🔥 ရေပန်းစားသောအကြောင်းအရာ

ဆီးစစ်တံမရှိဘဲ ကိုယ်ဝန် ရှိမရှိ စစ် နည်း

တချို့မေမေတွေကလည်း တစ်ခါတလေ ထူးထူးဆန်းဆန်းလေးတွေ လာမေးကြတယ်။ ဆီးစစ်တံနဲ့ မစစ်ဘဲ ကိုယ်ဝန်ရှိမရှိ သိနိုင်လားတဲ့။ ဆီးစစ်တယ်ဆိုတာက ကိုယ်ဝန်ဆောင်ချိန်မှာထွက်တဲ့ hCG ဟော်မုန်းကိုစစ်တာပါ။ သူ့ကို သွေးထဲကနေလည်း စစ်လို့ရသလို ဆီးထဲကနေလည်း စစ်လို့ ရပါတယ်။ ဆီးထဲကနေကျတော့ ကိုယ်တိုင် စစ်လို့ရတာကြောင့် ကိုယ်ဝန်ရှိတယ်လို့ ထင်ရင် ဆီးစစ်ကြည့်လို့ ပြောတာပါ။

ဒါလည်း မစစ်ချင်ဘူးဆိုရင်တော့ အယ်ထွာဆောင်းရိုက်ကြည့်ဖို့သာ ကျန်ပါတော့တယ်။

ဒီလိုလည်း မဟုတ်ဘူး။ အဲ့လိုတွေ မစစ်ဘဲနဲ့ ကိုယ်ဝန်ရှိမရှိ သိချင်တာဆိုရင်တော့ လက္ခဏာတွေကနေတဆင့် သိနိုင်ပါတယ်။

ကိုယ်ဝန်ရှိတဲ့အခါ

  • ရာသီထိမ်ပါတာ
  • ရင်သားတွေ တင်းပြီး နာတာ
  • ပျို့တာ
  • ဆီးခဏခဏသွားတာ
  • နုံးတာ
  • စိတ်အပြောင်းအလဲဖြစ်တာ
  • လေပွတာ
  • သွေးနည်းနည်းဆင်းတာ
  • ဆီးစပ်ကိုက်တာ
  • ဝမ်းချုပ်တာ
  • ချင်ခြင်းတပ်တာတွေ ဖြစ်တတ်ပါတယ်။

ဒါပေမယ့် ဒီလက္ခဏာတွေက မတိကျပါဘူး။ ကိုယ်ဝန်ကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် ဖြစ်တတ်ပါတယ်။

ဒီတော့ ကိုယ်ဝန်ရှိမရှိသေချာချင်ရင် ဆေးစစ်ပါ။ ဆရာဝန်နဲ့ ပြသကြည့်ပါလို့ အကြံပြုချင်ပါတယ်။



ဆီးစစ်တံမရှိဘဲ ကိုယ်ဝန် ရှိမရှိ စစ် နည်းဆီးစစ်တံမရှိဘဲ ကိုယ်ဝန် ရှိမရှိ စစ် နည်း
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
37069
11
503

မှတ်ချက် 503ခု

Hello

တား ဆေးကဒ်က အတူမ နေခင် ကြိုသောက်ရတာလားရှင့်။ စ နေတဲ့နေ့မှ စ သောက်ရင် ရော ကိုယ်ဝန်ရနိုင်လားရှင့်။ ရာသီ ကလည်း ဆေးကဒ်ကုန်မှ ပြန်လာတာလားရှင့်

လွန်ခဲ့သော 2 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

၂၈လုံးပါ တားဆေးကတ်ကိုပြောတာလား

လွန်ခဲ့သော 2 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အကာမပါပဲအတူတူနေပြီး ဆေးလည်းတိုက်ထားပါတယ် နေပြီး 5 ရက်နေတော့ရာသီလာပြီး အခုလကျ ရာသီမလာတော့လို့ပါ ကိုယ်ဝန်ရနိုင်ခြေရှိလားမသိဘူးဗျ

လွန်ခဲ့သော 2 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

တားဆေးတွေက သွေးဆင်းမမှန်တာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ကိုစိတ်ပူရင် အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ရာသီလာရမယ့်ရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။

