🔥 ရေပန်းစားသောအကြောင်းအရာ

တားဆေးဖြတ်ပြီး ကိုယ်ဝန်အမြန်ရဖို့

တားဆေးသုံးပြီးရပ်လိုက်ရင် ကိုယ်ဝန်ရဖို့ ကြာလိုက်တာလို့ ပြောလေ့ရှိပါတယ်။ တကယ်တော့ ထိုးဆေးကလွဲရင် ကျန်တာတွေက ကိုယ်ဝန်ရတာမကြာပါဘူး။ ဟော်မုန်းလေးတွေ ငြိမ်လာရင် ကိုယ်ဝန်ပြန်ရလာတတ်ပါတယ်။

တားဆေးက ကိုယ်ဝန်ရတာကို အနှောင့်အယှက်မဖြစ်စေပါဘူး။ ဒီတစ်ခါတော့ တားဆေးဖြတ်ပြီး ကိုယ်ဝန်အမြန်ရဖို့ ဘာလုပ်ရမလဲလို့ မေးတတ်တဲ့ မေမေတွေအတွက် ဖြေကြားပေးပါ့မယ်။

တားဆေးရပ်ပြီးတဲ့အခါ

−ကိုယ်ဝန်ဆောင်အားဆေး စသောက်ပါ။ အထူးသဖြင့် ဖောလစ်အက်စစ်ပါ။ ဒါမှ ကလေးမှာ ချို့ယွင်းချက်မပါမှာပါ။

−ကိုယ်အလေးချိန် များနေရင် လျှော့ပါ။ နည်းနေရင်တင်ပါ။ ဒါမှ မျိုးဥကြွေတာ မှန်မှာပါ။

−လေ့ကျင့်ခန်းလည်း လုပ်ပါ။ အနည်းဆုံးတော့ အထိုင်မများပါစေနဲ့။

−အာဟာရပြည့်အောင်လည်း စားပါ။

−စိတ်ဖိစီးမှု နည်းအောင်နေပါ။

−ပုံမှန်အတူနေဖြစ်အောင် ကြိုးစားပါ။

အထူးသဖြင့် သားဥကြွေခါနီးရက်တွေမှာပါ။

ဒီလိုဆိုကလေးရဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။


တားဆေးဖြတ်ပြီး ကိုယ်ဝန်အမြန်ရဖို့တားဆေးဖြတ်ပြီး ကိုယ်ဝန်အမြန်ရဖို့
0
1
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်