ရာသီလာခြင်း
Overseas ထွက်ရက်နီးနေလို့ အရင်ရာသီလာတဲ့ရက်က လကုန်ခါနီးဆိုတော့ ရာသီလာတာကို ရက်ရွှေ့လို့ရတဲ့ နည်းလမ်းလေးများရှိရင် ပြောပေးလို့ရမလားရှင်။ side effects မရှိပဲ ဘယ်လိုလုပ်လို့ရမလဲ သိချင်လို့ပါ။အဲလိုရာသီလာတဲ့ရက်ကိုရွှေ့ရင် ဝိတ်ရော တက်လာနိုင်လား သိချင်လို့ ပြောပေးပါဦးရှင့်။

















တားဆေးကတ်သောက်လို့ ရပါတယ်
ဆက်တိုက်သောက်သွားပြီး လာလို့ရပြီဆိုတဲ့အချိန်ကျရင် ရပ်လိုက်ပါ
ရာသီရက်က ရွှေ့တိုင်းလည်း ရွေ့ချင်မှ ရွေ့တာပါ။ သဘာဝနည်းလမ်းနဲ့ပဲ ဖြစ်ဖြစ်၊ ဆေးသောက်ပြီးပဲ ဖြစ်ဖြစ် တစ်ခါတစ်လေ မအောင်မြင်ဘဲ သူ့ရက်နဲ့သူ လာသွားတာမျိုး ရှိပါတယ်။ ဒါပေမယ့် ဒါဟာ လူနည်းစုပါ။
ရာသီရက် အပြောင်းအလဲ ဖြစ်နိုင်တယ်။ ဆိုလိုတာက သွေးထဲမှာ ဟော်မုန်း အပြောင်းအလဲ ဖြစ်သွားတာကြောင့် ရာသီရက် စောတာ၊ နောက်ကျတာမျိုးတွေ ဖြစ်တတ်ပါတယ်။
ရာသီတစ်ခုနဲ့ တစ်ခုကြားမှာ ကြားဖောက်သွေးဆင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါတွေက ခဏပါပဲ။