လွန်ခဲ့သော 2 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

29.9လပိုင်းကကောင်လေးနဲ့ပထမဆုံးအတူနေမိပါတယ် အကာကွယ်လဲသုံးပါတယ် စိတ်ပူပြီး24နာရီတွင်းတားဆေးသောက်လိုက်မိပါတယ် တပတ်နေတော့ပုံမှန်လာချိန်တိုင်း ရာသီသွေးဆင်းပါတယ် အရင်လိုဗိုက်နာတာ သွေးခဲပါတာမျိုးမရှိပါဘူး စိတ်ပူလို့ပါကိုယ်ဝန်ရှိနိုင်လားရှင့်

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

တားဆေးတွေက သွေးဆင်းမမှန်တာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ကိုစိတ်ပူရင် အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ရာသီလာရမယ့်ရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။

လွန်ခဲ့သော 3 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

Drရှင့်အရင်လက၅ရက်နေ့ကရာသိလာပါတယ်အခုလမလာပါဘူးရှင် စစ်ကြည်တော့လဲမပေါ်ဘူးရှင့် ဘာလို့လဲရှိင် ခလေးမွေးထားတာ၁နှစ်ပြည့်ပါပိ

လွန်ခဲ့သော 4 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

https://hellosayarwon.com/womens-health/menstruation/causes-of-amenorrhoea/

လွန်ခဲ့သော 4 ပတ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

Dr:ရှင့် ကောင်လေးနဲ​့ ရက်ရှောင်ပြီးတူတူနေပါတယ် 1္္္္ရရက်နေ့ဆယ်လပိူငိးမှာတူတူနေပါတယ် 7ရက်နေ့ကသားဥကြွေမဲ့ရက်ပါ အထဲမှာမပီးပါပုးအပြင်မှာပဲပီးတာပါ ကိုယ်ဝန်ရနိူင်လားရှင့်

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ရက်ရှောင်နည်းတွေ၊ အပြင်မှာ ပြီးတာတွေက သိပ်ပြီး စိတ်မချရပါဘူး။ ရာသီလာရမယ့်ရက်ကို ၁ပတ်လောက်ကျော်ရင်တော့ ဆီးစစ်ကြည့်ပါ။

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

Dr. ရှစ်လပိုင်း10 ရယ်နေ့က ဓမတာစလာပီး 15 ရက်နေ့မှာပြီးပါတယ် 22 ရက်နေ့မှာ ကောင်မလးနဲ့အတူနခဲ့မိပါတယ် အဆုံးထိလဲမသွားထားပါပု အပြင်မှာပဲပြီးတာပါ 27.28 ရက်နေ့မှာ အဖြူဆင်းပီးတော့ 29.30.31.1.2.အဲ့ရက်တေမှာ မနက်ပိုင်းစို သွေးအနည်းငယ်ဆင်းပါတယ် ကိုဝန်ကို စိတ်ပူလို့ 9 လပိုင်း 12 ရက်နေ့ အတူနေပီးလို့ 3 ပတ်ပြည့်တဲ့နေ့ အဲ့နေ့မှ ဆီးစစ်ကြိတာ တစ်ကြောင်းပဲပါ်ပါတယ်ဆရာမ 🙏🙏🙏 ခု 9 လပိုင်း 29 ရက်နေ့ရောက်ပီး ဓမတာက ပြန်မလာေသးလို့ပါ ဘာဖြစ်လို့ပါလဲ ဆရာမ🙏🙏🙏

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဖြေပြီးပါပြီ

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
@Dr Htet Htet Zaw Win

ပြီးခဲ့တဲ့၉လပိုင်း14ရက်နေ့ကရာသီစလာပါတယ် 17ရက်နေ့ကပြီးပါတယ် ၂၀ရက်နေ့မှာဆက်ဆံမိပါတယ် စစချင်း၂မိနစ်လောက်အကာအကွယ်မဲ့နေမိပါတယ် နောက်ပိုင်းတော့အကာအကွယ်သုံးပါတယ် ပုံမှန်ရက်20နောက်ပိုင်းဆိုလာတတ်ပါတယ် ခုသရိုးသရီဖြစ်ပြီးလာသလိုခံစားရတာ၂ရက်ရှိနေပေမဲ့မလာသေးလို့ပါ ဆီးစစ်ဖို့တောင် ထွက်ဝယ်ဖို့အိမ်ကသိလို့အဆင်မပြေတဲ့အနေထားမျိုးဖြစ်သွားပြီးကိုယ်တစ်ယောက်ထဲဖြစ်နေလို့အရမ်းစိတ်ပူနေတာပါ အဲ့၂မိနစ်ကအရည်ကြည်ပဲထွက်တာပါပြီးလဲမပြီးပါဖူး ရနိုင်ချေရှိမရှိလေးပြောပြပေးပါရှင့်ဆရာမ

