ်အတွင်းသားမှာစပြီး တွယ်ကပ်ပါပြီ။ ဒါကို တွယ်ကပ်ခြင်းလို့ ခေါ်ပါတယ်။မျိုးဥတွယ်ကပ်ချိန်မှာထွက်တဲ့ ဟော်မုန်းဖြစ်တဲ့ (HCG ဟော်မုန်း) ကို ထပ်ထုတ်ပါတယ်။ ဒီဟော်မုန်းတွေက သားအိမ်နံရံကအချွဲတွေကို ထိန်းသိမ်းပေးပါတယ်။ ပြီးတော့ သားဥအိတ်ကနေ တစ်လတစ်ခါ သားဥ ဆက်မထုတ်တော့အောင်လည်း တားပေးပါတယ်။ အဲဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာရာသီမလာတော့တာပါ။ တစ်ချို့ကိုယ်ဝန်ဆောင်မိခင်တွေဆို ဒီရက်ပိုင်းမှာသွးစက်နည်းနည်းကျတတ်ပါတယ်။ပုံမှန်ရာသီလာတဲ့ရက်လောက်မှာဖြစ်တော့ ရာသီလာတာနဲ့ မှားနိုင်ပါတယ်နော်။ ကိုယ်ဝန်ရှိမရှိတိုင်းတဲ့ဟော်မုန်းက အပေါ်ပြောခဲ့တဲ့ HCG ဟော်မုန်းပါပဲ။ ဒီအပတ်မှာဆိုရင်တော့ ကိုယ်ဝန်ရှိမရှိစမ်းတာက ပိုပြီးသေချာမှာပါ။ ဒီဟော်မုန်းက ကိုယ်ဝန်ရှိတဲ့လက္ခဏာတွေဖြစ်တဲ့ ပင်ပန်းနွမ်းနယ်တာ၊ ရင်သားစပ်ဖျဉ်းဖျဉ်းဖြစ်တာ နာတာ၊ မူးဝေတာတွေကိုလည်း ဖြစ်စေတတ်ပါတယ်။ ဒီလက္ခဏာတွေကတော့ ရာသီလာခါနီးဖြစ်တာတွေနဲ့ မှားတတ်တယ်ဟုတ်။ ဒါပေမယ့် ရက်သတ္တပတ်ကုန်ခါနီးကျတော့ ရာသီမလာတော့ဘူးဆို ကိုယ်ဝန်နေပြီဆိုတာ ဂုဏ်ယူလို့ရပါပြီနော်။


သိသင့်သိထိုက်တာလေးတွေက...

ကိုယ်ဝန်ရှိတဲ့လက္ခဏာတွေကို ခံစားနေရတယ်လို့ထင်နေပြီလား မေမေတို့ရေ။ ကိုယ်ဝန်တကယ်ရှိတဲ့လက္ခဏာတွေကို အောက်မှာဆက်ပြောပေးမယ်နော်။


• ပျော့ပျောင်းနာကျင်ရောင်ယမ်းနေတဲ့ရင်သားတွေ-အမျိုးသမီးတော်တော်များများကရာသီလာချိန်ခံစားရတဲ့လက္ခဏာတွေကို ခံစားရပါတယ်တဲ့။ ဟုတ်ပါတယ်။ အဲဒီထက်တောင် ဆိုးနိုင်ပါတယ်။

• ပင်ပန်းနွမ်းနယ်တာ-ဘာမှမလုပ်ရဘဲ ပင်ပန်းတာမျိုးပါ။ ပရိုဂျက်စတာရုမ်းဟော်မုန်းတိုးလာတာ ကလေးရအောင် ပြင်ဆင်တာတွေက ပင်ပင်ပန်းပန်းအလုပ်လုပ်ထားတဲ့နေ့ မှာ တာဝေးထပ်ပြေးရသလောက်ကို ပင်ပန်းစေပါတယ်။

•ခဏခဏဆီးသွားတာ-ကိုယ်ဝန်စရှိနေပြီဆို ကိုယ့်ကိုယ်ကို အပေါ့ခဏခဏသွားမိနေတာကို သတိထားမိကြမှာပါနော်။

• အနံ့တွေကိုမခံနိုင်တာ – ကိုယ်ဝန်ဆောင်အမျိုးသမီးတော်တော်များများဟာ

အနံ့တွေကိုမခံနိုင်ဖြစ်လာပါတယ်။ မဟော်မုန်းရုတ်တရက်တက်လာတာရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်ပါတယ်။

• အစာစားချင်စိတ်မရှိတာ-ဗိုက်စားတဲ့အချိန်ထက် အစားတွေ ပစ်ထုတ်မိတဲ့အကြိမ်ရေ

ပိုများနေသလောက်ကိုဖြစ်တတ်ပါတယ်။တစ်ချိန်ကကြိုက်ခဲ့တဲ့ အစားတွေတောင်စားရမှာကြောက့်နေနိုင်ပါတယ်။

• မူးမော်အော့အန်တာ-ဒါကတော့ ကိုယ်ဝန်ဆောင်ကာစ ပထမရက်သတ္တပတ်အနည်းငယ်လောက်မှာ မဖြစ်သေးပါဘူး။ တစ်ချို့တစ်ချို့တွေမှာတော့ဖြစ်တတ်ပါတယ်။

• ကိုယ်အပူချိန်မြင့်တာ-ကိုယ်အပူချိန်ကို နေ့တိုင်းတိုင်းပြီးမှတ်ကြည့်ရင်တော့ ပထမ

၁၈ရက် ဆက်တိုက်ကို တက်နေတာကို တွေ့ရမှာပါ။ ဒါဆိုရင်တော့ ကိုယ်ဝန်ရှိနေပါပြီနော်။

• သွေးနည်းနည်းဆင်းတာ-တစ်ချို့တွေဆိုအနီရောင်၊ နီညို ရောင်သွေးစက်လေးတွေ

ဆင်းတတ်ပါတယ်။ သွေးဆင်းတာ နာနေမယ်ဆိုရင်တော့ ဆရာဝန် ဆီချက်ချင်းသွားပြကြပါနော်။သားအိမ်ပြင်ပမှာ သန္ဓေတည်နေတာမျိုးဖြစ်နိုင်လို့ပါ။


လက္ခဏာတွေထဲကတစ်ခုခုကို ခံစားနေရတယ်ထင်ရင် ကိုယ်ဝန်စစ်တဲ့ ပစ္စည်းနဲ့စစ်ကြည့်လို့ရပါတယ်။ ရာသီသွေးစမလာတဲ့ ပထမရက်မနက် စောနိုင်သလောက်စောစော စမ်းပေးလို့ရပါတယ်နော်။

မေမေတို့ရဲ့ ကိုယ်ဝန် လေးပတ်မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲမေမေတို့ရဲ့ ကိုယ်ဝန် လေးပတ်မြောက်မှာ ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ
0
7
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်