🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ကာလ တတိယအပတ်မှာ သိကောင်းစရာများ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်...?

မိမိကိုယ်တိုင်ကမသိပေမယ့် ကလေးလေးကတော့ မေမေ့ဝမ်းထဲကနေစပြီး ကြီးထွားဖွံ့ဖြိုးလာနေပြီနော်။ မျိုးအောင်ထားတဲ့ဥလေးက ဆဲလ်စကွဲနေပါပြီ။ မျိုးအောင်ပြီးနာရီ ၃၀အကြာကျရင် ဆဲလ်၂ခုဖြစ်သွားမှာပါ။ ဒီလိုနဲ့၂လုံးကနေ ၄လုံး၊ ၄လုံးက ၈လုံး၊ ပြီးတော့

သားဥပြွန်ကနေ သားအိမ်ထဲမရောက်မချင်း ကွဲသွားမှာပါနော်။ ဒီလိုမျိုးသားအိမ်ဆီသွားတာ သန္ဓေသားလောင်းဆဲလ်လေးတွေ ဘောလုံးလေးလိုစုပြီးတော့ သွားတာပါ။

သန္ဓေသားလောင်းလေးက အလည်မှာ အခေါင်းပေါက်ဖြစ်လာပြီး အရည်တွေနဲ့ပြည့်လာတာကို ဘလက်စ်စတိုးစစ်လို့ခေါ်ပါတယ်။ ဒီအပတ်ကုန်ခါနီးရင် ဘလက်စ်စတိုးစစ်လေးကသားအိမ်နံရံမှာသွားတွယ်တော့မှာပါနော်။ ဒါကိုသန္ဓေသားကပ်တွယ်ခြင်းလို့ ခေါ်ပါတယ်။ သားအိမ်မှာတွယ်ကပ်လိုက်တာက အရေးပါတဲ့တွယ်ကပ်မှုပါနော်။ ဘာလို့လဲဆိုတော့သားအိမ်နံရံက အချွဲတွေကသားနေ သားလောင်းလေးကို အာဟာရတွေထောက်ပံ့ပေးတယ်။ အညစ်အကြေးတွေ ဖယ်ရှားပေးလို့ပါ။ ဒီတွယ်ကပ်ထားတဲ့နေရာကနေ အချင်းဖြစ်လာပြီးတော့ သားသားမီးမီးလေးကို ၉လလုံးလုံး အာဟာရတွေပေးပါလိမ့်မယ်နော်။


မေမေတို့ ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာလဲ... ?

မျိုးအောင်ဥလေးကို ထောက်ပံ့ပေးဖို့ခန္ဓာကိုယ်ကနေပြောင်းလဲမှုတွေ အများကြီးဆက်ဖြစ်နေပါတယ်။ ဒီချိန်ထိကို မေမေလောင်းလျာလေးက ကိုယ့်ကိုယ်ကို မေမေလောင်းလျာလေးဆိုတာ သိဦးမှာမဟုတ်သေးဘူး။ ဒီအပတ်အကုန်လောက်မှာ သွေးနည်းနည်းဆင်းတာကို သတိထားမိမှာပါနော်။ ဒါကတော့ သားအိမ်နံရံကို မျိုးဥသွားတွယ်လို့ဖြစ်ရတာပါ။ ကိုယ်ဝန်ဆောင်မိခင်တိုင်းတော့ မဖြစ်ပါဘူး။ တစ်ချို့က ဒါကိုရာသီသွေးဆင်းတာနဲ့ မှားတတ်ကြပါတယ်။


မေမေတို့ သိသင့်သိထိုက်တာလေးတွေ...

ပျို့အန်ချင်တာ၊ ဆားရည်စိမ်ထားတဲ့အသီးအနှံတွေကို ရေခဲမုန့်နဲ့စားချင်သလိုမျိုး ချဉ်ချင်းတတ်တာတွေက ကိုယ်ဝန်ရှိတဲ့လက္ခဏာဆိုတာ အားလုံးလဲသိကြမှာပါနော်။ ဒါပေမယ့် လူတိုင်းမှာတော့ မဖြစ်တတ်ပါဘူးတဲ့။ သုတေသနတွေ့ရှိချက်အရဆို ၄ ပုံ ၃ ပုံက မူးမော်ပျို့အန်တာတွေဖြစ်တတ်ပြီးတော့ ကျန်တဲ့တစ်ပုံက မခံစားရပါဘူးတဲ့။ ဒီကမေမ လောင်းလျာလေးတွေက ဒါတွေမခံစားရဘူးဆိုရင် တော်တော်လေး ကံကောင်းတာပါနော်။

ကိုယ်ဝန်ဆောင်မိခင်၄ ပုံ ၃ ပုံက ပျို့အန်ချင်တာ နေ့တိုင်းခံစားရတတ်ပါတယ်။ ပထမ ၃လမှာအစာစားချင်စိတ်မရှိဘဲ ကိုယ်အလေးချိန်ကျလာလို့စိတ်တော့မပူပါနဲ့နော်။

နောက်ပိုင်းအလေးချိန်ပြန်တက်လာတယ်ဆို ကလေးလေးအတွက် ဘေးမဖြစ်စေနိုင်ပါဘူး။ အလေးချိန် ပြန်တက်ဖို့က လွယ်ပါတယ်။ ဘာလို့လဲဆိုတော့ ၁၂ပတ်မြောက် အလယ်လောက်ကစပြီး ၁၄ပတ်အတွင်းမှာ ပျို့အန်ချင်တာတွေ ပျောက်သွားမှာမို့လို့ပါ။



ကိုယ်ဝန်ဆောင်ကာလ တတိယအပတ်မှာ သိကောင်းစရာများကိုယ်ဝန်ဆောင်ကာလ တတိယအပတ်မှာ သိကောင်းစရာများ
0
1
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်