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

https://hellosayarwon.com/womens-health/menstruation/causes-of-amenorrhoea/

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

6.9.24 က ကောင် လေးနဲ့ အတူနေမိပါတယ် မနက်ဘက်အကာအကွယ်လဲသေချာသုံးပါတယ် ညဘက်အကာအကွယ်မပါပဲ ခနလေး နေခဲ့မိပါတယ် ဆေးလဲသာက်ပါတယ်

25 ရက်နေ့ကရာသီလာနေကျရက်ပါ 22 ရက်နေ့လာပါတယ် စစလာချင်း သွေးအနီနဲ့ အဖတ်တွေပါပါတယ်လာတာနဲသွားပါတယ် ညဘက်ကျမလာတာ့ပါဘူး နောက်န့မနက်လာတာက အညိုရောင် ပြောင်းသွားပါတယ် ပီးတဲ့အထိ4 ရက်လုံးအညိုချွဲချွဲတွေနဲနဲစီပဲလာပါတော့တယ် ကျန်တဲ့လက္ခဏာတာ့ ဘာမှမခံစားရပါဘူး အဲ့တာ ကိုယ်ဝန်ရနိုင်လားရှင့်

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

တားဆေးတွေက သွေးဆင်းမမှန်တာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ကိုစိတ်ပူရင် အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ရာသီလာရမယ့်ရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

ပုံမှန်ဆို ရာသီလာတဲ့ပထမရက်က အများဆုံးလာနေကျပါ ခုကတာ်တာ် နဲသွားလို့ပါ Dr.

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆရာရှင့် ကျွန်မက သုံးလခံကာကွယ်ဆးထိုးထားပါတယ် 3.10.2024ကျမှ သုံးလပြည့်မှာပါ ခုရက်တွမှာ သွေးနည်းနည်းဆင်းနေလို့ပါ 23.9နေ့က အမျိုးသားနဲ့ အတူနေပါတယ် ဆက်ဆံနစဉ် သွေးဆင်းပါတယ် ရာသီသွေးလို့မျိုး သွေးခဲတွလဲ ပါပါတယ် အဲ့တာဘာကြောင့်များလဲ ရှင်၊ကိုယ်ဝန်ရော ရနိုင်လား မသိဘူး

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ရံဖန်ရံခါ သွေးဆင်းတာတော့ ဖြစ်တတ်ပါတယ်။

အတူနေတိုင်းသွေးဆင်းရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြပါ။

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆရာရှင့် ၈ လပိုင်းကရာသီကို ၃ ရက်နေ့လာတာပါ ဒီလကိုမလာသေးပါဘူးရှင့် ၈ လပိုင်း ၁၈ ရက်နေ့မှာ ကောင်လေးနဲ့ပွတ်မိသလိုဖြစ်ပါတယ်ရှင့် တခြား sex ကိစတော့တခါမှမလုပ်ပါဖူးဘူးရှင့် ပွတ်တာလည်းအထဲလည်းမဝင်ပါဘူးရှင့်အပေါ်ယံပါရှင့် အခုထိရာသီမလာသေးတော့ကိုယ်ဝန်ရှိနေတာလားရှင့် ဆိုင်လားတော့မသိပင်မဲ့ ၈ လပိုင်း ၂၈ ရက်နေ့မှာဖျားပြီး allegric တွေထွက်ပါတယ်ရှင့် ၉ လပိုင်း ၁၂ ရက်နေ့လောက်မှာ စိတ်ညစ်စရာတခုရှိလို့ အရမ်းငိုမိပါတယ်ရှင့် ။

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆီးစစ်ကြည့်လိုက်ပါ။ မရှိရင် ဘာမှလုပ်စရာမလိုပါ။

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဆရာ အရင်လ 23ရက်နေ့ကအတူတူေနမိပါတယ်CD တော့မသုံးမိပါဘူး အ ရေး ပေါ်တား ဆေးေသာက်ပါတယ် အခုချိန်ထိ ရာသီမလာေသးလို့ပါ အက်တာ ကိုယ်ဝန်ရှိနေတာလားဆရာ စစ်ကြည့်တော့လဲ တစ်ကြောင်းပဲ ပြပါတယ် ဖြေပေးပါအုံးဆရာ

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။

လွန်ခဲ့သော တစ်လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။
မှတ်ချက် 193ခုကို ဆက်ကြည့်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်